ချစ်သူနှစ်ဦး တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှု အားကောင်းကောင်းနဲ့ ခိုင်မာမြဲမြံတဲ့ ဆက်ဆံရေးတစ်ခုကို ပုံဖော်နိုင်ဖို့ ဂိမ်းကစားနည်းတွေက တကယ့်ကိုပဲ အလုပ်ဖြစ်ပါတယ်။ Couple ဂိမ်းတွေဟာ ချစ်သူနှစ်ဦးကြားက ရင်းနှီးမှုနဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပြီး ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ဆက်သွယ်မှုတွေကို တိုးတက်စေဖို့ များစွာအထောက်အကူ ဖြစ်စေပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ချစ်သူစုံတွဲ တွေအတွက် အားလပ်ချိန်မှာ ဆော့ကစားနိုင်မယ့် ပျော်စရာကောင်းတဲ့ ဂိမ်း လေးတွေ ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) Card ဂိမ်းများ

Photo : Couple Travel the World

Card ဂိမ်း ကတော့ ဘယ်အချိန်ဖြစ်ဖြစ် ဆော့လို့ကောင်းတဲ့ ပျော်စရာဂိမ်းတွေထဲက တစ်ခုပါပဲ။ ချစ်သူစုံတွဲ တွေအနေနဲ့ အားလပ်ချိန်တွေမှာ နှစ်ယောက်တည်း ဆော့ကစားနိုင်သလို သူငယ်ချင်းတွေနဲ့လည်း အဖွဲ့လိုက် ပျော်ပျော်ကြီး ဆော့ကစားလို့ ရပါတယ်။ Set ၊ Crowns နဲ့ Uno တို့ လို Card ဂိမ်းတွေကတော့ ချစ်သူလေးနဲ့ Date Night မှာ ဆော့နိုင်မယ့် အကောင်းဆုံး ပျော်စရာဂိမ်းတွေပဲ ဖြစ်ပါတယ်။

(၂) Roleplay ဂိမ်း

Photo : Pillow Guy

Roleplay ကတော့ ချစ်သူစုံတွဲ တွေအတွက် အကောင်းဆုံး Super Flirty Game တစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းရဲ့ ကစားနည်းလေးကတော့ လွယ်ကူရိုးရှင်းပါတယ်။ ချစ်သူနှစ်ဦးရဲ့ အကြိုက်ဆုံး ရုပ်ရှင်ဇာတ်ကားတွေနဲ့ တီဗီစီးရီးတွေထဲက ဇာတ်ကောင်တွေအတိုင်း သရုပ်ဆောင်ရမှာပါ။ ရုပ်ရှင်ထဲက ဇာတ်ကောင်တွေလို ဝတ်စားဆင်ယင်ပြီး ဇာတ်ကောင်တွေရဲ့ အမူအကျင့်နဲ့ နေထိုင်မှု ပုံစံအတိုင်း ပြုမူသရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဂိမ်းက ချစ်သူဦးနှစ်ကြားက Sex Life ကို ထူးခြားကောင်းမွန်စေမယ့် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

(၃) Video ဂိမ်း

Photo : MOBILESTYLES

Video ဂိမ်းတွေကတော့ များသောအားဖြင့် ယောကျာ်းလေးတွေ တစ်ဦးတည်းကစားကြတာ များပေမယ့် ချစ်သူကောင်မလေးနဲ့အတူတူ ဆော့ကစားရတာ ပိုပြီးပျော်ရွှင်စရာ ကောင်းပါတယ်။ ချစ်သူလေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်မယ့် Video ဂိမ်းတွေကတော့ အများကြီးပါပဲ။ ပေါ့ပေါ့ပါးပါး ဆော့လို့ရမယ့် ဂိမ်းလေးတွေ ၊ အပစ်အခတ် အတိုက်အခိုက်ဂိမ်းတွေ ၊ ဇာတ်လမ်းသွားဂိမ်းတွေ ၊ တူရိယာတီးခတ်တဲ့ ဂိမ်းတွေ ၊ Lego ဂိမ်းတွေအပြင် တခြားဆော့လို့ကောင်းတဲ့ ဂိမ်းတွေကို စိတ်ကြိုက်ရွေးချယ် ဆော့ကစားနိုင်ပါတယ်။

(၄) This Or That ဂိမ်း

Photo : IcebreakerIdeas

ဒီဂိမ်းလေးကတော့ ချစ်သူစုံတွဲ တွေအတွက် တစ်ယောက်အကြောင်းတစ်ယောက် ပိုသိခွင့်ရဖို့ ကူညီပေးမယ့် ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ တစ်ယောက်ရဲ့အကြိုက်တွေ ၊ အရေးပါတဲ့ အကြောင်းအရာ အသစ်သစ်တွေ ၊ စိတ်နေသဘောထားတွေကို အများကြီး သိလာမှာ ဖြစ်ပါတယ်။ ဂိမ်းပုံစံလေးကတော့ ရိုးရှင်းပါတယ်။ မေးခွန်းနှစ်ကို ယှဉ်မေးပြီး ပိုကြိုက်တဲ့အရာကို ရွေးချယ်ဖြေခိုင်းရမှာပါ။ ဥပမာ ကမ်းခြေလား (သို့မဟုတ်) တောင်တန်းလား ၊ ဝိုင်လား (သို့မဟုတ်) ဘီယာလား ၊ ရေခဲမုန့်လား (သို့မဟုတ်) ကိတ်လား ၊ ခွေးလား (သို့မဟုတ်) ကြောင်လား ၊ ချောကလက်လား (သို့မဟုတ်) စတော်ဘယ်ရီလား စသည်ဖြင့် ကိုယ့်ပါတနာရဲ့ ပိုကြိုက်တဲ့ အရာလေးတွေကို မေးခွန်းမေးပြီး ဖြေခိုင်းရမယ့် ပေါ့ပေါ့ပါးပါး ပျော်စရာဂိမ်းလေး ဖြစ်ပါတယ်။

(၅) Romantic Scrabble ဂိမ်း

Photo : Styles At Life

Scrabble ဂိမ်းကတော့ လူတိုင်းဆော့ဖူးပြီးသား ဂိမ်းလေးတစ်ခု ဖြစ်ပါတယ်။ ချစ်သူစုံတွဲ တွေအတွက် ပိုပြီး ရင်ခုန်စရာကောင်းတဲ့ပုံစံနဲ့ ဆော့ကစားချင်တယ်ဆိုရင်တော့ Romantic Scrabble ဂိမ်းက အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် အချစ်ကိုဖော်ကြူးတဲ့ စကားလုံးလေးတွေနဲ့ Romantic ဆန်တဲ့ စကားလုံးလေးတွေကိုပဲ သုံးပြီး ကစားရမှာပါ။ ရှုံးတဲ့သူက အနမ်းပေးရတဲ့ ရိုမန်တစ်ဆန်တဲ့ စည်းမျဉ်းလေးတွေကိုလည်း ထပ်ပေါင်းထည့်ပြီး ကစားနိုင်ပါတယ်။

အထက်ပါ ဂိမ်း လေးတွေအပြင် အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ အမှန်တရား ၂ ခု / အလိမ်အညာတစ်ခု ဂိမ်းလေးတွေ ၊  ရိုမန်တစ်ဆန်တဲ့ Deal Or No Deal ဂိမ်းလေးတွေ ၊ မျက်လုံးချင်းစုံပြီး ကြည့်ရတဲ့ Staring Contest ဂိမ်းလေးတွေ ၊ အမှန်တရားပြောမလား ခိုင်းတာလုပ်မလားဆိုတဲ့ Truth Or Dare ဂိမ်းလေးတွေ ၊ အသောက်တလိုင်း စုံတွဲတွေအတွက် ပျော်စရာကောင်းတဲ့ Drinking Roulette ဂိမ်းလေးတွေနဲ့ Monopoly ၊ Ticket to Ride ၊ Chess ၊ Boggle ၊ Battle Line တို့လို နာမည်ကျော် Board ဂိမ်းတွေ အပြင် တခြား ပျော်စရာဂိမ်းလေးတွေများစွာကိုလည်း ချစ်သူနှစ်ဦးရဲ့ အားလပ်ချိန်တွေမှာ ပျော်ပျော်ပါးပါး ဆော့ကစားလို့ ရပါတယ်။

Featured Photo : True Love Words