အမျိုးသား အများစုကတော့ အိပ်ရာထက်မှာ သာယာပျော်ရွှင်ဖွယ် အထိအတွေ့ ခံစားမှုနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တို့ကို ပြသနိုင်ဖို့ ချစ်တင်းမနှောခင် မှာ အယ်လ်ကိုဟော အနည်းငယ် မှီဝဲလေ့ ရှိကြပါတယ်။ ဒါပေမယ့် သတိထားရမှာက ရေချိန်ကျော် မသွားဖို့ပါ။ အလွန်အကျွံသောက်သုံးတာက လိင်မှုစွမ်းဆောင်ရည်ကို ဆိုးဆိုးရွားရွား ထိခိုက်ကျဆင်းစေနိုင်သလို အန္တရာယ်ရှိတဲ့ လိင်မှုဆိုင်ရာ လုပ်ဆောင်မှုတွေကို ကျူးလွန်မိစေဖို့ ရာခိုင်နှုန်း များပါတယ်။ အကယ်၍ ကွီးတို့က ပေါ့ပေါ့ပါးပါးနဲ့ ရဲဆေးတင်တဲ့ သဘောလောက်ပဲ ခပ်ပါးပါး ပုတ်မယ်ဆိုရင်တော့ အခုပြောပြမယ့် အယ်လ်ကိုဟော အမျိုးအစားတွေကို ရွေးချယ်နိုင်ပါတယ်။

(၁) ဝိုင်နီ

Red Wine

Photo : Barcino

ဝိုင်နီကတော့ Sex Drive ကို တိုးစေတယ်လို့ လူသိများပါတယ်။ ဝိုင်နီက စိတ်တည်ငြိမ်အောင် ကူညီပေးပြီး ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့အတွက် သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေဖို့ အထောက်အပံ့ ဖြစ်စေပါတယ်။ ချစ်တင်းမနှောခင် မှာ စိတ်အေးလက်အေးနဲ့ အပန်းပြေမှု ကောင်းကောင်းရရှိဖို့နဲ့ အိပ်ရာထက်မှာ စွမ်းဆောင်ပြည့်ဝနေစေဖို့ လုပ်ငန်းမစခင် ဝိုင်နီ အနည်းငယ်ခန့် မှီဝဲသောက်သုံးပေးနိုင်ပါတယ်။

(၂) ရှန်ပိန်

Champagne

Photo : Food & Wine

ရှန်ပိန်ကတော့ ပျော်ရွှင်တဲ့ စိတ်ခံစားမှုတွေကို တွန်းအားဖြစ်စေတဲ့ အယ်လ်ကိုဟော တစ်မျိုးပါ။ စိတ်လှုပ်ရှားမှု ၊ ပျော်ရွှင်မှုတွေကို အပြည့်အဝ ခံစားရစေမှာ အသေအချာပါပဲ။ ချစ်တင်းမနှောခင် သင်ရောသင့်ပါတနာ နှစ်ဦးလုံး ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်နဲ့ ပျော်ရွှင်ကြည်နူးတဲ့ ခံစားမှုတွေကို တိုးပွားရရခံစားနိုင်စေဖို့ ရှန်ပိန် တစ်ခွက်လောက် သောက်ပေးနိုင်ပါတယ်။

(၃) တက်ကီလာ

Tequila

Photo : The Spruce Eats

ချစ်တင်းမနှောခင် မှာ Energy ကောင်းကောင်းတက်ချင်ရင်တော့ တက်ကီလာ ၁ Shot သို့မဟုတ် ၂ Shot လောက် မော့လိုက်ပါ။ တက်ကီလာက ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်းက စွမ်းအင်ကို Boost လုပ်ပေးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အားကောင်းမောင်းသန် ၊ စွမ်းဆောင်ရည် ပြည့်ဝတဲ့ ယောကျာ်းတစ်ယောက် ဆိုတာကို အပြည့်အဝ ခံစားရစေမှာ ဖြစ်ပါတယ်။

(၄) ဂျင်

Gin

Photo : Martha Stewart

ဂျင် ကတော့ ကွီးတို့ရဲ့ စိတ်အာရုံကို ပြောင်းလဲစေမယ့် မှော်ဆေးတစ်ခွက်လို့ တင်စားရမှာပါ။ ဂျင်ဟာ ခန္ဓာကိုယ်ကို နိုးကြားစေတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတာ ဖြစ်ပြီး သောက်လိုက်တိုင်းမှာ စိတ်အာရုံတွေ နိုးကြားတက်ကြွလာတာကို ခံစားမိစေမှာ ဖြစ်ပါတယ်။ ချစ်တင်းမနှောခင် ဂျင်တစ်ခွက်လောက် သောက်ပေးမယ်ဆိုရင် အထိအတွေ့တိုင်းကို ပိုပြီး ပြင်းပြင်းရှရှ ခံစားရစေမှာဖြစ်သလို အံ့သြဖွယ်ကောင်းတဲ့ အထွတ်အထိပ် ခံစားမှုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

(၅) ဝီစကီ

Whiskey

Photo : Time

အယ်လ်ကိုဟောတွေထဲက ဆရာကြီးတစ်ပါးကတော့ ဝီစကီပါပဲ။ ဝီစကီဟာ အေးချမ်းလွန်းတဲ့ဆောင်းညမှာ မီးလှုံလိုက်ရသလို ခံစားချက်မျိုးပေးပါတယ်။ ခန္ဓာကိုယ်ကို နွေးနွေးထွေးထွေးနဲ့ သက်တောင့်သက်သာဖြစ်စေသလို စိတ်ပိုင်းဆိုင်ရာ အာရုံပျံ့လွင့်မှုတွေ ၊ မတည်ငြိမ်မှုတွေကို ဖြေလျော့သက်သာစေပြီး စိတ်ရောကိုယ်ပါ တည်ငြိမ်မှုနဲ့အတူ ကျေနပ်အားရတဲ့ ခံစားချက်ကောင်းကောင်းကို ပေးစွမ်းပါလိမ့်မယ်။ ကွီးတို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ၊ ခံစားချက်ကောင်းကောင်းနဲ့ စွမ်းဆောင်ရည် ပြချင်ရင်တော့ ချစ်တင်းမနှောခင် မှာ ဝီစကီတစ်ခွက်လောက်နဲ့ အရင် Chill လိုက်ပါ။

Source : My Fit Brain

Featured Photo : What to Expect