ကွီး တို့အတွက် အရက်သောက်သုံးခြင်းက လူမှုရေးနဲ့ ပျော်ရွှင်စရာ အခမ်းအနားတွေမှာ ပါဝင်လေ့ရှိပေမဲ့ ကျန်းမာရေးကို ထိခိုက်မှု မရှိအောင် သတိပြုဆင်ခြင်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ အလွန်အကျွံ သောက်သုံးမိတာက အသည်းနဲ့ ပန်ကရိယကို ထိခိုက်စေရုံသာမက ကင်ဆာရောဂါအထိ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေးကင်းလုံခြုံစွာနဲ့ သောက်သုံးနိုင်ဖို့ ကျွမ်းကျင်သူတွေ အကြံပြုထားတဲ့ အချက် (၇) ချက်ကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။

1. အရက်မသောက်ခင်မှာ အစားအစာတစ်ခုခုကို အရင်စားထားသင့်ပါတယ်။ အစာစားထားခြင်းအားဖြင့် အရက်တွေ သွေးကြောထဲ စုပ်ယူမှုကို နှေးကွေးစေပါတယ်။

2. အရက်မသောက်ခင် ရေ သို့မဟုတ် အရက်မပါတဲ့ အချိုရည်ကို အရင်သောက်ပြီး ရေငတ်တာကို ဖြေဖျောက်ပါ။ ဒါမှသာ အရက်ကို အလွန်အကျွံ သောက်မိမှာကို ကာကွယ်နိုင်ပါတယ်။

3. အမျိုးသားတွေအနေနဲ့ တစ်နေ့ကို အရက် နှစ်ခွက်ထက် ပိုမသောက်သင့်ဘဲ အမျိုးသမီးတွေအနေနဲ့ တစ်ခွက်ထက် ပိုမသောက်သင့်ပါဘူး။

4. အရက်ကို အမြန်ကြီး မသောက်ဘဲ တဖြည်းဖြည်းချင်း သောက်သုံးခြင်းဖြင့် အရက်ရဲ့ ဆိုးကျိုးတွေကို သက်သာစေနိုင်ပါတယ်။

5. မော်တော်ယာဉ် မောင်းနှင်ရမယ့်အချိန်တွေမှာ အရက်သောက်သုံးခြင်းကို ရှောင်ကြဉ်ရပါမယ်။

6. နာတာရှည်ရောဂါ ခံစားနေရသူတွေအနေနဲ့ အရက်သောက်သုံးခြင်းကို လုံးဝရှောင်ရှားသင့်ပါတယ်။

7. ပုံမှန်သောက်နေကျထက် ပိုသောက်မိတာ၊ လုပ်ငန်းခွင်နဲ့ မိသားစု တာဝန်တွေကို ထိခိုက်လာတာမျိုး ရှိလာရင် အရက်စွဲနေပြီဖြစ်တဲ့ သတိပေးလက္ခဏာတွေကို သတိပြုပြီး ကျွမ်းကျင်သူဆီမှာ အကူအညီတောင်းခံပါ။

Ref : healthwaymedical