ကိုယ့်ချစ်သူ ပါတနာနဲ့ အိပ်ရာပေါ်မှာ ချစ်တင်းနှော ချိန် ပျော်ရွှင်ကျေနပ်ဖွယ် ခံစားမှု အတွေ့အကြုံကို လူတိုင်း လိုချင်ကြတာပါပဲ။ ဒါပေမယ့် တချို့လူတွေမှာ ထင်သလောက် စိတ်ကျေနပ်လောက်စရာ ခံစားမှု အတွေ့အကြုံကို မရကြပါဘူး။ ဒါဟာ ဘာဖြစ်လို့ပါလဲ ? ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဖြစ်နိုင်ခြေ အရှိဆုံး အကြောင်းအရင်းလေးတွေကို ကွီးတို့ ဆင်ခြင်နိုင်ဖို့ ပြောပြပါမယ်။
(၁) စွမ်းရည်ဆောင် မကောင်းမှာ စိုးရိမ်လွန်းနေလို့
Photo : FirstCry Parenting
ယောကျာ်းလေး အများစုဟာ ဒီအခြေအနေကြောင့် ကောင်းမွန်တဲ့ လိင်မှုဆိုင်ရာ ခံစားမှုအတွေ့အကြုံကို မရနိုင်ကြတာပါ။ ပါတနာကို ကျေနပ်လောက်အောင် မစွမ်းဆောင်ပေးနိုင်မှာ ၊ ခဏလေးနဲ့ ကိစ္စပြီးမှာ စသည်ဖြင့် ကိုယ့် စွမ်းဆောင်ရည်အပေါ် စိုးရိမ်စိတ်များနေတဲ့အခါ လက်ရှိ အခြေအနေအပေါ် ကောင်းကောင်း အာရုံမစိုက်နိုင်တော့ပဲ အိပ်ရာပေါ်မှာ ပျော်ရွှင်စရာ အချိန်တွေနဲ့ ဝေးကွာသွားကြရတာ ဖြစ်ပါတယ်။
(၂) တစ်ယောက်အကြိုက်တစ်ယောက် ပွင့်လင်းစွာ မပြောကြလို့
Photo : LOLA
လိင်မှုကိစ္စဟာ ပွင့်လင်းမှုရှိဖို့ အရေးကြီးပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကောင်းကောင်း ရှိနေမှသာ ပျော်ရွှင်စရာကောင်းတာပါ။ ဒီအတွက် ပထမဆုံး လိုအပ်ချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းတဲ့ ဆက်ဆံရေးရှိဖို့ လိုပါတယ်။ ကိုယ့်ရဲ့အကြိုက်တွေ ၊ သူ့ရဲ့နှစ်သက်မှုတွေကို သိရှိနားလည်ထားပြီး တစ်ယောက်လိုအပ်ကို တစ်ယောက် ဖြည့်ဆည်းနိုင်မယ်ဆိုရင်တော့ ကျေနပ်စရာကောင်းတဲ့ လိင်မှုဘဝအတွေ့အကြုံကို ပျော်ပျော်ကြီး ခံစားနိုင်မှာ ဖြစ်ပါတယ်။
(၃) Foreplay အဆင့်ကို ကျော်ချသွားလို့
Photo : South China Morning Post
ချစ်တင်းနှော တဲ့အခါ အကြိုနှိုးဆွမှု Foreplay အဆင့်ကို လုံးဝ လျစ်လျူမရှုသင့်ပါဘူး။ အမှန်အကန် ချစ်ပွဲမဝင်ခင်မှာ ထိတွေ့ပွတ်သပ်မှု ၊ နမ်းရှိုက်နှိုးဆွမှုလေးတွေ မလုပ်ထားဘူးဆိုရင် စိတ်ခံစားချက်တွေဟာ အဆင်သင့် ဖြစ်နေမှာ မဟုတ်သလို စိတ်လှုပ်ရှားမှုတွေလည်း လျော့နည်းစေနိုင်ပါတယ်။ မြန်မြန်ဆန်ဆန်နဲ့ အလောတကြီး လုပ်ဆောင်တာဟာ တစ်ခါတစ်လေမှာတော့ ရင်ခုန်စရာကောင်းတယ်လို့ ထင်ရပေမယ့်မှာ တကယ်တမ်းမှာ သင်နဲ့သင့်ပါတနာ နှစ်ဦးလုံး စိတ်ခံစားချက်တွေ အဆင်သင့် ဖြစ်နေစေဖို့နဲ့ ရင်ခုန်သံစည်းချက်တွေကို တိုးမြင့်စေဖို့ ၊ တစ်ယောက်နဲ့တစ်ယောက် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှု ကောင်းကောင်းရှိစေဖို့ Foreplay အဆင့်ဟာ သေချာအချိန်ပေးလုပ်ဆောင်ဖို့ သေချာပေါက် လိုအပ်ပါတယ်။
Source : My Fit Brain
Featured Photo : Telegrafi