ပထမဆုံးအကြိမ် ချစ်တင်းနှောတဲ့အခါ နာကျင်မှု ခံစားရတာဟာ ပုံမှန်ဆိုပေမယ့် အမြဲတမ်းလိုလို ဒီပြဿနာ ဖြစ်နေပြီဆိုရင်တော့ ပျော်ရွှင်ရတဲ့ လိင်မှုဘဝနဲ့ ဝေးကွာသွားနိုင်ပါတယ်။ လေ့လာမှုတွေအရ အမျိုးသမီး ၂၀ ရာခိုင်နှုန်းလောက်က ချစ်တင်းနှောတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှု ဝေဒနာ ခံစားရတက်ကြပြီး ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ မိန်းမကိုယ် ခြောက်သွေ့မှု ၊ ရုပ်ပိုင်းဆိုင်ရာ / စိတ်ပိုင်းဆိုင်ရာ ပြဿနာ ၊ ဟော်မုန်းအပြောင်းအလဲနဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါတွေကြောင့် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှော ချိန်မှာ နာကျင်မှု မရှိစေပဲ ပျော်ရွှင်ကြည်နူးဖွယ် အခိုက်အတန့်ကို ပြည့်ပြည့်ဝဝ ပိုင်ဆိုင်နိုင်စေဖို့ အကြံပြုချက်လေးတွေ ပြောပြပေးပါမယ်။
(၁) ဖိအားတွေ တက်နိုင်သမျှ လျှော့ချထားပါ
Photo : 30Seconds
စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေဟာ ကြွက်သားတွေကို တောင့်တင်းစေပြီး ချစ်တင်းနှော ချိန်မှာ မသက်မသာ ခံစားချက်နဲ့ နာကျင်မှု ဝေဒနာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ချစ်တင်းမနှောခင် စိတ်ပိုင်းဆိုင်ရာ တင်းကြပ်မှုတွေကို တက်နိုင်သမျှ လျှော့ချပြီး ဖိအားတွေ သက်သာစေဖို့ တရားထိုင်တာ ၊ ယောဂကျင့်တာတွေ လုပ်ပေးသင့်ပါတယ်။
(၂) Foreplay အတွက် အချိန်ပေးပါ
Photo : Just Simply Mom
ချစ်တင်းမနှောခင်မှာ Foreplay ကို သေချာအချိန်ပေးပြီး လုပ်ဆောင်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ မသက်မသာမှုကို လျှော့ချပေးနိုင်သလို လိင်စိတ်နိုးကြားတက်ကြွမှု ပိုရှိပြီး အမှန်တကယ် ချစ်ပွဲဝင်တဲ့အခါ နာကျင်မှုတွေ နည်းပါးနေစေမှာ ဖြစ်ပါတယ်။ Foreplay အဆင့်မှာ တစ်ဦးနဲ့တစ်ဦး နမ်းရှိုက်ပွတ်သပ် နှိုးဆွမှုလေးတွေကို အာရုံစိုက်ပြီး လုပ်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ရင်းနှီးမှု တိုးစေပြီး ပျော်ရွှင်ကျေနပ်စရာ လိင်မှုအတွေ့အကြုံကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
(၃) ချောဆီသုံးပေးပါ
Photo : VOI
မိန်းမကိုယ်ကနေ သဘာဝအတိုင်း ချောဆီ ထုတ်လုပ်မှု အားနည်းပြီး ခြောက်သွေ့နေတယ်ဆိုရင်လည်း ထိုးသွင်းဆက်ဆံချိန်မှာ နာကျင်မှု ခံစားရနိုင်ပါတယ်။ ဒီအတွက် အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုကတော့ ချောဆီသုံးတာပါ။ ချောဆီဟာ စိုစွတ်မှုကို တိုးစေပြီး ချစ်တင်းနှောချိန်မှာ သက်တောင့်သက်သာ ခံစားချက်နဲ့ သာယာပျော်ရွှင်ဖွယ် လိင်မှုဆိုင်ရာ အတွေ့အကြုံကို ခံစားရစေဖို့ ကူညီပေးနိုင်ပါတယ်။
(၄) သိုင်းကွက် ပြောင်းပါ
Photo : Just Simply Mom
ချစ်တင်းနှောချိန် ခံစားရတဲ့ နာကျင်မှုဟာ Positions သိုင်းကွက် အနေအထားနဲ့လည်း ဆိုင်ပါတယ်။ မှားယွင်းတဲ့ သိုင်းကွက် အနေအထား ဒါမှမဟုတ် သက်တောင့်မသက် မဖြစ်စေတဲ့ သိုင်းကွက်တွေဟာ ကြွက်သားတင်းမာမှုနဲ့ ထိုးသွင်းဆက်ဆံတဲ့အခါ နာကျင်မှုဝေဒနာကို ခံစားရစေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဦးလုံးအတွက် သက်တောင့်သက်သာရှိပြီး ခံစားမှုကောင်းစေမယ့် သိုင်းကွက်တွေကို ပြောင်းလဲအသုံးပြုခြင်းဖြင့် နာကျင်မှုဝေဒနာကို လျှော့ချနိုင်ပါတယ်။
Source : Durex India
Featured Photo : Formen Health