ချစ်တင်း နှောချိန်မှာ သာယာကျေနပ်ဖွယ် ခံစားမှုကို အပြည့်အဝ ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်ရမယ့် အချက်လေးတွေ ရှိပါတယ်။ ဘာတွေ ဖြစ်မလဲဆိုတာ ကွီးတို့ လေ့လာကြည့်လိုက်ပါဦး။

(၁) အကာအကွယ် ရယ်ဒီပြင်ထားပါ

Condom

Photo : South China Morning Post

ကျန်းမာပြီး လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှု ဖြစ်စေဖို့ အကာအကွယ်က အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါကြောင့် ချစ်တင်း မနှောခင်မှာ ကွန်ဒုံး ကို အသင့်ဆောင်ထားဖို့ လိုပါတယ်။ လုပ်ငန်းစခါနီးမှာ အလောတကြီး ရှာနေရတာ ၊ အပြင်ထွက်ဝယ်ရတာမျိုး မဖြစ်အောင် ကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။

(၂) ဦးနှောက်ကို လှုံ့ဆော်ပါ

Couple On Bed

Photo : SNL24

ချစ်တင်း မနှောခင်မှာ အတွေးတွေကနေ တဆင့် လိင်စိတ်အတွေး အာရုံကို ပုံဖော်ကြည့်ပါ။ ဒါဟာ ဦးနှောက်ကို လှုံ့ဆော်ပေးတဲ့ နည်းလမ်းတစ်ခုပါပဲ။ သင့်ချစ်သူနဲ့အတူ အိပ်ရာပေါ်က ပုံရိပ်တွေကို စိတ်ကူးယဉ် မြင်ယောင်ပုံဖော်ကြည့်တာဟာ လိင်စိတ်နိုးကြားတက်ကြွမှုကို အမြင့်ဆုံးထိ မြင့်တင်ပေးနိုင်ပြီး အမှန်တကယ် ချစ်တင်းနှောချိန်မှာ ခံစားမှုပိုကောင်းသလို အထွတ်အထိပ် ခံစားချက်ကို ပြည့်ပြည့်ဝဝ ရနိုင်ပါတယ်။

(၃) To Do List လုပ်ထားပါ

Couple On Bed

Photo : Kinedu Blog

ချစ်တင်း နှောချိန်မှာ လုပ်ဆောင်မယ့် အရာတွေကို ဦးနှောက်ထဲ အစီအစဉ်တကျ စာရင်းလုပ်ထား သင့်ပါတယ်။ ဒါက သင်နဲ့ သင့်ပါတနာ နှစ်ဦးသား အချစ်ပင်လယ်ကြီးထဲ စီးမြောကြချိန်မှာ အစီအစဉ်တကျနဲ့ ပိုမို ခရီးရောက်စေမှာ ဖြစ်ပြီး သာယာကျေနပ်ဖွယ်ကောင်းတဲ့ အတွေ့အကြုံ ခံစားမှုကို ရရှိပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) ဆွဲဆောင်မှု ရှိစေတဲ့ အရာတစ်ခုခု လုပ်ပါ

Couple On Bed
Photo : Europe IVF

ချစ်တင်း မနှောခင် သင့်ကို နည်းနည်းလေး ပိုပြီး Sexy ကျစေတယ် ၊ ယုံကြည်မှု ပိုရှိလာစေတယ်လို့ ခံစားရတဲ့ အရာတစ်ခုခု လုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလေ လိင်စိတ်တက်ကြွမှု ပိုမြင့်မားပြီး အကောင်းမွန်ဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်မှာ ဖြစ်ပါတယ်။

Source : Times of India

Featured Photo : Bumble – The Buzz