လူတိုင်းမှာ ကိုယ်ပိုင်ရနံ့ဆိုတာ ရှိကြပါတယ်။ ထိုကိုယ်ပိုင်ရနံ့ကို သေချာ မထိန်းသိမ်းဘူး၊ တစ်ကိုယ်ရည် သန့်ရှင်းရေး မရှိဘူးဆိုရင်တော့ ပြင်းထန်တဲ့ရနံ့ ဖြစ်သွားနိုင်ပါတယ်။ ကွီးတို့ စကီလေးကို အနံ့မွှေးမွှေးလေးနဲ့ ချစ်တင်းနှော ဖို့အတွက် ဆွဲဆောင် ချင်တယ်ဆိုရင်တော့ ကွီးတို့ ညီလေးရနံ့ကို သေချာဂရုစိုက်ဖို့ လိုအပ်ပါလိမ့်မယ်။

တကယ်လို့သာ ကိုယ့် ညီလေးရနံ့ကို ကိုယ်တိုင် ဂရုမစိုက်ဘူးဆိုရင်တော့ ကွီးတို့ စကီလေးက ကွီးတို့ကို ပြုစုယုယပေးချင်စိတ် ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အခုဖော်ပြပေးမယ့် အချက်များနဲ့ သေချာ ဂရုစိုက်သင့်ပါတယ်။

သေသေချာချာ ဆေးကြော သန့်စင်ပါ

သေသေချာချာ ဆေးကြော သန့်စင်ပါ

ကွီးတို့စကီလေးက ကွီးတို့ကို ပြုစုပေးစေချင်တယ်ဆိုရင် ကွီးတို့ ညီလေးကို ရေချိုးတဲ့အချိန်မှာ သေသေချာချာ ဆေးကြောသန့်စင်ပေးရမှာပဲဖြစ်ပါတယ်။ အရေပြားကို အပေါ်ရော အောက်ရော သေသေချာချာ သန့်စင် ဆေးကြောပေးရပါမယ်။ တကယ်လို့ ကွီးတို့က ရေမချိုးရသေးဘူး၊ ဒါပေမဲ့ ချစ်တင်းနှော ဖို့ အစီအစဥ်တွေ ရှိနေတယ်ဆိုရင်လည်း အစီအစဥ် မစခင်မှာ ရေချိုးခန်းသို့ တစ်ခေါက်လောက် အပြေးသွားပြီး သန့်စင် ဆေးကြောလိုက်ပါ။ ဒါမှသာ ကိုယ့်ကိုယ်ကိုယ် မလုံမလဲဖြစ်နေတာတွေ၊ ယုံကြည်မှု လျော့ကျနေတာမျိုးတွေ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

အနံ့အသက်တွေ ကင်းအောင် အမွှေးအမျှင်တွေ သေချာ ရိတ်ပါ

အနံ့အသက်တွေ ကင်းအောင် အမွှေးအမျှင်တွေ သေချာ ရိတ်ပါ

ကွီးတို့ ညီလေး အနံ့အသက်တွေ ပြင်းနေရခြင်းက သူ့ပတ်ဝန်းကျင်က အမွှေးအမျှင်များကြောင့်လည်း ပါပါတယ်။ ထိုအမွှေးအမျှင်တွေပေါ်မှာ ဘက်တီးရီးယားများက ကပ်ငြိခိုအောင်းနေတတ်ကြလို့ အနံ့အသက်များ ပြင်းနေရခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ထိုအမွှေးအမျှင်များကို တတ်နိုင်သမျှ ရိတ်ပစ်ဖို့ လိုအပ်ပါတယ်။ အမွှေးအမျှင်များ မရှိတော့ဘူးဆိုရင် အနံ့အသက်ကလည်း ပိုမို ကောင်းမွန်လာမှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ကွီးတို့ စကီလေးကို ချစ်တင်းနှော ဖို့အတွက် ဆွဲဆောင် ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ပစ္စည်းများကိုလည်း အသုံးပြုသင့်ပါတယ်။ ဒီပစ္စည်းများက ကွီးတို့ ညီလေးကို အနံ့အသက် ကောင်းရုံသာမကဘဲ အနံ့အသက်ပါ သင်းပျံ့သွားအောင် ကူညီပေးနိုင်ပါတယ်။

Chassis for Men Premium Powder အသုံးပြုပါ

ချစ်တင်းနှော ဆွဲဆောင်

ဒီပစ္စည်းလေးကတော့ အမျိုးသားတိုင်း အသုံးပြုသင့်တဲ့ Man Care ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အသုံးပြုပြီးတဲ့အခါမှာလည်း စိုစိ စိုစိ ဖြစ်မနေဘဲ ခြောက်ခြောက်လေးဖြစ်သွားမှာပါ။ အေးမြတဲ့အထိအတွေ့ကိုလည်း ခံစားရစေမှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ဝန်းကျင်ပေးရမှာ ဖြစ်ပါတယ်။

Dude Wipes အသုံးပြုပါ

ချစ်တင်းနှော ဆွဲဆောင်

တစ်သျှူးအစိုတွေကို ကွီးတို့ အသုံးပြုဖူးပါလိမ့်မယ်။ ဒီပစ္စည်းလေးကလည်း ထိုတစ်သျှူးအစိုနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ အမျိုးသားထုကြီးအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ ကွိးတို့ ညီလေးကို သန့်စင်ပေးနိုင်သလို ကွီးတို့ မျက်နှာနဲ့ ချိုင်းကြားအသားအရေအတွက်ပါ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ရနံ့က သဘာဝ ရနံ့ပဲဆိုတော့ ပန်းရနံ့တွေ၊ ရေမွေးရနံ့တွေ မကြိုက်တဲ့ ကွီးတို့အတွက် ကွက်တိပါပဲ။ ဈေးနှုန်းကလည်း ဒေါ်လာ ၄ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

Viva Naturals Organic အုန်းဆီ အသုံးပြုပါ

ချစ်တင်းနှော ဆွဲဆောင်

ဒီပစ္စည်းလေးကတော့ အုန်းဆီတော့ အုန်းဆီပါပဲ။ ဒါပေမဲ့ တကယ့် သဘာဝ အုန်းဆီစစ်စစ်ပဲဖြစ်ပါတယ်။ တစ်နေ့လျှင် ၁ ကြိမ်မှ ၂ ကြိမ်ခန့်အထိ အသုံးပြုပေးနိုင်ပါတယ်။ ဆေးနှုန်းကတော့ ၁၅ ဒေါ်လာသာ ကုန်ကျမှာ ဖြစ်ပါတယ်။

ဒီပစ္စည်းများကို စိတ်ချ လက်ချ အသုံးပြုပြီး ကွီးတို့ စကီလေးကို ချစ်တင်းနှော ဖို့ ဆွဲဆောင် နိုင်ပါတယ်။ အထက်ဖော်ပြပါ အချက်တွေကို ပြုလုပ်သင့်တဲ့အပြင် အမျိုးသားဝတ် အတွင်းခံများ ဝတ်ဆင်တဲ့အခါမှာလည်း ချောင်ချောင် ချိချိနဲ့ လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများကိုသာ ဝတ်ဆင်သင့်ပါတယ်။

ကွီးတို့ရော ကိုယ့်ညီလေးက အနံ့အသက်ကောင်းနေအောင် ဘယ်လို ပြုလုပ်လေ့ရှိပါသလဲ။

Source: Askmen

Featured Image: Wired