အမျိုးသား အများစုကတော့ လိင်စိတ်နိုးကြားမှု ပိုကောင်းဖို့ ၊ အတူနေချိန်မှာ စွမ်းဆောင်ရည်ကောင်း ပြနိုင်ဖို့ အယ်လ်ကိုဟော အနည်းငယ် မှီဝဲလေ့ ရှိကြပါတယ်။ အရက်ကို ဆေးဖြစ်ဝါးဖြစ် သောက်တာက ပြဿနာမရှိပေမယ့် လစ်မစ်ကျော်ပြီး အလွန်အကျွံ သောက်မယ်ဆိုရင်တော့ ကွီးတို့ရဲ့ လိင်မှုဘဝကို အကြီးအကျယ် ဒုက္ခ ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ အရက်အလွန်အကျွံ သောက်ခြင်းက ကွီးတို့ရဲ့ လိင်မှုဘဝကို ဘယ်လိုဆိုးကျိုး ဖြစ်စေနိုင်လဲဆိုတာ ပြောပြပေးပါမယ်။

(၁) လိင်တံ ထောင်မတ်နိုင်ဖို့ ခက်မယ်

Getting Hard May Be A Problem

Photo : Michael Rotman, MD

” Whiskey Dick ” ဆိုတဲ့ အခေါ်အဝေါ်ကို ကွီးတို့ ကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ် အရက်အလွန်အကျွံ သောက်သုံးတာဟာ ကွီးတို့ရဲ့ လိင်တံထောင်မတ်မှုကို ကောင်းကောာင်းကြီး ဒုက္ခ ပေးနိုင်ပြီး လိင်အင်္ဂါ ချို့ယွင်းမှု ပြဿနာ ဖြစ်စေနိုင်ပါတယ်။ အရက်ဟာ လိင်တံထောင်မတ်မှုအတွက် အရေးပါတဲ့ ဦးနှောက်အတွင်းက အာရုံခံစနစ်တွေကို ပျက်စီးစေတာကြောင့် လိင်တံ ကောင်းကောင်း ထောင်မတ်မှု မရှိတာ ၊ ပန်းသေပန်းညိုး ပြဿနာတွေကို ဖြစ်စေနိုင်တာ ဖြစ်ပါတယ်။

(၂) သုတ်လွှတ်မြန်မယ်

Unpredictable Ejaculations

Photo : Pacific Pain Free

ဝိုင်ကဲ့သို့ အယ်လ်ကိုဟောတွေဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေပြီး လိင်ဆက်ဆံရာမှာ ပျော်ရွှင်ကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ သို့သော်လည်း အရက်ကို အလွန်အကျွံ သောက်မိနေတယ် ဆိုရင်တော့ သုတ်လွှတ်မှုမှာ ဒုက္ခ ကြီးကြီးတွေ့နိုင်ပါတယ်။ အရက်ကို ပုံမှန်သောက်ဖြစ်သူတွေ ၊ အလွန်အကျွံ သောက်သုံးသူတွေမှာ ပုံမှန်ထက် သုတ်လွှတ်ချိန်ပိုမြန်တာ ဒါမှမဟုတ် သုတ်လွှတ်ဖို့ ကြာတာ စတာတွေ ကြုံရနိုင်ပါတယ်။

(၃) ကျားဟော်မုန်း ကျလာမယ်

Lowers Your Testosterone

Photo : Proactive Men’s Medical Center

အရက်ကို အလွန်အကျွံသောက်ပြီဆိုတာနဲ့ ကွီးတို့ ခန္ဓာကိုယ်မှာ ဆိုးကျိုးသက်ရောက်မှုတွေ အများကြီး ရှိလာပါလိမ့်မယ်။ သေချာတာကတော့ ကွီးတို့ရဲ့ အသည်း ၊ သွေးပေါင်ချိန်နဲ့ နှလုံး ကျန်းမာရေးတွေကို ထိခိုက်စေနိုင်ပြီး အမျိုးသားတွေအတွက် အရေးကြီးတဲ့ တက်စတိုစတီရုန်း (Testosterone ) ကျားဟော်မုန်း ပမာဏလည်း ကျဆင်းလာမှာ ဖြစ်ပါတယ်။ ကျားဟော်မုန်း ကျဆင်းတာဟာ လိင်စိတ်နိုးကြားမှု ၊ လိင်မှုစွမ်းဆောင်ရည်နဲ့ သုတ်ပိုးအရည်အသွေးတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။

အရက်က အမျိုးသားတွေရဲ့ လိင်တံအရွယ်အစားကို ကျုံ့သွားစေနိုင်သလား ?

 Alcohol
Photo : Health

အရက်ကြောင့် လိင်တံ အရွယ်အစားကို ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းဟာ အမျိုးသားတွေကြားမှာ အမေးများတဲ့ မေးခွန်းတွေထဲက တစ်ခုပါ။ တကယ်တော့ အရက်သောက်ခြင်းဟာ ကွီးတို့ရဲ့ လိင်တံကို ကျုံ့သွားစေနိုင်တယ်ဆိုတာ မှားယွင်းနေတဲ့ အရပ်ပြောစကားတစ်ခုပဲ ဖြစ်ပါတယ်။ ယခုအချိန်အထိ အဆိုပါ ပြောဆိုချက်တွေကို သက်သေပြနိုင်မယ့် သိပ္ပံနည်းကျ အထောက်အထားတွေ မရှိသေးပါဘူး။ ဒါပေမယ့် အရက်အလွန်အကျွံသောက်သုံးတာဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ် အလုံးစုံကျန်းမာရေးအပြင် လိင်တံ ကျန်းမာရေးနဲ့ လိင်မှုဘဝကျန်းမာရေးအပေါ် ကျိုးဆိုးများစွာ သက်ရောက်မှုရှိစေတယ် ဆိုတာကတော့ အမှန်တရား ဖြစ်ပါတယ်။

Source : MensXP

Featured Photo : Hope Trust