“ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် ချစ်နေရလိမ့်မယ်။ မဟုတ်ရင် သေကြရလိမ့်မယ်”ဆိုတဲ့ W.H. Auden ရဲ့ ကဗျာထဲက စာသားလိုပါပဲ။ လူတွေဟာ ချစ်ခြင်းမေတ္တာ နဲ့ အစေးကပ်မှုမရှိရင် ထိခိုက်နာကျင်စရာ ကြေကွဲဖွယ်ကမ္ဘာကြီးကို ဖန်တီးဖို့ ဦးတည်နိုင်ပါတယ်။ ချစ်တယ်ဆိုတာ တစ်ခါတလေ သရုပ်သကန်ကို ထုတ်ပြန်,ညွှန်းသ, ကာယကံမြောက် ဖော်ပြဖို့လည်း လိုသေးပါတယ်။ ကိုယ်ချစ်ရတဲ့ သူတွေကို ချစ်တဲ့အကြောင်း စကားနဲ့ ပြောပြတာမျိုး မဟုတ်ဘဲ ရိုးရိုးရှင်းရှင်းအပြုအမူလေးတွေနဲ့လည်း ပြောနိုင်ပါတယ်။

(၁) အမှတ်တရကတ်နဲ့ လက်ဆောင်လေးတွေ ပို့ပေးပါ

Gift Box

Photo : Pexels

သတိတရရှိကြောင်းကို တန်ဖိုးထားရတဲ့ လက်ဆောင်လေးတွေ ကမ်းပြီး တစ်ဖက်လူသိအောင် လုပ်လို့ ရပါတယ်။ တစ်ခါတလေမှာ ပိုစကာကတ်လေးတွေ ၊ ကိုယ့်လက်နဲ့ ဖန်တီးထားတဲ့ အမှတ်တရပစ္စည်းလေးတွေ ၊ ပန်းစည်းလေးတွေ ပို့ပေးတာက စကားအခွန်းပေါင်းများစွာထက် တစ်ဖက်လူနှလုံးသားကို ပိုပြီး ထိခိုက်လွယ်စေနိုင်ပါတယ်။

(၂) အရသာရှိတဲ့ ဟင်းတွေ ချက်ကျွေးပါ

Barbecue

Photo : Pexels

ချစ်ခြင်းနဲ့ အလေးထားမှုအကြောင်း စကားမဲ့ဖော်ပြမှုတွေထဲမှာ ဟင်းလျာတွေ ကိုယ်တိုင်အထူးစီမံချက်ပြုတ်ကျွေးတာလည်း တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ စားရခဲတဲ့ မုန့်လေးတွေ ကိုယ်တိုင်လုပ်ပြီး ကျွေးတာ ၊ အရသာရှိတဲ့ ဟင်းတွေနဲ့ တည်ခင်းဧည့်ခံတာမျိုးနဲ့လည်း ချစ်တဲ့အကြောင်း ဖော်ပြနိုင်ပါတယ်။ အစားကောင်းကြိုက်တဲ့ မိတ်ဆွေ ၊ မိသားစုဝင်နဲ့ ချစ်သူတွေအဖို့တော့ အမှတ်ရစရာအနေနဲ့ရော ကြည်နူးစရာတစ်ခုအနေနဲ့ပါ ရင်ထဲ ထင်ကျန်ရစ်ခဲ့မှာပါ။

(၃) သူတို့စိတ်ဝင်စားတဲ့အရာတွေကို မေးမြန်းပါ

couple

Photo : Pexels

လူတွေဟာ အချင်းချင်း စိတ်ဝင်စားမှုချင်းတူတယ်လို့ ထင်ရင် ပိုပြီး ရင်းနှီးလွယ်ပါတယ်။ တစ်အိမ်တည်းနေပေမယ့် တစ်ယောက်နဲ့တစ်ယောက် အကြိုက်မတူ ၊ ဝါသနာမတူဘူးဆိုရင် တကယ်ရင်းနှီးဖို့ ခက်ပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို သူတို့ ဘယ်လိုကိစ္စမျိုး စိတ်အားထက်သန်မှုရှိသလဲ ၊ စိတ်ဝင်စားတတ်သလဲ သိအောင်လုပ်ပြီး အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတာ အတူတူ Participate လုပ်တာမျိုး လုပ်နိုင်ပါတယ်။

Featured Photo : lifehack