ချစ်တင်းနှော နေစဥ် ကူးစက် တတ်တဲ့ ရောဂါများကို ခွဲခြမ်း စိတ်ဖြာ ကြည့်လိုက်မယ်ဆိုရင် STIs နဲ့ STDs တို့သည် မတူညီကြဘူးဆိုတာကို သိသွားပါလိမ့်မယ်။ လူတော်တော်များများကတော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ ဆိုပြီးတော့ တစ်ခုတည်းလို့ပဲ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ သူတို့ နှစ်ခုကြား ကွဲပြားခြားနားချက်တွေ ရှိနေပါသေးတယ်။ ဘာတွေဖြစ်မလဲဆိုတာ သိချင်ရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို အဆုံးထိ ဆက်ဖတ်ကြည့်လိုက်ပါ။

အရှင်းဆုံး ပြောရမယ်ဆိုရင်

STIs vs STDs

STIs ကတော့ Sexually Transmitted Infections လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုး ဖြစ်ပြီး STDs ကတော့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါ ပဲဖြစ်ပါတယ်။

သူတို့နှစ်ခုကြားက ဘာကွာခြားသွားသလဲ

STIs vs STDs

ရောဂါပိုးဆိုတာကတော့ ပထမအဆင့် ဖြစ်ပြီး ရောဂါ အဆင့် မရောက်ခင် ပထမအဆင့်ပဲ ဖြစ်ပါတယ်။ STIs အဆင့်မှာတော့ ရောဂါ လက္ခဏာ မပြသေးပါဘူး။ ဘာဆိုဘာမှကို ခံစားရမှာ မဟုတ်ပါဘူး။ STDs အဆင့် ရောက်မှသာလျှင် ရောဂါ လက္ခဏာများ စတင်ပေါ်ပေါက်လာတာပဲ ဖြစ်ပါတယ်။

ရောဂါပိုးက ဘယ်လိုကနေ ဘယ်လိုကူးစက်သွားတာလဲ

ချစ်တင်းနှော ကူးစက် ခွဲခြမ်း

ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်များက ကွီးတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီး တဖြည်းဖြည်း ပွားများလာရာကနေ အစပြုလာတာပဲဖြစ်ပါတယ်။ တချို့ ရောဂါပိုးများကတော့ အရေပြားချင်း ထိတွေ့ရာကနေ ကူးစက်တတ်ပြီး တချို့ကျတော့လည်း ခန္ဓာကိုယ်တွင်းရှိ အရည်များ၊ ဥပမာ သွေး၊ လိင်အင်္ဂါမှ ထွက်သော အရည်များ အစရှိတဲ့ ခန္ဓာကိုယ် အရည်ကနေတဆင့် ကူးစက်တတ်ပါတယ်။

ထိုရောဂါပိုးများက ခန္ဓာကိုယ်တွင်းရှိ ဆဲလ်များကို ဖျက်ဆီးလိုက်ရာကနေ တဆင့် ရောဂါ လက္ခဏာများ စတင် ပြသလာတာပဲ ဖြစ်ပါတယ်။ ထိုကနေတဆင့် ဒုတိယအဆင့်ဖြစ်တဲ့ STDs ရောဂါ အဆင့် ကူးပြောင်းသွားတာပဲ ဖြစ်ပါတယ်။

ရောဂါတိုင်းက STIs ရောဂါပိုး အဆင့်ကနေ STDs အဖြစ် ကူးပြောင်းသွားကြတာလား

ချစ်တင်းနှော ကူးစက် ခွဲခြမ်း

မဟုတ်ပါဘူး။ တချို့ STIs ရောဂါပိုးတွေကျတော့ STDs အဖြစ် မပြောင်းလဲပါဘူး။ ဥပမာ ပြောရရင်တော့ HPV ကိုပဲ နမူနာ ကြည့်ကြည့်လိုက်ပါ။ HPV ကလည်း ရောဂါပိုး အဆင့်ဖြစ်ပြီး အခြားသော ရောဂါအဆင့်များအထိ ရောဂါ ကျွမ်းမသွားစေဘဲ​ ကုသမှု ခံယူပါက ပျောက်ကင်း သက်သာသွားတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ရောဂါပိုးက သူ့အလိုလို မပျောက်ကင်းဘူးဆိုရင်တော့ လိင်အင်္ဂါ ကြွက်နို့ရောဂါနဲ့ အခြားသော ကင်ဆာ ရောဂါများအထိပါ ခံစားရစေနိုင်ပါတယ်။

ဘယ်အချိန်မှာ ရောဂါ စစ်ဆေးမှု ခံယူသင့်သလဲ

ချစ်တင်းနှော ကူးစက် ခွဲခြမ်း

  • ကွီးတို့က ကွီးတို့ ပါတနာနဲ့ အကာအကွယ်မဲ့ ချစ်တင်းနှောမိပြီးတဲ့အခါ
  • ပါတနာ တစ်ယောက်ထက် ပိုတဲ့ ချစ်တင်းနှောမှုမျိုး ဖြစ်ပေါ်လာတဲ့အခါ
  • ပါတနာ အသစ်နဲ့ ချစ်တင်းနှောဖို့ အစီအစက် ရှိတဲ့အခါ
  • ကိုယ့်ကိုယ်ကိုယ STIs ရောဂါပိုး ကူးစက် ခံရပြီလို့ သံသယ ဝင်တဲ့အခါ
  • ဆေးထိုးအပ်များကို မျှဝေ သုံးစွဲတဲ့အခါ

အထက်ပါ အခြေအနေမျိုးနဲ့ ကြုံတွေ့ရရင်တော့ ဆေးစစ်မှုကို ခံယူပြီး လိုအပ်ပါက ကုသမှု ခံယူသင့်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော ပြီးနောက် ကူးစက် တတ်တဲ့ ရောဂါများကို သေချာ ခွဲခြမ်း စိတ်ဖြာ ဖူးပါသလား။

Source: Healthline

Featured Image: Getmegiddy.com