ကွီးတို့ရဲ့ ရှော်တီလေးနဲ့ ဖဲမွေ့ရာထက်မှာ ချစ်တင်းနှော ခြင်း အနုပညာသည် လွယ်မယောင်နဲ့ ခက်၊ တိမ်မယောင်နဲ့ နက်နဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ညီလေး ကျန်းမာရေး အဖြာဖြာနဲ့ ပတ်သက်လာရင်လည်း နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သွားပြဖို့ မစဥ်းစားဘဲနဲ့ ကိုယ့်ဘာသာကိုယ် ဆရာတင်ကာ တတ်ယောင်ကားနဲ့ လက်တည့်လျှောက်စမ်းပါလေရော။ ပြဿနာကြီးလာပြီး တစ်ယောက်တည်း မနိုင်တော့မှ ဆေးရုံ ဆေးခန်း ပြေးရမယ်ဆိုရင်တော့ ကွီးတို့သည် ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံး ကုန်းကုန်း အဖြစ်နဲ့သာ ကုန်ဆုံးသွားရပါလိမ့်မယ်။ အဲ့ဒီလိုမျိုး အကျိုး မနည်းချင်ဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက် (၃) ချက်ကို သိအောင် ပြုလုပ်ပြီးမှသာလျှင် ချစ်တင်းနှော ဖို့ ကြိုးစား သင့်ပါတယ်။

အယူအဆ အလွဲတွေ၊ သူများ ပြောတာတွေတဲ့ ဟုတ်နိုးနိုး အကြောင်းအရာများကို နားယောင်နေမယ့်အစား ကိုယ်တိုင် တိတိကျကျ သိရှိအောင် ပြုလုပ်ပြီးမှသာလျှင် ချစ်တင်းနှော ဖို့ ကြိုးစား သင့်ပါတယ်။

(၁) ကွီးတို့ရဲ့ ညီလေးသည် ကြွက်သားနဲ့ တည်ဆောက်ထားတာ မဟုတ်ပါ

man holding cucumber

ကွီးတို့ရဲ့ ညီလေးသည် ကြွက်သားလိုမျိုး ကြီးထွားပြီး တောင့်တင်းလာနိုင်ပေမယ့် တကယ်တော့ သူက ကြွက်သား မဟုတ်ပါဘူး။ ကွီးတို့သည် လိင်စိတ် တပ်မက်မှု ဖြစ်လာပါက ကွီးတို့ ညီလေးဆီသို့ သွေးစီးဆင်းသွားတာကြောင့် သွေးတွေနဲ့ ပြည့်နှက်နေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူက ထောင်မတ်နေတဲ့အချိန်မှာ များများ စားစား လှုပ်ရှားလို့ မရတာပဲ ဖြစ်ပါတယ်။

(၂) ကြီးလာအောင်လို့ လေ့ကျင့်ခန်းတွေ လုပ်လည်း မထူးပါဘူး

ချစ်တင်းနှော ကြိုးစား

ကွီးတို့ ညီလေး ကြီးလာအောင်လို့ လေ့ကျင့်ခန်းတွေ ကြိုးစား ပမ်းစား ပြုလုပ်တယ်၊ ညီလေးကို ဆွဲဆန့်တဲ့ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ကွီးတို့ ညီလေးကို ချစ်တင်းနှော နေတဲ့ အချိန်မှာသာ ယာယီ ကြီးလာစေတာဖြစ်ပြီး ယခင်ကထက် စင်တီမီတာ အနည်းငယ်ခန့်သာ ကြီးလာမှာဖြစ်ပါတယ်။ ဒါပေမဲ့ Flaccid တစ်သျှူးသည် သူ့နဂို အရွယ်အစားအတိုင်း ပြန်ဖြစ်သွားတာကြောင့် ကွီးတို့ ညီလေးရဲ့ အရွယ်အစားကို လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ထာဝစဥ် အရွယ်အစား ပိုကြီးလာအောင်တော့ မပြုလုပ်နိုင်ပါဘူး။

(၃) ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးသည်လည်း အရေးကြီးပါတယ်

ချစ်တင်းနှော ကြိုးစား

ကွီးတို့ရဲ့ အနာဂတ် မျိုးဆက်သစ်များကို မွေးဖွားနိုင်ဖို့ရန်အတွက် ကွီးတို့ ညီလေးသည် ထောင်မတ်ခြင်း၊ သုတ်ပိုးများ ထုတ်လုပ်ခြင်း အစရှိတဲ့ လုပ်ငန်းစဥ်များကို လုပ်ဆောင်ရတဲ့ အတွက်ကြောင့် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေးသည်လည်း အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်း ကျန်းမာရေးကဲ့သို့ပင် အရေးကြီးပါတယ်။​ ဒါ့ကြောင့် ချစ်တင်းနှော နေစဥ် အတွင်းမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ မခံစားရဖို့အရေး ကွန်ဒုံး စွပ်ကာ အမျိုးမျိုး ကြိုးစား နေကြတာပဲ ဖြစ်ပါတယ်။ ဒါတောင်မှ အကြောင်း အမျိုးမျိုးကြောင့် ကွီးတို့ ညီလေးရဲ့ ကျန်းမာရေး ထိခိုက်လာခဲ့သည်ရှိသော် ကွီးတို့သည် အချိန်မဆွဲဘဲ သက်ဆိုင်ရာ ဆရာဝန်ထံ အမြန်ဆုံး သွားရောက် ကုသမှု ခံယူသင့်ပါတယ်။

အခု ဖော်ပြသွားတဲ့ အချက်တွေထဲက ဘယ်နှချက်လောက်ကို ကွီးတို့ သိပြီးပါပြီလဲ။

Source: Primemalemedical

Featured Image: Healthline