ချစ်တင်းနှော တဲ့အခါ ဘေးကင်းလုံခြုံမှုကို ဦးစားပေး စဉ်းစားရပါမယ်။ တစ်ခဏတာ သက်သာမှုကနေ တစ်ဘဝစာ အမှားတွေ မဖြစ်စေဖို့ ကွီးတို့ ကိုယ်တိုင် သတိထားရှောင်ကြဉ်ရမှာပါ။ ဒီတစ်ခေါက်မှာတော့ ချစ်တင်းနှော တိုင်းမှာ အန္တရာယ်ကင်းဖို့ ရှောင်ရမယ့် အမှားတွေကို မျှဝေပေးသွားချင်ပါတယ်။

(၁) ကွန်ဒုံးတွေကို မှားယွင်းစွာ အသုံးပြုခြင်း

condoms

Photo : Gizmodo

ကွန်ဒုံးတွေဟာ STIs နဲ့ မလိုချင်တဲ့ ကိုယ်ဝန်ရနိုင်ခြင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ သို့သော် မှန်ကန်မှုရှိရှိနဲ့ စနစ်တကျ နည်းလမ်းမှန်စွာ အသုံးပြုဖို့ လိုပါတယ်။ ချစ်တင်းနှော တဲ့အခါ မှန်ကန်တဲ့ ကွန်ဒုံးဆိုဒ်ကို သေချာရွေးချယ်ဖို့လိုသလို ဒိတ်လွန်မလွန်ကိုလည်း စစ်ဆေးရပါမယ်။ နောက်တစ်ချက်ကတော့ ကွန်ဒုံးတွေကို တစ်ကြိမ်ဆက်ဆံတိုင်းမှာ အသစ်လဲ သုံးပေးပါ။ တစ်ပြိုင်နက်တည်း ကွန်ဒုံး ၁ ခုထက်ပိုပြီး အသုံးပြုခြင်းကိုလည်း ရှောင်ရပါမယ်။

(၂) ကိုယ်ဝန်မရအောင် အနောက်တံခါးကို ဆက်ဆံခြင်း

Anal

Photo : Better2Know

စအိုနဲ့ ချစ်တင်းနှော တာဟာ ကိုယ်ဝန်ရနိုင်ခြေ နည်းပါတယ်။ သို့သော် ရာနှုန်းပြည့်စိတ်ချလို့တော့ မရပါဘူး။ စအိုကနေ ယိုဖိတ်ကျလာတဲ့ သုတ်ရည်ဟာ မိန်းမကိုယ်ဆီသို့ ရောက်ရှိသွားနိုင်လို့ပါ။ နောက်တစ်ချက်ကတော့ လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါအန္တရာယ် စိတ်ပူစရာရှိပါတယ်။ စအိုတစ်ရှူးတွေဟာ ပါးလွှာပြီး အလွယ်တကူ စုတ်ပြဲနိုင်တာကြောင့် ရောဂါပိုးမွှားတွေ ဝင်ရောက်နိုင်ခြေ များပါတယ်။ ဒါကြောင့် အနောက်တံခါးကို ဝင်တော့မယ်ဆို အကာအကွယ်နဲ့ ချောဆီ မဖြစ်မနေ အသုံးပြုဖို့ လိုအပ်ပါတယ်။

(၃) ရာသီလာခါနီး အကာကွယ်မဲ့ ချစ်တင်းနှောခြင်း

 Period

Photo : Flo

သားအိမ်က မျိုးဥထွက်ချိန်မှာ ကိုယ်ဝန်ရနိုင်ခြေ အခွင့်အရေး အများဆုံးပါ။ ဒါက ရာသီစက်ဝန်းအလယ်လောက်မှာ ဖြစ်ပါတယ်။ မမျိုးဥထွက်တဲ့နေ့နဲ့ ၃ – ၅ ရက်မတိုင်ခင် အပါအဝင် ၅ – ၇ ရက်အတွင်းဟာ သန္ဓေအောင်နိုင်ဆုံး ဖြစ်ပါတယ်။ အကယ်၍ ရာသီစက်ဝန်းတိုပြီး ရာသီလာခါနီးမှာ ချစ်တင်းနှောမိရင် ၄ – ၅ ရက်အကြာမှာ ကိုယ်ဝန်ရနိုင်ပါတယ်။

(၄) သုတ်ရည် ပြင်ပစွန့်ထုတ်တဲ့ နည်းလမ်းသုံးခြင်း

withdrawal method

Photo : www.labmedico.com

Withdrawal Method လို့ခေါ်ပါတယ်။ သုတ်ရည်ကို မိန်းမကိုယ် ပြင်ပမှာ စွန့်ထုတ်တဲ့ နည်းလမ်းပါ။ ဒါဟာ အသုံးများတဲ့ သဘာဝအတိုင်း ကိုယ်ဝန်မရအောင် တားဆီးတဲ့နည်းလမ်းတစ်ခုဖြစ်ပေမယ့် အပြည့်အဝစိတ်ချလို့မရသလို အန္တရာယ်လည်း များပါတယ်။ ပြီးချိန်မှာ ညီလေးကို အချိန်မီ ဆွဲထုတ်နိုင်ဖို့ ကျွမ်းကျင်မှုက အရေးကြီးပါတယ်။ သို့သော် အကာကွယ်မဲ့ ဆက်ဆံတာ ဖြစ်တဲ့အတွက် အချိန်မရွေး ကိုယ်ဝန်ရသွားနိုင်သလို လိင်မှတဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင် ရှိနေပါတယ်။

Source : Web MD

Featured Photo : My Fit Brain