ခါး ကုန်းကုန်းနဲ့ လက်ပျဉ်ကိုင်းကာ စမတ်မကျတဲ့ ခန္ဓာကိုယ် အနေအထား ကို ဘယ်သူကမှ မလိုချင်ကြပါဘူး။ ကွီးတို့လည်း ကိုယ့်ရဲ့ ခါး ကို မတ်မတ်ထားပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် ပြုပြင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်ရန် ရှောင်ရန်များကို လိုက်နာကျင့်သုံးနိုင်ပါတယ်။
ကိုယ့်ရဲ့အလုပ်စားပွဲနှင့် ထိုင်ခုံကို အနေအထားပြောင်းပါ

ကိုယ့်အလုပ်စားပွဲနဲ့ ထိုင်ခုံအနေအထားက မှန်ရဲ့လား ဆိုတာ စစ်ဆေးပါ။ တခါတရံမှာ ထိုင်ခုံက အရမ်းမြင့်လွန်းတဲ့အခါ ပုခုံးကို ကိုင်းပြီး အလုပ်လုပ်ရတတ်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ ခါးနှင့် ပုခုံးရဲ့ ခန္ဓာကိုယ် အနေအထား သည် လွဲသွားတတ်ပါတယ်။ အမြန်ဆုံး ပြန်ပြင်လိုက်ပါ။
ရေကူးအားကစားသည် ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် ကူညီပေးပါတယ်

ရေကူးခြင်းသည် ပုခုံးနှင့် ခါးရှိ အကြောအချဉ်များကို ပြေစေပြီး ခန္ဓာကိုယ် အနေအထားမှန်ကန်အောင် ကူညီပေးနိုင်ပါတယ်။ တစ်နေ့လျှင် နာရီဝက်ခန့်၊ တစ်ပတ် ၂ ရက်၊ ၃ ရက်ခန့် ရေပုံမှန်ကူးပေးပါက စမတ်ကျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဇက်ကြီး ငုံ့ပြီး ဖုန်းသုံးခြင်းကို ရှောင်ကြဉ်ပါ

ဖုန်းသုံးတဲ့အခါ ခေါင်းငိုက်စိုက်ပြီး သုံးခြင်းသည် ဇက်ကို ညောင်းညာကိုက်ခဲစေတဲ့အပြင် ခန္ဓာကိုယ်အနေအထားကိုလည်း ပျက်ယွင်းစေပါတယ်။ ထိုအခြေအနေမျိုးမှ ရှောင်ကြဉ်ချင်တယ်ဆိုရင်တော့ ဖုန်းသုံးတဲ့အခါ မျက်နှာကို တည့်တည့်မတ်မတ်ထားပြီး မျက်နှာရှေ့တည့်တည့်မှာ ဖုန်းသုံးဖို့ပါပဲ လိုပါတယ်။
လမ်းလျှောက်တဲ့အခါ

လမ်းလျှောက်တဲ့အခါမှာလည်း ငိုက်စိုက် ငိုက်စိုက်ဖြင့် မလျှောက်ဘဲ မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိဖြင့် ရင်ကို ဖွင့် ခါးကို မတ်ထားကာ လမ်းလျှောက်သင့်ပါတယ်။ ဒါမှ သင့်ရဲ့ပုံစံသည် စမတ်ကျတဲ့အမျိုးသားတစ်ယောက်အသွင် ပေါက်မှာပါ။
လေ့ကျင့်ခန်းပြုလုပ်ပြီး ပြောင်းလဲနိုင်ပါတယ်

ခါးကုန်းခြင်း၊ လက်ပျဉ်ကိုင်းခြင်းတို့မှ ရှောင်ကြဉ်ဖို့အတွက်ဆိုတော့ လေ့ကျင့်ခန်းပြုလုပ်ပြီးလည်း ပြုပြင်နိုင်ပါတယ်။ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုကတော့ Plank ထောက်ခြင်းလေ့ကျင့်ခန်းပါပဲ။ တစ်နေ့လျှင် ၅ မိနစ်ခန့် Plank ထောက်ပေးခြင်းအားဖြင့်လည်း ခန္ဓာကိုယ်အနေအထားကို စမတ်ကျကျ အနေအထားဖြင့် ပြောင်းလဲနိုင်ပါတယ်။
Source: Realmenrealstyle
Featured Image: Healthline
