ခေါင်းကိုက်တဲ့ ဝေဒနာက တခြားဝေဒနာတွေထက် ခံရတာဆိုးပါတယ်။ ဘာမှစဉ်းစားလို့ မရသလို အလုပ်လည်းမတွင်ဘဲ ဖြစ်နေတက်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တဲ့ ရောဂါရှိသူမဟုတ်ဘူး (သို့) ခေါင်းကိုက်ရောဂါရှိတဲ့ သူမဟုတ်ဘူးဆိုရင် မကြာခဏ ခေါင်းကိုက်သလို ဖြစ်နေတာကို လျှော့ချနိုင်ပါတယ်။ ဒီဆောင်းပါးမှာ ခေါင်းကိုက် ရောဂါမရှိပဲနဲ့ မကြာခဏ ခေါင်းကိုက် သလိုဖြစ်နေရတဲ့ အကြောင်းအရင်းတွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) သွေးပေါင်ချိန် များနေခြင်း
Photo : Healthing
သွေးပေါင်ချိန် မြင့်တက်နေတာကြောင့် ခေါင်းကိုက် တာမျိုး ဖြစ်တတ်ပါတယ်။ ဦးခေါင်းတွင်း ဖိအားမြင့်တက် လာတာကြောင့်ပါ။ ဒါပေမယ့် ဆေးသောက်ပြီး ၊ နေ့စဉ်ဘဝနေထိုင်မှုပုံစံ ပြောင်းလဲလိုက်ရင် ဒီလိုခေါင်းကိုက်တာမျိုးဟာ ပျောက်ကွယ်သွားမှာပါ။
(၂) စိတ်ဖိစီးမှု ခံစားရခြင်း
Photo : Men’s Health
စိတ်ဖိစီးမှုက လည်ပင်းနဲ့ပခုံးကြွက်သားတွေကို တောင့်တင်းလာစေပါတယ်။ ဒီလိုဖြစ်ဖန်များလာရင် ခေါင်းကိုက် ဝေဒနာကို ခံစားရတက်ပါတယ်။ ယနေ့ခေတ်လူ့အဖွဲ့အစည်းမှာ စိတ်ဖိစီးမှုဟာ နေ့စဉ်ရှိနေတဲ့ ကိစ္စလိုဖြစ်နေတာကြောင့် ကြီးမာတဲ့ သက်ရောက်မှုမျိုး မရှိအောင် နေထိုင်ဖို့ လိုပါတယ်။
(၃) အိပ်မပျော်ခြင်း
Photo : Pzizz App
အိပ်ရေးပျက်ခြင်းဟာ အရာရာတိုင်းကို ဖျက်စီးမှာပါ။ နေ့စဉ်ရက်ဆက် ခေါင်းကိုက်သလို ဖြစ်နေတာဟာ အိပ်မပျော်တဲ့ရက်တွေ ညစဉ်ရက်ဆက်လာတာကြောင့်ပါ။ အနားမရတဲ့ ကြွက်သားတွေဟာ တင်းတောင့် ကိုက်ခဲလာတတ်ပါတယ်။ အိပ်မပျော်ခြင်းဟာ စိတ်ဖိစီးတဲ့ ဟော်မုန်းတွေကိုလည်း ထုတ်လုပ်ပြီး ခေါင်းကိုက် စေပါတယ်။
(၄) ဖုန်းအသုံးပြုတာများခြင်း
Photo : Transport NSW
တစ်နေကုန် ဖုန်းကိုပဲ အမြဲကုန်းကြည့်နေတာကြောင့် ဖြစ်ပါတယ်။ လည်ပင်းပေါ်သက်ရောက်လာတဲ့ ဖိအားတွေကြောင့်သာမကဘဲ မျက်လုံးရဲ့ ညောင်းညာမှုကြောင့်ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်က ထွက်တဲ့ရောင်ခြည်နဲ့ ခန္ဓာကိုယ် ပုံစံမမှန်ဘဲ ဖုန်းအသုံးပြုနေတဲ့ ပုံစံတွေကြောင့်ပါ။
(၅) ခံတွင်းမှာ ပြဿနာရှိခြင်း
Photo : MedicalNewsToday
သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကြောင့်ပါ။ ခေါင်းထိပ်တည့်တည့်က ကိုက်နေတာမျိုး ဖြစ်တတ်ပါတယ်။ သွားပြဿနာ ရှိနေတယ်ဆိုရင်တော့ ဒီလိုမျိုး ဖြစ်တတ်ပါတယ်။ ခေါင်းကိုက်တာဟာ ကြာနေတယ်ဆိုရင် သွားနဲ့ခံတွင်းဆိုင်ရာ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
Source : Harvard Health
Featured Photo : Regional Neurological Associates