လိင်မှုကိစ္စဟာ အကောင်းဆုံး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတစ်ခုလို့ ပြောရင် ကွီးတို့ ငြင်းနိုင်မလား ? ချစ်တင်းနှော ခြင်းဟာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေ များစွာ သက်ရောက်စေပြီး ခန္ဓာကိုယ်ကို လန်းဆန်း တက်ကြွစေဖို့ အထောက်အကူ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ချစ်တင်းနှောတာဟာ အကောင်းဆုံး လေ့ကျင့်ခန်း တစ်ခု ဖြစ်နိုင်တဲ့ အကြောင်းအရင်း အချို့ကို ပြောပြပေးပါမယ်။

(၁) နှလုံးခုန်နှုန်းကို တိုးစေတယ်

Couple Lying Down on Bed

Photo : VistaCreate

ချစ်တင်းနှော ခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို မြှင့်တင်ပေးပြီး နှလုံးကြွက်သာတွေကို သန်မာလာစေဖို့ အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့အပြင် သွေးစီးဆင်းမှု တိုးစေတဲ့အတွက် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ အောက်ဆီဂျင် ထောက်ပံ့မှု တိုးတက်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

(၂) ကယ်လိုရီလောင်ကျွမ်းစေတယ်

Couple Lying Down on Bed

Photo : Pexels

ချစ်တင်းနှောတာဟာ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားရတဲ့အတွက် ကယ်လိုရီ လောင်ကျွမ်းမှု မြင့်မားပါတယ်။ ပျှမ်းမျှအားဖြင့် အမျိုးသားတွေမှာ ၂၅ မိနစ်ခန့် ချစ်တင်းနှောချိန်အတွင်းမှာ ကယ်လိုရီ ၁၀၁ ဝန်းကျင် လောင်ကျွမ်းနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

(၃) ကြွက်သားတွေ ကျစ်လစ်စေတယ်

Couple Lying Down on Bed

Photo : Pond5

ချစ်တင်းနှော တဲ့အခါ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သား အစိတ်အပိုင်းတွေ ၊ ဝမ်းဗိုက် ၊ တင်ပါးဆုံနဲ့ ပေါင်ကြွက်သားတွေကို လှုပ်ရှားမှု ကောင်းကောင်း ပေးရပါတယ်။ ဒါကြောင့် ပုံမှန် ချစ်တင်းနှောတာဟာ ဒီကြွက်သားအုပ်စုတွေကို သန်မာစေပြီး ကြွက်သားတွေ ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးပါတယ်။

(၄) ခန္ဓာကိုယ် လှုပ်ရှားနိုင်စွမ်းကို တိုးစေတယ်

Couple Lying Down on Bed
Photo : IMAGO – Bilder & Videos für Medien, Sport

မတူညီတဲ့ ချစ်တင်းနှောမှု ပုံစံတွေကို လုပ်ဆောင်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားနိုင်စွမ်း ၊ ကြွက်သားတွေရဲ့ ပျော့ပြောင်းမှုနဲ့ ဟန်ချက်ညီမှုတွေကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေကို ပြေလျော့စေပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်စွမ်း ရှိပါတယ်။

Source : Healthshots

Featured Photo : VistaCreate