ကွီးတို့ ရှော်တီလေးဆီမှာ ချစ်တင်းနှော ချင် စိတ် ဝင်လာအောင် ဖန်တီးချင်တဲ့ ကွီးတို့အတွက် နည်းလမ်းကောင်းလေးအချို့ကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကောင်းများကို လက်တွေ့ အသုံးချကြည့်ပြီး ကွီးတို့ရဲ့ ရှော်တီလေးဆီမှာ ချစ်တင်းနှော ချင် စိတ် ဝင်လာအောင် ဖန်တီးလိုက်ပါ။
(၁) လက်ကလေး ကိုင်ထားပါ
အချစ်တွေ နုနယ်သေးတဲ့ ကာလမှာတော့ လက်ကလေး ကိုင်လိုက်ရုံနဲ့ ရင်ခုန် စိတ်လှုပ်ရှားလာပါလိမ့်မယ်။ လက်ဖဝါးမှာ အာရုံကြောဆဲလ်ပေါင်း ၄ သောင်းကျော်ခန့် စုနေတတ်ပါတယ်။ သူ(မ) လက်ကလေးကို ဆုပ်ကိုင်လိုက်ခြင်းအားဖြင့် သူ(မ)သည် ဘေးကင်း လုံခြုံမှု ခံစားရအောင် ဖန်တီးပေးနိုင်ပါတယ်။ ထိုစိတ်ခံစားချက်က အချိန်ကြာလာတဲ့အခါမှာ ကွီးတို့ ချစ်တင်းနှောဖို့အတွက် ယုံကြည်စိတ်ချရလောက်တဲ့ ခံစားချက်ကို ဖန်တီးပေးမှာပါ။
(၂) အကြည့်ချင်း စကားပြောပါ
အချစ်ရေးနှင့် လိင်မှုကျွမ်းကျင်ရေးဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်တဲ့ Shamyra Howard ရဲ့ ပြောကြားချက်အရ အကြည့်ချင်း စကားပြောခြင်းသည်လည်း စိတ်ခံစားချက်တွေ ကြွလာအောင် လှုံ့ဆော်ပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။ ဒီလိုမျိုး အကြည့်ချင်း စကားပြောဖို့အတွက်ဆိုရင် ကွီးတို့ နှစ်ဦးသားစလုံး စိတ်အေးလက်အေး ဖြစ်နေရတဲ့အချိန်၊ ပူပင်သောက စိတ်ညစ်စရာများ တစ်ခုမှ မရှိတဲ့အချိန်ကို ရွေးချယ်လိုက်ပါ။ ထို့နောက် တခြားဘာမှ မလုပ်ဘဲနဲ့ တစ်ယောက်မျက်ဝန်းကို အခြားတစ်ယောက်က ၂ မိနစ်ခန့် စိုက်ကြည့်လိုက်ပါ။ အချင်းချင်း အကြည့်ချင်း ဖလှယ်ရင်း ချစ်တင်းနှောချင်းစိတ်တွေ တဟုန်ထိုး ကြွတက်လာအောင် ဖန်တီးနိုင်ပါတယ်။
(၃) ပွေ့ဖက် နမ်းရှုံ့ပါ
တစ်ယောက်နဲ့တစ်ယောက် စိတ်ကြွလာတဲ့ ပုံစံချင်း မတူကြပါဘူး။ တချို့ကတော့ အကြည့်ချင်း စကားပြောရုံ၊ လက်ကလေး ကိုင်လိုက်ရုံနဲ့ စိတ်လှုပ်ရှားကာ ရင်ခုန်လာပြီး ချစ်တင်းနှောဖို့ စိတ်ပါလာတတ်ကြပါတယ်။ ဒါပေမဲ့ ကွီးတို့ ရှော်တီလေးက အဲ့ဒီနည်းတွေနဲ့ ဘယ်လိုမှ အဆင်မပြေဘူးဆိုရင်တော့ ပွေ့ဖက် နမ်းရှုံးပြီး စိတ်ပါလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ ဘယ်လို ပွေ့ဖက် နမ်းရှုံ့ရမလဲဆိုတာကိုတော့ ကွီးတို့ ကျွမ်းကျင်ပြီးသား ဖြစ်ပါလိမ့်မယ်။
(၄) ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင် အတူတူ ကြည့်ပါ
ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ကားတွေသည်လည်း ကွီးတို့ရဲ့ နှစ်ဦးသားစလုံး စိတ်ပါလာအောင် ကူညီပေးနိုင်ပါတယ်။ တချို့ ရိုမန့်တစ်ဆန်တဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာဆိုရင် လူကြီးခန်းတွေလည်း ပါတာဆိုတော့ ထိုအခြေအနေမျိုးကို လိုလားတောင့်တနေတဲ့ ကွီးတို့အတွက်တော့ အံကိုက်ပါပဲ။ ဇာတ်ကား ကောင်းကောင်းတစ်ကား ရွေးချယ်ဖို့တော့ လိုပါလိမ့်မယ်။
(၅) စိတ်ကြွလာဖို့ လှုံ့ဆော်ပေးမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထိတွေ့ကိုင်တွယ်ပါ
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းအချို့က စိတ်ကြွလာအောင် လှုံ့ဆော်ပေးနိုင်တဲ့ နေရာများ ရှိပါတယ်။ ထိုနေရာများကတော့ နားရွက်၊ ခါး၊ ဝမ်းဗိုက်၊ လည်ပင်း အနောက်နား၊ ချိုင်း၊ ဒူးခေါင်းခွက် အစရှိတဲ့ နေရာများကို ထိတွေ့ပေးနိုင်ပါတယ်။ ထိုနေရာများကို အနမ်းပန်း ခြွေခြင်းအားဖြင့် ကွီးတို့ ရှော်တီလေးဆီမှာ ချစ်တင်းနှော ချင် စိတ် ဝင်လာမှာပဲဖြစ်ပါတယ်။
ကွီးတို့ရော ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီး ချစ်တင်းနှောချင်စိတ်တွေ ကြွလာအောင် ဖန်တီးလေ့ရှိပါသလဲ။
Source: Menshealth
Featured Image: Freepik