အမျိုးသားများ အသက်အရွယ် ရလာသည်နှင့်အမျှ ချစ်တင်းနှော ချင်စိတ်များ ပျောက် ဆုံးသွားခြင်းသည် သဘာဝပါပဲ။ ဒီဂရီ အနည်း အများကတော့ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားနိုင်ပါတယ်။ များသောအားဖြင့်တော့ အမျိုးသားများသည် အသက် ၆၀ (သို့) ၇၀ နား ကပ်လာတဲ့အခါ ချစ်တင်းနှော ချင်စိတ်များ ပျောက် သွားတာပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း တချို့ အမျိုးသားတွေကျတော့ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်တင်းနှော ချင်စိတ်တွေ ပျောက် သွားတာမျိုးရှိပါတယ်။ ဒါသည် ဘာ့ကြောင့်လဲ။

အကြောင်းအရင်းများ

အကြောင်းအရင်းများ

စွမ်းဆောင်ရည်ရှိသေးတဲ့ အမျိုးသားများ ငယ်ငယ်ရွယ်ရွယ်နဲ့ ချစ်တင်းနှော ချင် စိတ်တွေ ပျောက် သွားရခြင်း အကြောင်းအရင်းကတော့ သူတို့ရဲ့ ကျန်းမာရေးအခံကြောင့်ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများ လွန်းခြင်း၊ စိတ်ကျရောဂါ ခံစားနေရတဲ့အခါ၊ အရက်စွဲနေတဲ့အခါ၊ ပင်ပန်းနွမ်းနယ်လွန်းတဲ့အခါ၊ ဒါမှမဟုတ် ဆေးစွဲနေတဲ့အခါမျိုးမှာ ငယ်ရွယ်ပေမယ့်လည်း ချစ်တင်းနှောချင်စိတ်တွေ ပျောက်ဆုံးသွားလေ့ရှိပါတယ်။

တကယ်လို့ ကွီးတို့က ကိုယ့်ကိုယ်ကိုယ် ချစ်တင်းနှော ချင်စိတ် ပျောက် နေတယ်လို့ သံသယဝင်နေရင်

ချစ်တင်းနှော ပျောက်

ဆရာဝန်ထံ အမြန်ဆုံး သွားရောက်ကာ ကုသမှု ခံယူသင့်ပါတယ်။ အထူးသဖြင့် ချစ်တင်းနှောချင်စိတ်က ရုတ်တရက်ဆိုသလို ပျောက်သွားတာမျိုးဆို ပိုလို့တောင် မြန်မြန် ကုသမှု ခံယူသင့်ပါတယ်။ ဆရာဝန်ကနေပြီးတော့ ကွီးတို့ရဲ့ ဆေးမှတ်တမ်း သမိုင်း အသေးစိတ်ကို သေချာ စစ်ဆေးမှာဖြစ်ပြီး ကိုယ်ခန္ဓာကိုပါ စစ်ဆေးမှာဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ခွဲခန်းထဲမှာ လိုအပ်တာတွေ အကုန်လုံး စစ်ဆေးခိုင်းပြီး ဘာ့ကြောင့် ချစ်တင်းနှော ချင်စိတ်တွေ ပျောက်ဆုံးသွားရသလဲ ဆိုတာကို အဖြေထုတ်ပါလိမ့်မယ်။

ပြီးတဲ့အခါ ဘာဆက်ဖြစ်မှာလဲ

ချစ်တင်းနှော ပျောက်

ဓာတ်ခွဲခန်း ရလာဒ်များ၊ စစ်ဆေးမှု ရလာဒ်များ အားလုံးကို ကြည့်ရှုပြီးနောက်မှာတော့ ကွီးတို့ရဲ့ ဟိုစိတ် ဒီစိတ် ပျောက်နေရခြင်းက စိတ်ဖိစီးမှု (သို့) စိတ်ကျရောဂါနဲ့ သက်ဆိုင်နေတယ် ဆိုရင်တော့ စိတ်ကျန်းမာရေး ဆရာဝန်ထံ အမြန်ဆုံး လွှဲပြောင်းပေးမှာဖြစ်ပြီး ရောဂါ မပြင်းသေးဘူးဆိုရင်တော့ ကွီးတို့ကို သောက်ဆေးတွေပေးပြီး ဆက်လက် ကုသမှု ခံယူခိုင်းမှာ ဖြစ်ပါတယ်။

တချို့သော သောက်ဆေးများ၊ ဥပမာ အိပ်ဆေးများသည် ကွီးတို့ရဲ့ Testosterone Level ကို ပိုမို နိမ့်သွားစေပြီး ကွီးတို့ရဲ့ ချစ်တင်းနှော ချင်စိတ်ကို ပိုမို နည်းပါးသွားစေနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်မရတဲ့ ရောဂါကို အရင်ဆုံး ကုသပြီးမှသာလျှင် ကွီးတို့ရဲ့ Testosterone Level ကို ပိုမိုမြှင့်တင်ပေးနိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့ရဲ့ ရောဂါအခံကြောင့် သောက်သုံးနေရတဲ့ ဆေးတွေကြောင့် ချစ်တင်းနှောချင်စိတ် ပျောက်ရတာဆိုရင်တော့ အခြားသော အာနိသင်တူ ဆေးတစ်မျိုးမျိုးကို ပြောင်းညွှန်းပါလိမ့်မယ်။

အချို့ ကွီးတို့က ဒီလိုမျိုး အခြေအနေကို ဆရာဝန်နဲ့ ဆွေးနွေးရမှာ ရှက်ကြပါတယ်။ ဒါပေမဲ့ ကုသမှု မခံယူဘဲ ဒီအတိုင်း ပစ်ထားမယ်ဆိုရင်တော့ ကွီးတို့ရဲ့ လိင်ကျန်းမာရေးသည် တဖြည်းဖြည်း ဆိုးရွာလာမှာပဲဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ လိင်ကျန်းမာရေးက ဆိုးရွားသွားတဲ့အထိ ပစ်ထားဖို့ စိတ်ကူးနေတာလား။ ရောဂါ မရင့်ခင်ကတည်းက စောစီးစွာ ကုသမှု မခံယူချင်ဘူးလား။

Source: Mayoclinic.org

Featured Image: Telegraph.co.uk