လူ့ဦးနှောက်ကို တစ်သက်တာလုံး အလွန်ထက်မြက်စေဖို့နဲ့ မှတ်ဉာဏ်ကောင်းမွန်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံတွေကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။ နယူးယောက်မြို့က NYU Langone Health  မှ အာရုံကြောပညာရှင် Arjun V. Masurkar, MD, PhD  ရဲ့ ညွှန်ကြားချက်အရ နှလုံးအတွက် ကောင်းမွန်တာတွေဟာ ဦးနှောက်အတွက်လည်း ရေရှည်မှာ အလွန်အကျိုးပြုပါတယ်။ ဒါကြောင့် ကွီး တို့ရဲ့ ဦးနှောက်စွမ်းဆောင်ရည်ကို ထာဝစဉ် တိုးမြှင့်ပေးနိုင်မယ့် ကျန်းမာရေး အလေ့အထ (၆) ချက်ကို အောက်ပါအတိုင်း အသေးစိတ် ဖော်ပြလိုက်ပါတယ်။

🛑 ကာဒီယို လေ့ကျင့်ခန်းနဲ့ အလေးမလေ့ကျင့်ခန်းတွေကို တွဲဖက်လုပ်ဆောင်ခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး မှတ်ဉာဏ်ကို တိုးမြှင့်ပေးပါတယ်။ ပြေးခြင်း၊ စက်ဘီးစီးခြင်းတို့က ဦးနှောက်ဆီကို သွေးစီးဆင်းမှုကို အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ခုခံအားလေ့ကျင့်ခန်းတွေက လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။

🛑 အသီးအနှံ၊ ဟင်းသီးဟင်းရွက်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေ ပါဝင်တဲ့ MIND diet အစားအသောက်ပုံစံကို လိုက်နာစားသုံးခြင်းဖြင့် မှတ်ဉာဏ်ယိုယွင်းမှုကို နှေးကွေးစေပါတယ်။ အဲဒီအစားအသောက် စားသုံးမှုပုံစံက ဦးနှောက်ကို ထောက်ပံ့ပေးတဲ့ သွေးကြောတွေကို အားကောင်းစေပါတယ်။ သစ်သီးဝလံနဲ့ သဘာဝအဆီဓာတ်တွေကို ရွေးချယ်စားသုံးခြင်းက အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျော့ကျစေပါတယ်။

🛑 တစ်ညကို အနည်းဆုံး ၇ နာရီ ဒါမှမဟုတ် အဲဒီထက်ပိုပြီး အိပ်စက်အနားယူခြင်းက ဦးနှောက်ကို ပြန်လည်အားပြည့်စေပြီး မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ အိပ်ရေးမဝတာက ဦးနှောက်မှတ်ဉာဏ်ကို ထိခိုက်စေပြီး ရေရှည်မှာ အသိဉာဏ်ယိုယွင်းနိုင်ခြေကို မြင့်တက်စေပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်နဲ့ နိုးထချိန်ကို ပုံမှန်သတ်မှတ်ထားပြီး အီလက်ထရွန်နစ် ပစ္စည်းတွေကို အိပ်ရာမဝင်ခင် ပိတ်ထားသင့်ပါတယ်။

🛑 ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်ပြီး အရက်သောက်သုံးမှုကို ကန့်သတ်ခြင်းက ဦးနှောက်ဆဲလ်တွေ ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။ ဆေးလိပ်ငွေ့က ဦးနှောက်သွေးကြောတွေကို ပျက်စီးစေပြီး မှတ်ဉာဏ်ချို့ယွင်းမှုကို အရှိန်မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံ သောက်သုံးခြင်းက အာရုံကြောဆဲလ်တွေကို ထိခိုက်စေကာ လေဖြတ်နိုင်ခြေကိုပါ မြင့်မားစေပါတယ်။

🛑 စိတ်ဖိစီးမှုကို ကျန်းမာတဲ့နည်းလမ်းတွေနဲ့ ဖြေဖျောက်ခြင်းက အာရုံစိုက်နိုင်စွမ်းနဲ့ ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းပေးပါတယ်။ နည်းလမ်းမှန်ကန်စွာနဲ့ တရားထိုင်ခြင်းက အာရုံစူးစိုက်မှုနဲ့ လုပ်ငန်းခွင် မှတ်ဉာဏ်စွမ်းအားကို တိုးတက်ကောင်းမွန်စေပါတယ်။ မိမိနှစ်သက်တဲ့ ဝါသနာပါရာ အလုပ်တစ်ခုခုကို လုပ်ကိုင်ခြင်းကလည်း နေ့စဉ်ဖိစီးမှုတွေကို လျော့ပါးစေပါတယ်။

🛑 လုပ်ငန်းတာဝန်တွေကို တစ်ပြိုင်နက်တည်း အများကြီးလုပ်ဆောင်ခြင်း (Multitasking) ကို လျှော့ချပြီး တစ်ခုချင်းစီကို အာရုံစိုက်လုပ်ကိုင်ခြင်းက ဦးနှောက်စွမ်းအင်ကို မကုန်ခမ်းစေပါဘူး။ ဦးနှောက်က တာဝန်အများကြီးကို တစ်ပြိုင်နက် လုပ်ဆောင်တဲ့အခါ အလုပ်တစ်ခုကနေ တစ်ခုကို အမြန်ပြောင်းရတာကြောင့် စွမ်းအင်တွေ လျင်မြန်စွာ ကုန်ဆုံးစေပါတယ်။ အဲဒီအစား လုပ်ငန်းတာဝန်တွေကို စာရင်းလုပ်ပြီး တစ်ခုချင်းစီကို အာရုံစိုက်လုပ်ကိုင်ခြင်းက အမှားအယွင်းတွေကို ကာကွယ်ပေးပါတယ်။

Ref : Menshealth