ချစ်တင်းနှော တဲ့အခါ ကွီးတို့ နှစ်ဦးသားစလုံး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိခြင်း မရရှိခြင်းသည် ကွီးတို့ရဲ့ ရိုမန့်တစ်ဆန်ဆန် ဆက်ဆံရေးအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကွီးတို့ကတော့ ငါ့ ရှော်တီလေးကတော့ ငါ့ရဲ့ ဆိုဒ် ကို တွေး နေမှာပဲဆိုပြီး ကိုယ့်ဘာသာကိုယ် ယုံကြည်ချက်မရှိ မဝံ့မရဲဖြစ်နေ တတ်ပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ချစ်တင်းနှော တဲ့အခါ ကွီးတို့ ညီလေးရဲ့ ဆိုဒ်ကို ကွီးတို့ ရှော်တီလေးက တွေး ဖို့ အချိန်တောင် ရှိမှာ မဟုတ်ပါဘူး။

အဲ့ထက် အရေးကြီးတဲ့ အချက်တွေ အများကြီး ရှိပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းမှု ရှိဖို့

couple hugging

တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်းရှိခြင်းသည် ပျော်ရွှင်ဖွယ်ရာ အတိပြီးတဲ့ Relationship တစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ အထူးသဖြင့် ချစ်တင်းနှောခြင်းလိုမျိုး ဆွေးနွေး တိုင်ပင်ရခက်ခဲတဲ့ ခေါင်းစဥ်မျိုးဆိုရင် ပိုလို့တောင် တိုင်တိုင်ပင်ပင် ညှိနှိုင်း ဆွေးနွေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်လင်းမှသာလျှင် ကွီးတို့ရဲ့ ဆက်ဆံရေးကလည်း ပိုမို ခိုင်မြဲမှာ ဖြစ်ပါတယ်။

တစ်ယောက်ရဲ့ စိတ်မလုံခြုံမှုကို အခြားတစ်ယောက်ကို ဖယ်ရှားပေးဖို့

ချစ်တင်းနှော ဆိုဒ် တွေး

ကွီးတို့ကလည်း ကိုယ့်ရဲ့ ညီလေး အရွယ်အစားနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပါဖောမန့်စ် စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် စိတ်မလုံခြုံတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ ကွီးတို့ ရှော်တီလေးဆီမှာလည်း သူတို့ ကိုယ်ပိုင် စိတ်မလုံခြုံမှုတွေ ရှိနိုင်ပါတယ်။ အဲ့ဒီလို စိတ်မလုံခြုံမှုတွေကို တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောပြီး ဖယ်ရှားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ကွီးတို့ ချစ်တင်းနှောတဲ့အခါ စိတ်မလုံခြုံမှု ကင်းကင်းနဲ့ ယုံကြည်ချက်ရှိရှိ ချစ်တင်းနှောနိုင်မှာ ဖြစ်ပါတယ်။​

အခြားသူများနဲ့ မနှိုင်းယှဥ်မိဖို့

ချစ်တင်းနှော ဆိုဒ် တွေး

ဟုတ်ပါတယ်။ ကွီးတို့မှာ ရည်းစားဟောင်းတွေ တစ်ယောက် မက ပိုရှိချင် ရှိမှာပါပဲ။ သူတို့နဲ့ တွဲတုန်းက ဘယ်လိုမျိုးတွေပါ။ သူတို့က ဘယ်လို ပြုစုပေးတယ် စတာတွေကို ကွီးတို့ရဲ့ စကီလေးနဲ့ သွားမနှိုင်းမိပါစေနဲ့။ ရှော့ခ်အကြီးကြီး တက်သွားပါလိမ့်မယ်။ ကိုယ်က သူတို့ကို ပြင်စေချင်တာမျိုးရှိတယ်ဆိုရင်တောင်မှ မနှိုင်းယှဥ်ဘဲနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်ဖို့ လိုအပ်ပါတယ်။

မှန်ကန်တဲ့ အချိန်နဲ့ နေရာကို ရွေးချယ်တတ်ပါစေ

ချစ်တင်းနှော ဆိုဒ် တွေး

ချစ်တင်းနှောမယ်ဖို့ အစီအစဥ်ရှိတယ်ဆိုရင် ကွီးတို့သည် အခြေအနေ အချိန်အခါကို ကြည့်တတ်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ရှော်တီလေးက လုပ်ငန်းခွင်မှာ အဆင်မပြေတာမျိုးတွေ ရှိပြီး စိတ်ညစ်နေမယ် (သို့) နေမကောင်းဖြစ်နေတာမျိုး ဆိုရင် ချစ်တင်းနှောဖို့ကို အစတောင် မပြုလိုက်ပါနဲ့။ နို့မဟုတ်ရင် ကွီးတို့ မကောင်းမြင် ခံရပါလိမ့်မယ်။ တကယ်လို့ ကွီးတို့က ချစ်တင်းနှော ချင်တယ် ဆိုရင်တော့ သူ(မ)ကို အရင်ဦးဆုံး စိတ်ပြေအောင် လုပ်ပြီး စိတ်ပါလာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော တဲ့အခါ ကိုယ့် ဆိုဒ် ကို တွေး နေမိပြီး ယုံကြည်မှု ကျဆင်းနေပါသလား။

Source: Purelovezone

Featured Image: Womenshealthaz