အမျိုးသားထုကြီးက ချစ်တင်းနှောရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ချစ်တင်းနှော ပြီးတဲ့နောက်မှာ မဖြစ်မနေ ပြုလုပ်သင့်တာတွေကိုတော့ မေ့ လျော့ နေတတ်ကြပါတယ်။

ကွီးတို့သည် ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှော ပြီးတဲ့အခါ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အချက် (၅) ချက် ရှိပါတယ်။ အဲ့ဒီ့အချက် (၅) ချက်ထဲကမှ တစ်ချက်လောက်ကို ပြုလုပ်ပေးမယ်ဆိုရုံနဲ့တင် ကွီးတို့ ညီလေးက ကွီးတို့ကို ကျေးဇူးတင်နေပါလိမ့်မယ်။

ချစ်တင်းနှော ပြီးတဲ့အခါ ဘယ်အချက်တွေကို မ မေ့ မလျော့ ပြုလုပ်သင့်သလဲဆိုတော့ …

(၁) ညီလေးကို ဆေးကြောပါ

ညီလေးကို ဆေးကြောပါ

အမျိုးသား အများစုသည် သူတို့ ညီလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အင်မတန်မှကို အားနည်းကြပါတယ်။ ချစ်တင်းနှော ပြီးတဲ့နောက်မှာ ကွီးတို့ရဲ့ ညီလေးကို ဆေးကြောသင့်တယ်လို့ ကျွမ်းကျင်ပညာရှင်များက အကြံပေးထားပါတယ်။ မဆေးကြောဘူးဆိုရင်တော့ ပိုးဝင်ခြင်းအပြင် ရောဂါပိုးပေါင်းစုံကလည်း တားမရ ဆီးမရအောင် ဝင်ရောက်လာတတ်တယ်လို့ ဆိုပါတယ်။ ညီလေးရဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး အားနည်းမယ်ဆိုရင် ယားယံခြင်း၊ ရောင်ရမ်းခြင်းနှင့် ရောဂါပိုး ဝင်ခြင်းတို့ကိုပါ ခံစားရနိုင်ပါတယ်။

(၂) ငှက်ပျောသီး စားပါ

banana

ကြွက်တက်ခြင်းသည် အားသွန်ခွန်စိုက် ချစ်တင်းနှောခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတစ်ခုပဲ ဖြစ်ပါတယ်။ ချစ်တင်းနှောပြီးတဲ့နောက်မှာ ငှက်ပျောသီး စားပေးခြင်းအားဖြင့် ကွီးတို့သည် ကြွက်တက်ခြင်းကို မခံစားရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အာဟာရ ကျန်းမာရေး ပညာရှင်များက ငှက်ပျောသီးထဲတွင် Bromelain အင်ဇီုင်းများပါဝင်ပြီး အမျိုးသားတို့ရဲ့ Testosterone ကို မြှင့်တင်ပေးဖို့ ကူညီပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။ ချစ်တင်းနှော ခြင်းကြောင့် ကုန်ဆုံးသွားတဲ့ အားအင်များကို ငှက်ပျောသီး စားသုံးရင်း ပြန်လည် အားဖြည့်သင့်ပါတယ်။

(၃) ရေ သောက်ပါ

ချစ်တင်းနှော မေ့

ကွီးတို့ ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားဖို့ရန်အတွက် ရေကို မဖြစ်မနေ သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ကွီးတို့ ညီလေးဆီသို့ အောက်ဆီဂျင်နှင့် သွေးတို့ကို လုံလောက်စွာ ပို့ဆောင်နိုင်ဖို့ရန်အတွက် ရေများများ သောက်သုံးဖို့ လိုအပ်ပါတယ်။​ ကွီးတို့ ခန္ဓာကိုယ်က ရေဓာတ် ခမ်းခြောက်မယ်ဆိုရင်တော့ ကွီးတို့ ညီလေးကလည်း ညှိုးငယ်စွာနဲ့ ခြောက်ကပ်ပြီး ကျန်ခဲ့မယ်ဆိုတာကို သတိကပ်ထားသင့်ပါတယ်။

(၄) တစ်ရေးတစ်မော အိပ်ပါ

ချစ်တင်းနှော မေ့

ဒီအချက်ကတော့ အမျိုးသားတိုင်းလိုလို ပြုလုပ်ကြတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့သည် ချစ်တင်းနှောပြီးတဲ့နောက်မှာ Vasopressin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးက ထွက်ရှိလာပြီး ဦးနှောက်နှင့် ခန္ဓာကိုယ်ကို အနားယူဖို့ရန်အတွက် လှုံ့ဆော်နေမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသားများက ချစ်တင်းနှောပြီးတဲ့နောက်မှာ အလွယ်တကူပဲ အိပ်မောကျသွားရခြင်း ဖြစ်ပါတယ်။

(၅) Chia စေ့များ စားသုံးပါ

ချစ်တင်းနှော မေ့

Chia စေ့များကတော့ စွမ်းအင်လည်း ပြည့်ဝသလို အာဟာရဓာတ်များလည်း လုံလောက်စွာ ပါဝင်တဲ့ အစေ့တစ်မျိုးပဲ ဖြစ်ပါတယ်။ ထိုအစေ့များကို စားသုံးခြင်းအားဖြင့် စွမ်းအင်များ ပြည့်ဝနေမှာဖြစ်ပြီး သက်လုံကောင်းကာ အမောခံနိုင်နေမှာဖြစ်တယ်လို့ အာဟာရ ကျန်းမာရေး ပညာရှင်များက ဆိုထားပါတယ်။ ထိုအစေ့များအပြင် နှမ်းစေ့နှင့် ရွှေဖရုံစေ့များကိုလည်း စားသုံးပေးနိုင်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော ပြီးတဲ့နောက်မှာ ဘယ်အရာကို မ မေ့ မလျော့ ပြုလုပ်လေ့ရှိပါသလဲ။

Source : Punchng.com

Featured Photo : Menshealth