ချစ်တင်းနှော တဲ့အစား လက်သိုင်း ကျင့်မယ်ဆိုရင် ဘယ်လို အကျိုး ကျေးဇူး များကို ရရှိပိုင်ဆိုင် နိုင်သလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။ မသိသေးဘူးဆိုရင်တော့ ဒီဆောင်းပါးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။ ကွီးတို့ရဲ့ သတင်းကောင်းလေးတွေ ပါပါတယ်။

ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

man health

၂၀၀၄ ခုနှစ်က ပြုလုပ်တဲ့ သုတေသန စစ်တမ်းများအရ တစ်ကိုယ်ရည် အာသာဖြေခြင်းသည် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားခြင်းကို ၃၃ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ ၂၀၀၁၆ ခုနှစ်မှာလည်း ထပ်မံ ပြုလုပ်ထားတဲ့ သုတေသန စစ်တမ်းအရ တူညီသော အဖြေကိုသာ ထပ်မံရရှိ ခဲ့ပါတယ်။

ကွီးတို့ ညီလေး တောင့်တောင့်တင်းတင်းဖြစ်အောင် ကူညီပေးခြင်း

man health

ကွီးတို့ အသက် အရွယ်ရလာသည်နှင့်အမျှ ကွီးတို့ ခန္ဓာကိုယ် ကြွက်သားများရဲ့ သိပ်သည်းဆသည်လည်း တဖြည်းဖြည်း လျော့ကျသွားပါတယ်။ ကွီးတို့ ညီလေးရဲ့ ကြွက်သားတွေကလည်း ထိုနည်းအတိုင်းပါပဲ။ ဒါပေမဲ့ တကယ်လို့သာ ကွီးတို့သည် လက်သိုင်း မှန်မှန် ကျင့်တယ်ဆိုရင်တော့ လေ့ကျင့်ခန်း ပြုလုပ်ပေးတာနဲ့တူပြီး သွေးလှည့်ပတ် စီးဆင်းမှုကို ကောင်းမွန်စေတဲ့ အတွက်ကြောင့် ကွီးတို့ ညီလေး လျော့တိ လျော့ရဲဖြစ်ပြီး ရွှေပန်းညှိုးသွားတဲ့ အဖြစ်မျိုးကနေ ကြိုတင် ကာကွယ်ထားရာ ရောက်ပါတယ်။

ဖဲမွေ့ရာထက်မှာ အချိန်ကြာကြာ စွမ်းဆောင်နိုင်အောင် ကူညီပေးခြင်း

man health

တစ်ခါတစ်ရံမှာ ကွီးတို့သည် စိတ်သွားတိုင်း ကိုယ် မပါတဲ့ အဖြစ်မျိုး ကြုံတွေ့ဖူးပါလိမ့်မယ်။ ကွီးတို့ လက်သိုင်းကျင့်တဲ့အခါမှာ ကိုယ့်ရဲ့ ကြာချိန်ကိုလည်း သေချာ လေ့ကျင့်ပေးနိုင်ပါတယ်။ ဆိုကြပါစို့ ကွီးတို့က ပထမတစ်ခါမှာ ၂ မိနစ်နဲ့ ပြီးမြောက်သွားတယ်ဆိုရင် နောက်တစ်ကြိမ်ကျရင် ၃ မိနစ်လောက် တောင့်ခံနိုင်အောင် ကြိုးစားကြည့်လိုက်ပါ။ ဒီလို လေ့ကျင့်ခြင်းအားဖြင့် ကွီးတို့ရဲ့ ဖဲမွေ့ရာထက်က စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ပါတယ်။

ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း

ချစ်တင်းနှော လက်သိုင်း ကျေးဇူး

ဟော်မုန်း ကုထုံးပိုင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်တစ်ဦးရဲ့ ပြောကြားချက်အရ ကွီးတို့ ပြီးမြောက်ပြီးနောက် သုတ်ထုတ်လွှတ် လိုက်ခြင်းသည် Cortisol ဟော်မုန်းကို မြှင့်တင်လိုက်ပါတယ်။ ထိုဟော်မုန်းများ မြှင့်တက်သွားပြီးတော့ ကွီးတို့ရဲ့ ကိုယ်ခံစွမ်းအားကို ပိုမို ကောင်းမွန်လာအောင် ဖန်တီးပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။​

ကွီးတို့ရဲ့ စိတ်ခံစားချက်ကို ကောင်းမွန်လာစေခြင်း

ချစ်တင်းနှော လက်သိုင်း ကျေးဇူး

တစ်ကိုယ်ရည် အာသာဖြေလိုက်တဲ့အခါ စိတ်ခံစားချက်များကို ကောင်းမွန်စေတဲ့ Dopamine နဲ့ Oxytocin ဟော်မုန်းများကို အာရုံကြောဆဲလ်များကနေ တဖြည်းဖြည်း ထုတ်လွှတ်ပေးလိုက်ပြီး ကွီးတို့ရဲ့ ဦးနှောက်ထဲမှာ စိတ်ကျေနပ်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများ၊ ပျော်ရွှင်မှုကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းများ တဖြည်းဖြည်း ထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေခြင်း

ချစ်တင်းနှော လက်သိုင်း ကျေးဇူး

ကွီးတို့ရဲ့ အိပ်စက်မှု စက်ဝန်းကို ကောင်းမွန်စေပြီး ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတဲ့ နည်းတွေ အများကြီး ရှိပါတယ်။ ထိုနည်းလမ်းတွေ အများကြီးထဲကမှ လက်သိုင်း ကျင့်ခြင်းကလည်း တစ်ခု အပါအဝင်ပါပဲ။ စောစောက ပြောခဲ့သလိုပဲ လက်သိုင်းကျင့်ခြင်းကြောင့် စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းများ ထွက်ပေါ်လာပြီး သူနဲ့အတူ စိတ်လက်ပြေလျော့စေတဲ့ ဟော်မုန်းများလည်း တစ်ပါတည်း ထွက်လာပါတယ်။ ဒါ့ကြောင့် ကွီးတို့ကို စိတ်တင်းကြပ်မှုတွေ စိတ်ဖိစီးမှုတွေ မရှိဘဲနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ချစ်တင်းနှော မယ့်အစား လက်သိုင်း ပြောင်းကျင့် ကြည့်ပြီး အခုဖော်ပြသွားတဲ့ အကျိုး ကျေးဇူး များကို မရရှိချင်ဘူးလား။

Source: Menshealth.com

Featured Image: Manmatters.com