လူတိုင်းမှာ မွေးရာပါ ရုပ်ရည်ချောမောမှု မရှိနိုင်ပေမဲ့ စိတ်နေသဘောထားနဲ့ ပြုမူနေထိုင်ပုံတွေကနေတဆင့် ကိုယ့်ရဲ့ဆွဲဆောင်မှုရှိတဲ့ ပုံစံကို အကောင်းဆုံး ဖော်ထုတ်နိုင်ပါတယ်။ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်တွေအရ လူတစ်ယောက်ရဲ့ ဆွဲဆောင်မှုစွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ လက်တွေ့ကျပြီး ထိရောက်တဲ့ နည်းလမ်း ၁၀ ချက်ကို တင်ပြပေးလိုက်ပါတယ်။ တစ်နည်းအားဖြင့် ကွီး တို့ ဆော်ကြည်စေမယ့် နည်းလမ်းတွေပေါ့ဗျာ။

1. ရယ်မောပျော်ရွှင်စေခြင်း - ကောင်မလေးတွေကို ဟာသဉာဏ်နဲ့ ရယ်မောပျော်ရွှင်စေနိုင်စွမ်းက ဆွဲဆောင်မှုအရှိဆုံး အရည်အချင်းတစ်ခု ဖြစ်ပါတယ်။
2. နေကာမျက်မှန် တပ်ဆင်ခြင်း - မျက်လုံးဟာ လူတစ်ယောက်ရဲ့ အားနည်းချက်နဲ့ လျှို့ဝှက်ချက်တွေကို ဖော်ပြနေတာဖြစ်လို့ နေကာမျက်မှန် တပ်ထားတဲ့အခါ ထူးခြားဆန်းကြယ်တဲ့ ပုံစံကို ဖြစ်ပေါ်စေပါတယ်။
3. ကြင်နာတတ်သူ ဖြစ်ခြင်း - သူတစ်ပါးအပေါ် ကိုယ်ချင်းစာတရားနဲ့ ကူညီဖေးမတတ်တဲ့ စိတ်ထားရှိသူတွေဟာ ကောင်မလေးတွေရဲ့ လေးစားအထင်ကြီးမှုကို ပိုမိုရရှိစေနိုင်ပါတယ်။
4. ရေမွှေးဆွတ်ခြင်း - ကောင်းမွန်တဲ့ ရေမွှေးနံ့က ကိုယ့်ရဲ့ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သလို ကောင်မလေးတွေရဲ့ အာရုံကိုလည်း ဖမ်းစားနိုင်စွမ်း ရှိပါတယ်။
5. ကြက်သွန်ဖြူ စားသုံးခြင်း - သိပ္ပံလေ့လာချက်တွေအရ ကြက်သွန်ဖြူ စားသုံးသူတွေရဲ့ ခန္ဓာကိုယ်အနံ့ဟာ အခြားသူတွေအတွက် ပိုပြီး နှစ်လိုဖွယ်ကောင်းတယ်လို့ ဆိုပါတယ်။

6. သူငယ်ချင်းအုပ်စုနဲ့ သွားလာခြင်း - လူအများနဲ့အတူ အစုအဖွဲ့နဲ့ ရှိနေတဲ့အခါ ကိုယ့်ရဲ့ အားသာချက်တွေ ပိုပေါ်လွင်စေပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံကို ပေါ်လွင်စေပါတယ်။
7. ကလေးငယ်တွေနဲ့ ချစ်ခင်စွာနေထိုင်ခြင်း- ကလေးငယ်တွေအပေါ် ဖော်ရွေပြုံးရွှင်ပြတတ်တဲ့ ပုံစံက ကြင်နာတတ်မှုကို ဖော်ပြပေးတဲ့အတွက် ဆွဲဆောင်မှုကို တိုးစေပါတယ်။
8. အိမ်မွေးခွေးနဲ့ လမ်းလျှောက်ထွက်ခြင်း - အိမ်မွေးတိရစ္ဆာန် ခွေးလေးတွေနဲ့အတူ လမ်းလျှောက်နေတဲ့အခါ ကောင်မလေးတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံရလွယ်ကူစေပါတယ်။
9. မုတ်ဆိတ်မွှေး အနည်းငယ်ထားခြင်း - မျက်နှာမှာ မုတ်ဆိတ်မွှေး အနည်းငယ် ပေါက်နေတဲ့ ပုံစံက ယောက်ျားပီသတဲ့ ရုပ်ရည်ကို ပိုပြီး ထင်ရှားစေပါတယ်။
10. စမတ်ကျကျ လမ်းလျှောက်ခြင်း - ယုံကြည်ချက်အပြည့်နဲ့ ရည်ရွယ်ချက်ရှိရှိ လမ်းလျှောက်တဲ့ ပုံစံက ကိုယ့်ရဲ့ ဆွဲဆောင်မှုစွမ်းအားကို အကောင်းဆုံး ဖော်ပြပေးပါတယ်။
Ref : Men’s Health

