ချစ်တင်းနှော တဲ့အခါ သူနဲ့ကိုယ်နဲ့ အပေးအယူမျှဖို့ သိထားသင့်တဲ့ ဆောင် ရန် ရှောင်ရန်အချက်များ ရှိပါတယ်။ ကွီးတို့က ထိုအချစ်များကို သိထားမှသာလျှင် ကိုယ့်ရဲ့ ရှော်တီလေးကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်ပြီး ကွိးတို့လည်း ရှော်တီလေးနဲ့အတူတူ အချိန်ကြာကြာ မြူးတူးပျော်ပါးနိုင်မှာဖြစ်ပါတယ်။
ဒါ့ကြောင့်မို့လို့ ချစ်တင်းနှော တဲ့အခါ ဆောင် သင့်တဲ့အချက်များကိုလည်း ဆောင်ထားသင့်သလို ရှောင်သင့်တဲ့အချက်များကိုလည်း ရှောင်ထားနိုင်ဖို့အတွက် အခုပဲ လက်တို့ပေးလိုက်ရပါတယ်။
အကာအကွယ် အသုံးပြုပါ
ချစ်တင်းနှောချိန်မှာ အကာအကွယ် အသုံးပြုခြင်းသည် နှစ်ဦးနှစ်ဖက်စလုံးအတွက် မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာများမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကွီးတို့ ရှော်တီလေးနဲ့ အချိန် ကြာ ကြာ နှစ်ပါးသွား ကနိုင်အောင် ကူညီပေးမယ့် ပစ္စည်းတစ်ခုဆိုလည်း မမှားပါဘူး။ အာရုံ ခံစားမှုကို အနည်းငယ် နှေးကွေးသွားစေနိုင်ပေမယ့် အချိန်ကြာကြာ စွမ်းဆောင်နိုင်ခြင်းနှင့် ကျန်းမာရေး ပြဿနာများမှ ကာကွယ်ပေးခြင်းတို့နဲ့ ယှဥ်လိုက်တဲ့အခါ ဦးထုပ်ရဲ့ ကောင်းကျိုးက အံ့မခန်းပါပဲ။
အနေအထား ပြောင်းပါ
နှစ်ပါးသွားကနေချိန်မှာ မကြာခဏ အနေအထား ပြောင်းပေးဖို့လည်း လိုအပ်ပါတယ်။ မကြာခဏ အနေအထားပြောင်းတဲ့အခါ ခန္ဓာကိုယ်ကို အရှိန်လျော့ကျသွားစေပြီး Orgasm နှေးကွေးသွားစေကာ မြန်မြန် ပြီးမြောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါမှ ကွီးတို့လည်း တစ်မိနစ် ဘီးကျဲကြီးလို့ နာမည်ပြောင် အပေးမခံရမှာပဲဖြစ်ပါတယ်။
အာရုံပြောင်းဖို့ မမေ့ပါနဲ့
ကွီးတို့အတွက် အသုံးဝင်တဲ့ နောက်ထပ် နည်းလမ်းကောင်းတစ်ခုကတော့ အာရုံပြောင်းခြင်းပဲဖြစ်ပါတယ်။ ကိုယ့်ဘက်က ပြီးမြောက်တော့မယ်လို့ အာရုံ ခံစားလာရတဲ့အခါ အခြားတစ်ခုခုကို အတွေးတွေ ပြောင်းပစ်လိုက်ပါ။ ဥပမာ – ကိုယ့်ရဲ့ အလုပ်က အလုပ်ကိစ္စ တစ်ခုခု၊ မနေ့က ဘာလုပ်ခဲ့သလဲ စတဲ့ အကြောင်းအရာတစ်ခုခုကို ပြန်ပြောင်း တွေးကြည့်လိုက်ပါ။ ဒါဆိုရင်တော့ ကွီးတို့လည်း အချိန်ကြာကြာ ချစ်တင်းနှောနိုင်ပြီး နှစ်ဦးသားစလုံး စိတ်ကျေနပ်မှု အပြည့်အဝ ရရှိမှာ အမှန်ပါပဲ။
နှစ်ယောက်သား အပေးအယူ မျှပါစေ
ကွီးတို့ရဲ့ စကီလေးနဲ့ ချစ်တင်းနှောရာမှာ အဆင်ပြေဖို့အတွက်ဆိုရင် နှစ်ဦးသား အပေးအယူမျှဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် နှစ်ပါးသွား ကနေချိန်မှာ ကိုယ် လိုချင်တဲ့အရာထက် သူ(မ) ဖြစ်ချင်တဲ့အရာကို ဦးစားပေးလိုက်ပါ။ သူ(မ)က ဘယ်လိုအရာတွေကို ကြိုက်နှစ်သက်တတ်သလဲ။ ဥပမာ – မီးရောင် မှိန်ဖျော့ဖျော့လေးကို နှစ်သက်တာလား၊ ဒါမှမဟုတ် ကုတင်ရဲ့ ညာဘက်စွန်းမှာ နေရတာ ကြိုက်တာလား၊ ညင်ညင်သာသာလေးကိုပဲ ကြိုက်တာလား၊ အကြမ်းပတမ်းတွေကိုမှ သဘောကျတာလား အစရှိသဖြင့် ကိုယ့်ဘက်က သူ(မ)အကြိုက်တွေကို သိရှိအောင် ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒါမှသာ နှစ်ဦးသား အဆင်ပြေပြေနဲ့ အပေးအယူမျှနိုင်မှာမဟုတ်လား။
ကွီးတို့ရော ကိုယ့်ရဲ့ ရှော်တီလေးနဲ့ ချစ်တင်းနှောတဲ့အခါ ဘယ်လိုအချက်တွေကို ဆောင်ထားလေ့ရှိပါသလဲ။
Featured Image: Freepik