အခုဆိုရင် ၂၀၂၄ ခုနှစ်ထဲသို့ ဝင်ရောက်လာတာ ဇန်နဝါရီလကုန်ဆုံးပြီး ဖေဖော်ဝါရီလထဲသို့ ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။ တစ်နှစ်ပြီး တစ်နှစ်မှာလည်း နည်းပညာများက တဖြည်းဖြည်း တိုးတက်လာတာကလည်း ကွီးတို့ မျက်မြင်ပါပဲ။ အိမ်ကြမ်းတိုက်တာတွေကအစ စမတ်ပစ္စည်းတွေနဲ့သာ အသုံးပြုကြသည်အထိ ခေတ်မီတိုးတက်လာနေတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ခေတ်မီ ပစ္စည်း တွေကလည်း တစ်မျိုးပြီး တစ်မျိုး ထွက်ရှိလာပြီး စမတ်ကျကျ အိမ်တစ်လုံး ဖန်တီးချင်တဲ့ ကွီးတို့အတွက်တော့ ပစ္စည်းတိုင်းက ဝယ်ချင်စရာကြီးပါပဲ။
ရောင်းအား မြင့်မားနေပြီး ခေတ်မီ တဲ့ နောက်ဆုံးပေါ် ပစ္စည်း တွေကတော့ အခုဖော်ပြပေးမယ့် ပစ္စည်းများပဲ ဖြစ်ပါတယ်။
(၁) Amazon Echo (4th Gen)
တစ်အိမ်လုံး ဟိန်းနေအောင် သီချင်းနားထောင်ချင်တဲ့ ကွီးတို့အတွက်တော့ Amazon Echo (4th Gen) စပီကာ ပစ္စည်းကောင်းလေး ရှိပါတယ်။ ဝယ်ယူသင့်တဲ့ အကြောင်းအရင်းကတော့ သူ့ရဲ့ ဒီဇိုင်းနဲ့ ကွာလတီကြောင့်ပဲ ဖြစ်ပါတယ်။ အလုပ်လုပ်နေရင်း အေးအေးလူလူ သီချင်းနားထောင်ချင်တဲ့ ကွီးတို့အတွက် ဝယ်သင့်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၉၉ ဒေါ်လာ ကုန်ကျမှာပဲ ဖြစ်ပါတယ်။
(၂) Philips Hue Color Ambience
နောက်ထပ် ပစ္စည်း အလန်းစားလေးကတော့ Philips Hue Color Ambience ပဲဖြစ်ပါတယ်။ Voice Assistant လည်း ပါဝင်တဲ့အတွက်ကြောင့် အသံနဲ့ မီး အဖွင့် အပိတ်လုပ်လို့ရတာကတော့ ရှယ်ပါပဲ။ တပ်ဆင်ရလည်း လွယ်ကူပြီး အိမ်တွင်း အလှဆင်ရာမှာလည်း အသုံးတည့်တဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။
(၃) Ring Indoor Cam (2nd Gen)
ရက် ၁၈၀ စာ ဗွီဒီယို မှတ်တမ်းများကို သိမ်းဆည်းထားပေးနိုင်ပြီး 1080p HD ကွာလတီနဲ့ သိမ်းပေးထားတာပဲ ဖြစ်ပါတယ်။ ညဘက်မှာလည်း ပြတ်ပြတ်သားသား မှတ်တမ်းတင်ပေးထားနိုင်တာကြောင့် ကွီးတို့အိမ်ပတ်ဝန်းကျင် လုံခြုံရေးအတွက် စိတ်ချရတဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၉ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။
(၄) Eve Energy
နောက်ထပ် လူကြိုက်များတဲ့ ခေတ်မီ နောက်ဆုံးပေါ် ပစ္စည်း ကတော့ Eve Energy လို့ခေါ်တဲ့ စမတ် ပလပ်ပေါက်ပဲ ဖြစ်ပါတယ်။ Voice Assistant ဖန်ရှင်ပါဝင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပြီး တပ်ဆင်ရလည်း လွယ်ကူတဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ ဒေါ်လာ ၇၂ ဒေါ်လာ ကုန်ကျမှာ ဖြစ်ပါတယ်။
(၅) Arlo Video Doorbell
ဒီအဆင့်မြင့် ဗွီဒီယို တံခါးဘဲလ်လေးကတော့ ရုပ်ထွက်ပိုင်းကလည်း ရှယ်မိုက်ပါတယ်။ မှတ်တမ်းပိုင်းအနေနဲ့ကတော့ ရက် ၃၀ စာ သိမ်းဆည်းပေးထားနိုင်ပါတယ်။ အရောင်ဆိုရင်တော့ အနက်ရောင်၊ အဖြူရောင် ဆိုပြီး နှစ်ရောင် လာပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ကုန်ကျမှာဖြစ်ပါတယ်။
(၆) August Smart Lock Pro
နောက်ဆုံးပေါ် အဆင့်မြင့် တံခါးလော့ခ်မျိုး လိုချင်တယ်ဆိုရင်တော့ August Smart Lock Pro ကို ရွေးချယ်သင့်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၂၉ ၊ ၁၃၀ ဝန်းကျင် ကုန်ကျမှာပဲ ဖြစ်ပါတယ်။ အသံပိုင်းနဲ့ အမိန့်ပေးပြီး တံခါး အဖွင့်အပိတ် လုပ်နိုင်တဲ့အတွက်ကြောင့် ကွီးတို့ ရွေးချယ်သင့်တဲ့ နောက်ဆုံးပေါ် ထဲမှာလည်း တစ်ခုအပါအဝင်ပါပဲ။
ကွီးတို့ အိမ်မှာရော ဘယ်လို နောက်ဆုံးပေါ် ပစ္စည်းတွေက နေရာယူထားပါသလဲ။
Source: Techradar
Featured Image: Cityfurnish