ကွီးတို့ ညီလေး ကျန်းမာခြင်း မကျန်းမာခြင်းသည် ကွီးတို့ရဲ့ လိင်မှုရေးရာ ကျန်းမာရေးအပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှော ဖို့အတွက်ဆိုရင် ကွီးတို့ ညီလေး ဆီ သွေးလျှောက် ဖို့ လိုအပ်ပါတယ်။ ကွီးတို့ ညီလေးဆီ သွေးမလျှောက်တော့တဲ့အခါ ကွီးတို့ ညီလေးက ပန်းသေ ပန်းညှိုး ဖြစ်သွားတတ်ပြီး ချစ်တင်းမနှောနိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့ရနိုင်ပါတယ်။

ဒါဆိုရင် ကောင်းမွန်စွာ ချစ်တင်းနှော နိုင်ဖို့အတွက် ကွီးတို့ ညီလေး ဆီ သွေးလျှောက် အောင် ဘယ်လို လုပ်ဆောင်ရမလဲ။

အခုဖော်ပြပေးမယ့် အစားအစာများကတော့ ကွီးတို့ ညီလေးဆီ သွေးလှည့်ပတ် စီးဆင်းမှု ရှိအောင် ကူညီပေးမယ့် အစားအစာများပဲ ဖြစ်ပါတယ်။

ကညွှတ်

ကညွှတ်

ကညွှတ်ထဲတွင် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အမျှင်ဓာတ်များလည်း ပေါကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်စီ၊ ဗီတာမင် ကေ၊ ဖောလိတ်ဓာတ်နှင့် ပိုတက်ဆီယမ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကညွှတ်များကို များများစားသုံးပေးခြင်းအားဖြင့် ကွီးတို့ရဲ့ ကျားဟော်မုန်းများ တိုးပွားလာအောင်လည်း လုပ်ဆောင်နိုင်ပါသေးတယ်။

ထောပတ်သီး

ထောပတ်သီး

ထောပတ်သီးထဲတွင် နှလုံးသွေးလှည့်ပတ်မှု ကောင်းမွန်ပြီး ကွီးတို့ ညီလေး ကောင်းမွန်စွာ ထောင်မတ်နိုင်ဖို့ ကူညီပေးမယ့် သဘာဝ ပြည့်ဝဆီများ ပါဝင်ပါတယ်။ သူတို့ထဲမှာ ပါဝင်တဲ့ ဗီတာမင် အီးနဲ့ Antioxidant တို့က သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေပြီး ရောင်ရမ်းမှုကို လျော့ချေပေးနိုင်ပါတယ်။​ ဒါ့အပြင် သက်လုံကောင်းစေကာ ကွီးတို့ရဲ့ ပါဖောမန့်စ်ကိုလည်း တိုးမြင့်စေနိုင်ပါသေးတယ်။

အမဲသား

ချစ်တင်းနှော ညီလေး သွေးလျှောက်

အမဲသား ထဲမှာတော့ ပရိုတင်းဓာတ်နဲ့ ဇင့်ဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဇင့်ဓာတ်ကတော့ ကလေးယူချင်တဲ့ ကွီးတို့အတွက် မျိုးအောင် နိုင်ခြေ မြင့်မားအောင် ကူညီပေး နိုင်ပါတယ်။ နောက်ထပ် ဇင့်နဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝတဲ့ အစားအစာ နောက်တစ်မျိုးကတော့ ခုံးနှင့် ကမာကောင်များပဲ ဖြစ်ပါတယ်။

သကြားမုန်လာ

ချစ်တင်းနှော ညီလေး သွေးလျှောက်

သကြားမုန်လာထဲတွင် ကွီးတို့ နှလုံးနဲ့ ညီလေးတို့ဆီသို့ သွေးလှည့်ပတ် စီးဆင်းမှု ကောင်းမွန်အောင်၊ သွေးကြောကျဥ်း ဝေဒနာ ခံစားရခြင်းမှ ကင်းဝေးအောင် ကူညီပေးမယ့် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကွီးတို့အနေနဲ့ သကြားမုန်လာကို စားရတာ မနှစ်သက်ရင်တော့ ဖျော်ရည်လိုမျိုး ပြုလုပ်ကာ သောက်သုံးနိုင်ပါသေးတယ်။

ပန်းပွင့်စိမ်း

ချစ်တင်းနှော ညီလေး သွေးလျှောက်

ပန်းပွင့်စိမ်းများကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ်ကို ကိုယ်ခံအား ကောင်းမွန်အောင် ကူညီ ပေးနိုင်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ဗီတာမင်စီက ထိုကဲ့သို့ ကူညီပေးနိုင်တာပါ။ ဒါတင်မကသေးပါဘူး။ ကွီးတို့ ဖဲမွေ့ရာထက်မှာ ပါဖောမန့်စ် ကောင်းကောင်းနဲ့ လုပ်ဆောင်နိုင်အောင်လည်း ကူညီပေးနိုင်ပါသေးတယ်။​

အထက် ဖော်ပြပါ အစားအစာများလိုပဲ ကြက်သား၊ အချဥ်ဓာတ် ကြွယ်ဝသော အစားအစာများ၊ ချောကလက်၊ ဂဏန်း၊ သဖန်းသီး၊ အုတ်ဂျုံ၊ မြေပဲ၊ ရွှေဖရုံစေ့၊ ဆော်လမွန်ငါး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ဝိုင်နီ၊ ပန်းသီး၊ ငှက်ပျောသီး၊ ငါးသေတ္တာငါး အစရှိတဲ့ အစားအစာများကိုလည်း စားသုံးနိုင်ပါသေးတယ်။

ကွီးတို့ရော အခု ဖော်ပြသွားတဲ့ အစားအစာများထဲက ဘယ် အစားအစာများကို ပို စားဖြစ်ပါ သလဲ။

Source: Mensjournal.com

Featured Image: Healthline