ချစ်တင်းနှောတဲ့အခါ အထွတ်အထိပ် Orgasm ရဖို့က လူတစ်ယောက်နဲ့တစ်ယောက် အများကြီး ကွဲပြားခြားနားနိုင်ပါတယ်။ အထူးသဖြင့် ကျားနဲ့မမှာ မတူကွဲပြားမှုတွေ သိသိသာသာရှိပြီး အမျိုးသမီးတွေရဲ့ Orgasm ဟာ ပိုရှုပ်ထွေး ၊ ပိုခက်ခဲတယ်လို့ ပြောရမှာပါ။ ဒါနဲ့ပတ်သတ်ပြီး မတူညီတဲ့ သီအိုရီတွေ အများကြီးရှိသလို မတူညီတဲ့ နည်းလမ်းအမျိုးမျိုး ဆွေးနွေးကြပေမယ့်လည်း အခုချိန်ထိတော့ အမျိုးသမီး Orgasm ဟာ ရှုပ်ထွေးပြီး တိကျတဲ့အဖြေတစ်ခုရှာရခက်ခဲ နေဆဲပါပဲ။ သို့သော် အခုပြောပြမယ့် လျို့ဝှက်ချက် ၃ ချက်ကို ကွီးတို့ ကောင်းကောင်း သိထားပြီး လက်တွေ့ အသုံးချမယ်ဆိုရင်တော့ ကွီးတို့ ရှော်တီလေးနဲ့ ချစ်တင်းနှော ချိန်တိုင်း ပါတနာကို အထွတ်အထိပ် ရောက်အောင် စွမ်းဆောင်နိုင်စေမှာပဲ ဖြစ်ပါတယ်။
(၁) Foreplay အတွက် အချိန်သေချာယူပါ
Photo : Nohat
လိင်စိတ်တက်ကြွမှုနဲ့ စိတ်ခံစားချက်တွေကို အမြင့်ဆုံးထိရောက်အောင် ဆွဲခေါ်သွားနိုင်ဖို့ဆိုရင် အစပျိုးမှုတွေဟာ အရေးပါဆုံးပါ။ ချစ်တင်းနှော တဲ့အခါ Foreplay လို့ခေါ်တဲ့ ကြိုတင်နှိုးဆွမှု အဆင့်ဟာ အချစ်ပင်လယ်ကြီးထဲ စီးဝင်မြောမယ့် နောက်ဆက်တွဲ အချိန်အားလုံးအပေါ် သက်ဆိုင်မှု ရှိပါတယ်။ Foreplay ကို သေချာအချိန်ယူပြီး လုပ်ဆောင်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ရင်းနှီးမှုအတိုင်းအတာဟာ ပိုမိုတိုးပွားလာစေမှာဖြစ်သလို လိင်စိတ်နိုးကြားမှု ၊ စိတ်ပါဝင်စားမှုတွေဟာလည်း တရိပ်ရိပ်တက်လာမှာဖြစ်ပြီး ကောင်းမွန်တဲ့ အထိအတွေ့ ခံစားချက်တွေနောက် အထွတ်အထိပ် ရောက်ဖို့ ပိုမိုလွယ်ကူစေပါလိမ့်မယ်။
(၂) အဓိက ခလုတ်လေးတွေကို ဖြုတ်ပေးပါ
Photo : Freepik
ခန္ဓာကိုယ် မှာ Erogenous Zones လို့ခေါ်တဲ့ အာရုံခံစားမှုအမြင့်ဆုံး နေရာလေးတွေ ရှိပါတယ်။ ဒါက နည်းနည်းလေးတော့ ပဟေဠိဆန်တယ်လို့ ပြောရမှာပါ။ အကြောင်းကတော့ မိန်းကလေးတွေမှာ တစ်ယောက်နဲ့တစ်ယောက် အာရုံခံစားမှုမြင့်တဲ့ နေရာလေးတွေဟာ မတူညီတက်တာကြောင့်ပါ။ အဓိကအားဖြင့်တော့ လည်တိုင် ၊ နားနောက် ၊ ရင်သား ၊ ခါးနဲ့ လက်ကောက်ဝတ်လို Erogenous Zones နေရာလေးတွေကို ပွတ်သပ်နမ်းရှုံ့ပြီး ခလုတ်တွေ ဖြုတ်ပေးမယ်ဆိုရင် ကွီးတို့ရဲ့ ရှော်တီလေး အချစ်စိတ်တွေ နိုးကြားတက်ကြွလာမှာ ဖြစ်ကာ ချစ်တင်းနှော ချိန်မှာ အထွတ်အထိပ် ခံစားချက်ကို ကောင်းကောင်း ရောက်ရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
(၃) နှစ်သက်မှုလေးတွေ ရှာဖွေပါ
Photo : Muscle & Fitness
ချစ်တင်းနှော ချိန်မှာ အထွတ်အထိပ် ရောက်စေဖို့ ဒီအချက်ကလည်း သိပ်ကို အရေးပါပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အကြိုက်နဲ့နှစ်သက်မှုလေးတွေကို ပွင့်လင်းစွာ ပြောပြထားမယ်ဆိုရင် သူဘာလိုချင်လဲ ကိုယ်ဘာပေးရမလဲဆိုတာ ကောင်းကောင်းသိရှိပြီး ပါတနာရဲ့ စိတ်ခံစားမှုတွေ အမြင့်ဆုံးအထိ ရောက်ရှိအောင် စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပွင့်လင်းမှုရှိပါ။ ရှက်ရွံမှုတွေ ၊ စိုးရိမ်စိတ်လေးတွေ လျော့ပါးပြီး တစ်ယောက်အကြိုက်ကို တစ်ယောက်ကောင်းကောင်း ပေးစွမ်းနိုင်မယ်ဆိုရင်တော့ လိုအင်ပြည့်ဝ အထွတ်အထိပ် ရစေမှာ အသေအချာပါပဲ။
Source : Healthshots
Featured Photo : Freepik