ဘီးကျဲတို့မှာ များစွာသော ဆန္ဒများ အမြောက်အမြား ရှိတဲ့အနက် ချစ်တင်းနှော တဲ့အခါ ယောကျာ်းသားတို့ အစွမ်း ကို ပီပီပြင်ပြင် ပြသချင်တာသည်လည်း တစ်ခုအပါအဝင်ပါပဲ။ ဒီလိုမျိုး ချစ်တင်းနှော တဲ့အခါ ယောကျာ်းသားတို့ အစွမ်း ကို ပြသချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါလိမ့်မယ်။

(၁) စိတ်ဖိစီးမှုများကို လျော့ချပါ

စိတ်ဖိစီး

စိတ်ဖိစီးမှုများသည် ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို ထိခိုက်စေရုံသာမကဘဲ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ကွီးတို့ရဲ့ ညီလေး ပန်းသေ ပန်းညှိုး သွားစေနိုင်သလိုပဲ ချစ်တင်းနှော တဲ့အခါမှာလည်း အစွမ်း အစတွေ လျော့နည်းသွားတာကြောင့် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

(၂) မကျန်းမာတဲ့ အလေ့အကျင့်ဆိုးများကို ဖယ်ရှားပါ

အလေ့အကျင့်ဆိုး

ညဘက် ညဥ့်နက်တဲ့အထိ မအိပ်ဘဲ နေခြင်း၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများ စားသုံးခြင်း၊ လေ့ကျင့်ခန်း ပြုလုပ်ဖို့ ပျင်းရိခြင်း အစရှိတဲ့ အကျင့်ဆိုးများကို ဖျောက်ဖျက်ဖို့ လိုအပ်ပါလိမ့်မယ်။ ထိုအကျင့်ဆိုးများကို ဆက်လက် ဖက်တွယ်နေမယ်ဆိုရင်တော့ ကွီးတို့ရဲ့ စွမ်းဆောင်ရည်က တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာတော့ သိသိသာသာ လျော့ကျသွားမှာပဲဖြစ်ပါတယ်။

(၃) အချိန်ကြာကြာ တစ်ကိုယ်ရည် အာသာဖြေပါ

ချစ်တင်းနှော အစွမ်း

ချစ်တင်းနှော တဲ့အခါ အချိန်ကြာကြာ မစွမ်းဆောင်နိုင်ခြင်းသည် ကွီးတို့က အလေ့အကျင့် မလုံလောက်လို့ပဲဖြစ်ပါတယ်။ အလေ့အကျင့်ကောင်းကောင်းရချင်တယ်ဆိုရင်တော့ တစ်ကိုယ်ရည် အာသာဖြေတဲ့ နည်းက အကောင်းဆုံးပါပဲ။ ဒါ့အပြင် ဘယ်လိုနည်းနဲ့ တစ်ကိုရည် အာသာဖြေသလဲဆိုတာကလည်း အရေးကြီးပါတယ်။ အကြမ်းပတမ်းနဲ့ မြန်မြန်ဆန်ဆန် အာသာဖြေခြင်းကို ရှောင်ကြဥ်ဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်း ဖြည်းဖြည်း ဆေးဆေးနဲ့ အချိန်ယူပြီး အာသာဖြေခြင်းက ကွီးတို့အတွက် ချစ်တင်းနှော တဲ့အခါ အချိန်ကြာကြာ စွမ်းဆောင်နိုင်အောင် ကူညီပေးနိုင်ပါတယ်။

(၄) သဘာဝ ဆေးစွမ်းကောင်းများ မှီဝဲပါ

ချစ်တင်းနှော အစွမ်း

ပုရိသတို့အတွက် အကောင်းဆုံးနဲ့ အစွမ်းအထက်ဆုံး ဆေးစွမ်းကောင်းတစ်လက်ကတော့ ဂျင်ဆင်းပဲဖြစ်ပါတယ်။ ဂျင်းဆင်းသည် ကွီးတို့ရဲ့ ယေဘုယျ ကျန်းမာရေးအတွက်သာမက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်စေပါတယ်။

ဒါ့အပြင် ကာဖိန်းဓာတ်လည်း မှီဝဲပေးနိုင်ပါတယ်။ ကာဖိန်းဓာတ်သည် ကွီးတို့ကို သက်လုံကောင်းစေပြီး အမောခံနိုင်အောင် ကူညီပေးနိုင်တယ်လို့ လေ့လာချက်တစ်ခုအရ သိရှိရပါတယ်။

(၅) သက်လုံကောင်းကာ အမောခံနိုင်အောင် လေ့ကျင့်ပါ

ချစ်တင်းနှော အစွမ်း

သက်လုံကောင်းကာ အမောခံနိုင်ဖို့အတွက်ဆိုရင်တော့ နှလုံး သွေးလှည့်ပတ်မှု ကောင်းစေမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့သည် တစ်ပတ်လျှင် ၇၅ မိနစ်မှ ၁၅၀ မိနစ် ပြည့်အောင် လေ့ကျင့်ခန်း ပြုလုပ်ပေးရပါမယ်။ အချိန်ကြာကြာ ထိုင်ခြင်းမှလည်း ရှောင်ကြဥ်သင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းတဲ့ ဘဝက ကွီးတို့ရဲ့ ချစ်တင်းနှော တဲ့အခါ ပီပီပြင်ပြင် အစွမ်း ထုတ်မသုံးနိုင်အောင် အဟန့်အတားဖြစ်စေပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ အစွမ်းအစတွေကို ပီပီပြင်ပြင် ထုတ်သုံးဖြစ်ကြရဲ့လား။

Source : Healthline

Featured Photo : News24