ချစ်တင်းနှော တဲ့အခါ ပါတနာရဲ့ လက်တွေကို ကြိုးတွေနဲ့ ချည်နှောင်တာ ၊ လက်ထိတ် ခတ်တာ စတဲ့ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေကို ကွီးတို့ ရုပ်ရှင်တွေ ၊ စာအုပ်တွေထဲမှာ မြင်ဖူးကြမယ် ထင်ပါတယ်။ ဒီလို အပြုအမူ လှုပ်ရှားမှုတွေဟာ BDSM ဒါမှမဟုတ် Bondage Sex လို့ခေါ်တဲ့ ခပ်ကြမ်းကြမ်း ခပ်ရမ်းရမ်း ချစ်တင်းနှော နည်းတွေမှာ သုံးလေ့ရှိကြပြီး တကယ်တမ်းတော့ လက်ထိတ်တွေကို အသုံးပြုတာဟာ ပုံမှန်နဲ့မတူတဲ့ ပြောင်းလဲမှု အတွေ့အကြုံ အသစ်အဆန်းတွေကို ရစေသလို ၊ အိပ်ရာထက်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်စေဖို့ များစွာ အထောက်အကူ ဖြစ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လိင်မှုဆိုင်ရာ ပျော်ရွှင်မှု တိုးစေဖို့အတွက် ကွီးတို့ လက်ထိတ်တွေကို ဘယ်လို အသုံးပြုလို့ရလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ဂိမ်းတွေ ကစားလို့ ရတယ်

Handcuffs

Photo : WowKeren

ချစ်တင်းနှော တဲ့အခါ ဂိမ်းတွေ ပေါင်းထည့် ကစားတာမျိုး ကွီးတို့ ကြားဖူးပါသလား ? ဒါဟာ လိင်မှုဆိုင်ရာ သာယာမှုအတွက် လက်ထိတ် တွေကို အသုံးပြုနိုင်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ဥပမာအားဖြင့် အမေးအဖြေ ဂိမ်းကစားနိုင်ပြီး အဖြေမှန်ကို မဖြေနိုင်သ၍ လက်ထိတ်တွေကို ဖြုတ်မပေးတာမျိုး ကစားနိုင်ပါတယ်။ ဒီလို ဂိမ်းတွေ ထည့်ပေါင်း ကစားတာဟာ ရင်ခုန်စရာ ကောင်းသလို သင်နဲ့သင့်ပါတနာကြား ပျော်ရွှင်မှုလည်း တိုးစေမှာ ဖြစ်ပါတယ်။

(၂) လူကြီးကစားစရာတွေနဲ့ တွဲသုံးလို့ ရတယ်

Handcuffs

Photo : Adobe Stock

Dildos ၊ Cock Ringsနဲ့ Vibrators တို့လို လူကြီးကစားစရာ Sex Toys တွေကို လက်ထိပ်တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ပါတနာကို လက်ထိတ်ခတ် တုပ်နှောင်ထားပြီး Sex Toys တွေနဲ့ နှိုးဆွလှုံ့ဆော် ပေးတာပါ။ Sex Toys တွေကို လက်ထိတ် တွေနဲ့ အတူတကွ တွဲဖက်အသုံးပြုပြီး နှိုးဆွလှုံ့ဆော်ပေးတာဟာ လိင်စိတ်ခံစားမှုတွေကို ပိုမိုနိုးကြား တက်ကြွစေမှာ ဖြစ်ပြီး သာယာကျေနပ်ဖွယ် ခံစားမှုကို အပြည့်အဝ ခံစားရရှိ နိုင်ပါတယ်။

(၃) အကြမ်းပတမ်း BDSM လုပ်ချိန်မှာ သုံးလို့ရတယ်

BDSM

Photo : RTVE.es

BDSM သို့မဟုတ် Bondage Sex လှုပ်ရှားမှုတွေမှာ လက်ထိပ်တွေဟာ သုံးလို့အကောင်းဆုံး ကိရိယာတန်ဆာပလာ တစ်ခုပါပဲ။ BDSM နည်းနဲ့ ချစ်တင်းနှောတဲ့အခါမှာ ပါတနာရဲ့ လက်တွေကို လက်ထိတ်နဲ့ ချုပ်နှောင်ထားပြီး သခင်ကနေ အစေခံကို အမိန့်ပေးစေခိုင်းသလို ပုံစံတွေ လုပ်ဆောင်လို့ ရပါတယ်။ BDSM နည်းမှာ ရိုက်နှက်တာ ၊ ကြမ်းကြမ်းတမ်းတမ်း ပြုမူဆက်ဆံတာလို အကြမ်းဖက်မှုနဲ့ အစွန်းရောက်ဆန်တဲ့ လှုပ်ရှားမှုတွေ ပါဝင်ပေမယ့် ဘေးကင်းမှုရှိဖို့နဲ့ ပါတနာနဲ့ သင့်ကြားမှာ အရင်ဆုံး သဘောတူ လက်ခံမှု ရယူထားဖို့ အကြံပေးချင်ပါတယ်။

(၄) လက်နောက်ပြန် Doggy Style သိုင်းကွက်မှာ ထည့်သုံးလို့ရတယ်

Handcuffs

Photo : HelloBeautiful

လက်ထိတ်တွေကို မတူညီတဲ့ Sex Position သိုင်းကွက် အနေအထားတွေမှာ ထည့်သွင်းအသုံးပြုလို့ ရပါတယ်။ ဒီထဲမှာ လက်ထိတ်တွေ သုံးလို့ အကောင်းဆုံး သိုင်းကွက်တစ်ခုကတော့ Doggy Style သိုင်းကွက်ပါ။ Doggy Style သိုင်းကွက်ကိုမှ လက်နောက်ပြန် လက်ထိတ်ခတ်အနေအထားနဲ့ ချစ်တင်းနှော နိုင်ပါတယ်။ ဒါဟာ ပုံမှန် Doggy Style သိုင်းကွက်နဲ့မတူပဲ ချုပ်နှောင်ခံထားရတဲ့ ခံစားမှုက ပိုမိုရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းနေပါလိမ့်မယ်။

ဒါကတော့ ချစ်တင်းနှော တဲ့အခါ လက်ထိတ်တွေ အသုံးပြုနိုင်မယ့် နည်းလမ်းတွေထဲက အချို့ကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။ ကွီးတို့ရော အိပ်ရာထက်မှာ လက်ထိတ် တွေနဲ့ ကစားဖူးပြီလား ?

Source : My Fit Brain

Featured Photo : The Irish Times