အမျိုးသား ထုကြီးတစ်ရပ်လုံးအတွက် ခေါင်းပေါ်မှာ ဗောက်ထနေခြင်းက လူဘုံအလယ်မှာ အရှက်ရစရာ ကိစ္စကြီးတစ်ခု လိုပါပဲ။ ခေါင်း ပေါ်မှာ ဗောက် တွေ ဗရပွနဲ့ဆိုရင် ကွီးတို့ အနားမှာ ဘယ်စကီလေးမှ မကပ်ဘဲ အ ဝေး ဆုံးသို့ ပြေးထွက်သွားမှာ အမှန်ပါပဲ။ အထူးသဖြင့် အင်္ကျီ အနက်ရောင် (သို့) အရောင် ရင့်ရင့် အဝတ်အစားတွေ ဝတ်ဆင်တဲ့အခါမှာ ထင်းခနဲ လင်းခနဲ ဖြစ်နေတာကြောင့် ကွီးတို့ ပိုလို့တောင် စိတ်ညစ်နေရပါလိမ့်မယ်။​

ဗောက်ထတတ်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်း

aloe vera

ကွီးတို့အတွက် အထိရောက်ဆုံးနဲ့ လွယ်ကူ ရိုးရှင်းပြီး ဈေးလည်း မကြီးတဲ့ အိမ်တွင်း ကုသနည်းတစ်ခု ရှိပါတယ်။ ထိုကုသနည်းကတော့ ရှားစောင်းလက်ပတ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်သည် ကွီးတို့ ခေါင်းပေါ်မှာ ဗောက်ကြောင့် ယားယံခြင်းကို သက်သာစေပြီး ဗောက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။

နောက်ထပ် နည်းလမ်းကောင်းတစ်ခု

ခေါင်း ဗောက် ဝေး

ခေါင်း ပေါ်က ဗောက် တွေကို ဝေး ဝေး ပြေးသွားအောင် ကူညီပေးမယ့် နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ သံပုယိုရည် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

ခေါင်းလျှော်တိုင်းမှာ သံပုယိုရည်လေး တစ်စက်၊ နှစ်စက်ခန့် အသုံးပြုပြီး ခေါင်းလျှော်ပေးမယ် ဆိုရင်တော့ ဦးရေပြားပေါ်က မှိုတွေကို ဖယ်ရှားပေးပြီး ဆဲလ်သေများ စုပုံခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဗောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ သံပုယိုရည်ကြောင့် ဆံသားက တောက်ပြောင်လာပါလိမ့်မယ်။

ထပ်ခါတလဲလဲ ဗောက်ထခြင်းကို ဘယ်လို ပျောက်ကင်းအောင် လုပ်မလဲ

ခေါင်း ဗောက် ဝေး

ဗောက်ထလို့ စောစောက ဖော်ပြခဲ့တဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ပြီးပါရဲ့။ ဗောက်လည်း ပျောက်သွားပါရဲ့။ ဒါပေမဲ့ ပြန်ပြန်ဖြစ်နေရတာမျိုးကို ကြုံတွေ့နေရပါသလား။ ဒီလို ကြုံတွေ့ရခြင်းက ကွီးတို့သည် အကြာကြီးနေမှ သတိရလို့ တစ်ခါပဲ ကောက်ပြီး ခေါင်းလျှော်တာမျိုး လုပ်နေပါသလား။

ဒါဆိုရင်တော့ ကွီးတို့ရဲ့ ဦးရေပြားမှာ အဆီတွေ စုပုံလာပြီး ယားယံခြင်းတွေ ဖြစ်ပေါ်ကာ ဦးရေပြားမှာ မှိုကပ်စွဲပြီး ဗောက်ထလာပါလိမ့်မယ်။ တကယ်လို့ ကွီးတို့က နေ့တိုင်း ခေါင်းလျှော်ရင်လည်း ဦးရေပြား ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဗောက် မြန်မြန် ပျောက်ချင်လို့ ခေါင်းလျှော်မယ်ဆိုရင်လည်း ကိုယ်သုံးတဲ့ ခေါင်းလျှော်ရည်က နေ့စဥ် အသုံးပြုဖို့အတွက် ထုတ်ထားတာ ဟုတ်ရဲ့လားဆိုတာကို သေချာ ဆန်းစစ်ပြီးမှ အသုံးပြုသင့်ပါတယ်။

ဒါ့အပြင် ကွီးတို့ရဲ့ ဆံပင်ကို ခေါင်းလိမ်းဂျယ်လ်များ စပရေးများ အသုံးပြုပြီး မကြာခဏ ဆံပင်ပုံသွင်းလေ့ရှိရင်လည်း ဗောက်ထတတ်တယ်ဆိုတာကို မမေ့ပါနဲ့။

ကွီးတို့ရော ကိုယ့်ဆံကေသာက ဘာ့ကြောင့် ဗောက်ထရသလဲဆိုတာကို သိကြရဲ့လား။

Source: Headandshoulders.co.in

Featured Image: Manual