ချစ်တင်းနှော တဲ့အခါ ကွီးတို့ရဲ့ ချစ်သူ ပါတနာကို အော်ဂဇင် (Orgasm) အထွတ်အထိပ် ခံစားမှု ကောင်းကောင်း ရအောင် စွမ်းဆောင်ပေးတက်ချင်ပါသလား ? ဒါဆိုရင်တော့ ကွီးတို့ သိကိုသိထားရမယ့် လျို့ဝှက်ချက်လေးတွေ ရှိပါတယ်။ အထွတ်အထိပ် ခံစားမှုရဖို့ ခက်ပါတယ်ဆိုတဲ့ အမျိုးသမီးတွေတောင် အခုပြောပြမယ့် နည်းလမ်းလေးတွေနဲ့ဆို စိတ်ကျေနပ် ပျော်ရွှင်မှု အပြည့်အဝ ရစေမှာပါ။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်ရအောင်ပါ။

(၁) ညင်သာသိမ်မွေ့တဲ့ အထိအတွေ့ကို ပေးပါ

Couple
Photo : 30Seconds

အထိအတွေ့တိုင်းဟာ စိတ်လှုပ်ရှားစရာ ဖြစ်စေဖို့ ညင်သာသိမ်မွေ့မှုဟာ အဓိကပါပဲ။ စိတ်ခံစားမှုတွေ အဆင့်သင့် မဖြစ်သေးချိန်မှာ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ထိတွေ့တာမျိုး လုံးဝ မလုပ်သင့်ပါဘူး။ ညင်သာသိမ်မွေ့တဲ့ အထိအတွေ့ ၊ သာယာငြိမ့်ငြောင်းတဲ့ အပြုအစု ယုယမှုတွေနဲ့ လိင်စိတ်ခံစားမှုတွေကို တဆင့်ချင်း နိုးဆွလှုံ့ဆော်ပေးရမှာ ဖြစ်ပါတယ်။ စိတ်ခံစားချက် အရှိန်တွေ မြင့်လာလေ အော်ဂဇင် ရဖို့ ပိုလွယ်လေပါ။

(၂) လှုပ်ရှားမှုတိုင်းမှာ အဓိက ခလုတ်ကို နှိုးဆွထိတွေ့ပေးပါ

Couple

Photo : Just Simply Mom

Clitoris သို့မဟုတ် Clit လို့ခေါ်တဲ့ မိန်းမကိုယ်အစေ့ဟာ ခံစားမှုအာရုံအမြင့်ဆုံးနဲ့ စိတ်အကြွစေဆုံး ခလုတ်တစ်ခုပါပဲ။ ဒီနေရာကို အဓိကထား နှိုးဆွလှုံ့ဆော်ပေးဖို့ လိုပါတယ်။ ပွတ်သပ်နှိုးဆွတဲ့ Foreplay အဆင့်မှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နောက်ဆင့် ထိုးသွင်းဆက်ဆံမှု လုပ်ဆောင်ချိန်မှာပဲ ဖြစ်ဖြစ် အဓိက ခလုတ်နေရာ မိန်းမကိုယ်အစေ့ကို ထိတွေ့လှုံ့ဆော်ပေးရမှာ ဖြစ်ပါတယ်။ ဒါက လိင်စိတ်ခံစားမှုကို အမြင့်ဆုံးထိ မြှင့်တင်ပေးနိုင်ပြီး အထွတ်အထိပ် ခံစားမှု ကောင်းကောင်း ရစေမှာ ဖြစ်ပါတယ်။

(၃) သိုင်းကွက်အမျိုးမျိုး ပြောင်းလဲကစားပေးပါ

Couple
Photo : Love Wellness

မတူညီတဲ့ Positions တွေကို ပြောင်းလဲပြီး ချစ်တင်းနှော တာဟာ ရင်ခုန်စိတ်လှုပ်ရှားမှုကိုတိုးစေပြီး ခံစားမှုပိုကောင်းစေပါတယ်။ ပြောရရင် သိုင်းကွက်တစ်ခုတည်းကိုပဲ ကိစ္စပြီးတဲ့အထိ မပြောင်းပဲသုံးသွားမယ်ဆိုရင် ပျင်းစရာကောင်းပါတယ်။ အနေအထားမတူ ၊ ပုံစံမတူတဲ့ သိုင်းကွက် အနည်းဆုံး ၃ / ၄ ကွက်လောက် ပြောင်းလဲပြီး ချစ်တင်းနှောမယ်ဆိုရင် လိင်စိတ်တက်ကြွမှု ပိုကောင်းသလို အထွတ်အထိပ် ခံစားချက် အော်ဂဇင် ရဖို့ ပိုလွယ်ပါတယ်။

Source : My Fit Brain 

Featured Photo : Best Health Magazine