ကွီးတို့က ရှော်တီလေးနဲ့ ချစ်တင်းမနှော ဘဲ လက်သိုင်း ကျင့်ရုံသာ ကျင့်မယ်ဆိုရင်တော့ နည်းလမ်း မှန်ဖို့ လိုအပ်ပါတယ်။ ဘာ့ကြောင့် ဒါကို အရေးတယူလုပ်ပြီး ပြောနေရလဲဆိုရင်တော့ လက်သိုင်းကျင့်တာက နည်းလမ်း မမှန်တဲ့အခါမှာ ကွီးတို့ ခံစားရမယ့် နောက်ဆက်တွဲ ဆိုးကျိုးများရှိနေလို့ပဲဖြစ်ပါတယ်။

ချစ်တင်းမနှော ဘဲ လက်သိုင်း ကျင့်တဲ့အခါ နည်းလမ်း မမှန်ဘူးဆိုရင် ဘာတွေ ခံစားရနိုင်သလဲ

couple

  • စောစောစီးစီး ပြီးမြောက်ကာ သုံးမိနစ် ခေါက်ဆွဲပြုတ် ဆိုပြီး နာမည်ပြောင် ပြောင်းသွားခြင်း
  • ၁၈ ယောက် စုကြည့်ရတဲ့ ဇာတ်ကားများကို မကြည့်ရ မနေနိုင်ဖြစ်ကာ စွဲလန်းသွားခြင်း
  • ကွီးတို့ ရွှေပန်းလေး ညှိုးသွားခြင်း
  • ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး အမြဲတစေ စိုးရိမ် ပူပန်စိတ် ဝင်လာခြင်း အစရှိတဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရမှာပဲဖြစ်ပါတယ်။

ဒီလို ဆိုးကျိုးတွေကို မခံစားချင်ဘူးဆိုရင် ဘယ်လိုမျိုး နည်းလမ်းမှန်မှန်နဲ့ လက်သိုင်းကျင့်သင့်သလဲ။

ပုံစံအမျိုးမျိုးနဲ့ လက်သိုင်းကျင့်ကြည့်ပါ

 

man hands

ကွီးတို့ရဲ့ ခန္ဓာကိုယ် အနေအထားကို အမျိုးမျိုး ပြောင်းလဲပြီး လက်သိုင်းကျင့်ခြင်းက ပျော်ရွှင်မှုကို ဖန်တီးပေးနိုင်ပါတယ်။ ဖဲမွေ့ရာပေါ်မှာပဲ လှဲလျောင်းပြီး လက်သိုင်းကျင့်မယ့်အစား မတ်တပ်ရပ်တာမျိုး (သို့) ထိုင်တာမျိုး (သို့) ဒူးထောက်ပြီး လက်သိုင်းကျင့်တာမျိုး အစရှိသဖြင့် ပုံစံအမျိုးမျိုး ပြောင်းလဲကာ ပြုလုပ်ကြည့်ပါ။​

ကိုယ် အားသန်တဲ့ လက်တစ်ဖက်တည်းကိုပဲ မသုံးပါနဲ့

ချစ်တင်းမနှော လက်သိုင်း

များသောအားဖြင့် ကိုယ် အားသန်တဲ့လက်ကို အသုံးပြုဖြစ်ကြပါတယ်။ ဒါပေမဲ့ လက်တစ်ဖက်တည်းကို အသုံးပြုမယ့်အစား ကိုယ် အားမသန်တဲ့ လက်နဲ့ပါ လက်သိုင်းကျင့်ကြည့်မယ်ဆိုရင် ခံစားချက် နှစ်မျိုးကို ခံစားရမှာပဲဖြစ်ပါတယ်။

ကွီးတို့ တင်ပါးကို အသုံးချပါ

ချစ်တင်းမနှော လက်သိုင်း

လက်သိုင်းကျင့်တာပဲဆိုပြီး တင်ပါးကို အလုပ်မပေးဘဲ ထားတာမျိုး မလုပ်ပါနဲ့။ ကွီးတို့ တင်ပါးကို စက်ဝိုင်းပုံသဏ္ဍာန် ပတ်ဝိုင်းပြီး တစ်ပြိုင်နက်တည်းမှာပဲ လက်ကိုလည်း အလုပ်ပေးထားလိုက်ပါ။ ဒီနှစ်မျိုးကို တစ်ပြိုင်နက်တည်း ပြုလုပ်နိုင်ပြီဆိုရင်တော့ ကွီးတို့က ဆရာကြီးပါပဲ။

လူကြီးကားတွေပဲ အားမကိုးပါနဲ့

ချစ်တင်းမနှော လက်သိုင်း

လက်သိုင်းကျင့်တယ်လို့ ပြောလိုက်တာနဲ့ လူကြီးကားတွေကိုလည်း မေ့ထားလို့မရပါဘူး။ သူတို့ နှစ်ခုက ခွဲမရတဲ့စုံတွဲလိုပါပဲ။ ဒါပေမဲ့ နေ့စဥ်နဲ့အမျှ လူကြီးကားတွေပဲ ကြည့်မယ်ဆိုရင် ကြာလာရင် ကွီးတို့ ကျန်းမာရေးအတွက်လည်း မကောင်းသလို ကွီးတို့ရဲ့ လူမှုဘဝအတွက်လည်း ထိခိုက်စေနိုင်ပါတယ်။ လူကြီးကားတွေကို လိုအပ်တာထက် အလွန်အကျွံ ကြည့်ခြင်းသည် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း မကောင်းစေနိုင်သလို အခန့်မသင့်ရင် ရွှေပန်းလည်း ညှိုးသွားနိုင်ပါတယ်။ ဒါ့ကြောင့် လူကြီးကားတွေအစား ရုပ်ပြစာအုပ်များ (သို့) အသံထွက် ဖတ်ပြတဲ့ စာအုပ်များ စတာတွေနဲ့ အာရုံလွှကာ လက်သိုင်းကျင့်နိုင်ပါသေးတယ်။​

ကွီးတို့ရော ရှော်တီလေး မရှိလို့ ချစ်တင်းမနှော ရဘူးဆိုရင်တောင်မှ လက်သိုင်း ကျင့်တာကိုတော့ နည်းမှန် လမ်းမှန်နဲ့ ပြုလုပ်နေတယ် ဟုတ်။

Source: Betweenusclinic

Featured Image: Timesnownews