ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့ Relationship တစ်ခုတည်ဆောက်ပြီးသွားရင် အနာဂတ်ရည်မှန်းချက် များစွာနဲ့ သာယာပျော်ရွှင်ပြီး တည်မြဲချင်ကြတာပါပဲ။ ဒါပေမဲ့လည်း မမျှော်လင့်တဲ့ ပြဿနာတွေ၊ နားလည်မှုလွဲတာတွေ ကတော့ ဘယ် Relationship မဆိုရှိနိုင်ပါတယ်။ Relationship အချို့ဟာ ဘဝခရီးလမ်းရဲ့ တစ်ဝက်တစ်ပျက်မှာပဲ ပျက်ပြယ်သွားတတ်ကြပါတယ်။ အကြောင်းပြချက်မရှိဘဲ လမ်းခွဲသွားတဲ့ စုံတွဲတွေဆိုတာ မရှိသလောက်ပါပဲ။ ဒါကြောင့် ကွီးတို့ သတိထားသိရှိနိုင်ဖို့ အတွက် ချစ်သူတို့ လမ်းခွဲရတဲ့ အဓိကအကြောင်းအရင်းများ ကို ဖော်ပြပေးချင်ပါတယ်။

(၁) လိမ်လည်ခြင်း

ချစ်သူတို့ လမ်းခွဲရတဲ့

Photo : Irish Mirror

စုံတွဲတွေ တစ်နည်းအားဖြင့် ချစ်သူတို့ လမ်းခွဲရတဲ့ အဓိကအကြောင်းအရင်းထဲက တစ်ခုကတော့ လိမ်လည်ခြင်း ပဲဖြစ်ပါတယ်။ တစ်ဖက်သားကိုလိမ်လည်ပြီး ထိုသူအပြင် အခြားတစ်ယောက်နဲ့ ပတ်သတ်ဆက်နွယ်မှု ရှိနေတာမျိုးက တကယ်ကို ကြီးမားတဲ့ ပြဿနာပါ။ တစ်ဖက်သားကို  သစ္စာမရှိရာ၊ လေးစားမှု မရှိရာလည်း ရောက်ပါတယ်။ ထိုကဲ့သို့ လိမ်ညာမှုကို တစ်ဖက်သားက တွေ့ရှိခဲ့လျှင် ဒီ Relationship ဟာ အဆုံးသတ်ဖို့ ရာခိုင်နှုန်းများပါတယ်။

(၂) ပွင့်ပွင်းလင်းလင်းပြောဆို ဆက်ဆံမှုမရှိခြင်း

ချစ်သူတို့ လမ်းခွဲရတဲ့

Photo : Maximonline

Relationship တစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှုမရှိခြင်းကလည်း ဆက်ဆံရေးကို အေးစက်လာစေပါတယ်။ ထို့အပြင် တစ်ဦးနဲ့တစ်ဦး နားလည်မှုများပျောက်ကာ အဆုံးသတ်ဖို့ ဦးတည်သွားနိုင်ပါတယ်။ ကွီးတို့အနေနဲ့ Relationship တစ်ခုကို စတင်တည်ဆောက်ပြီဆိုကတည်းက အထိုက်အလျောက် ပွင့်ပွင့်လင်းလင်းရှိပါ။ သူနဲ့ကိုယ်ကြားမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချို့ကို ဖန်တီးပါ။ ကိုယ့်ဘက်က မကြိုက်တဲ့အချက်များ၊ တစ်ဖက်သားဘက်က ပြင်စေချင်တဲ့အချက်များကို ပွင့်ပွင့်လင်းလင်းပြောဆို ညှိနှိုင်းထားခြင်းဖြင့် အချင်းချင်း နားလည်မှုပိုလာကာ သာယာပျော်ရွှင်ဖို့ကောင်းတဲ့ Relationship တစ်ခုဖြစ်စေပါတယ်။

(၃) ချစ်ခင်တွယ်တာမှုနဲ့ အာရုံစိုက်မှုနည်းခြင်း

ချစ်သူတို့ လမ်းခွဲရတဲ့

Photo : Breaking News

ကွီးတို့ရေ ဒီအချက်ကလည်း ချစ်သူတို့ လမ်းခွဲရတဲ့ အကြောင်းအရင်းထဲမှာပါဝင်ပါတယ်။ ကိုယ်ချစ်တဲ့သူကို အသေးစိတ်ကအစ အာရုံစိုက်ပြီး ဂရုစိုက်နေမိတာ သဘာဝပါပဲ။ ဘယ်သူမဆို ကိုယ်ချစ်သူဆီက ချစ်ခင်ယုယတာနဲ့ အလေးပေးတာ လိုချင်ကြမှာပါ။ ဒါပေမဲ့ အလုပ်များလို့သော်လည်းကောင်း၊ အချိန်ကြာလာလို့သော်လည်းကောင်း၊ အခြားအာရုံစိုက်စရာ ကိစ္စများကြောင့်လည်းကောင်း စသည်ဖြင့် နှစ်ဦးနှစ်ဖက် ချစ်ခင်တွယ်တာမှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်မှုတွေ၊ စိတ်ဝင်စားမှုတွေ မရှိတော့ခြင်းကလည်းလမ်းခွဲဖို့ အကြောင်းဖန်လာပါလိမ့်မယ်။

(၄) တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ခြင်း

Relationship

Photo : Love AroungMe

Relationship တစ်ခုဟာ လူနှစ်ယောက်အတူ တည်ဆောက်ရတာဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့က အဓိကပါပဲ။ ဘယ်လောက်ကြီးမားတဲ့ ပြဿာနာပဲ ဖြစ်ပါစေ၊ သို့မဟုတ် ဘယ်လိုအားနည်းချက်ပဲ ဖြစ်ပါစေ တစ်ဦးနဲ့တစ်ဦး နားလည်မှု နားလည်မှုအပြည့်နဲ့ရှေ့ဆက်သွားရင် သာယာပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ရင်တော့ ဘယ်လို အသေးအဖွဲ ပြဿနာပဲဖြစ်ပါစေ၊ ရှေ့ဆက်ဖို့ခဲယဉ်းမှာပါ။

(၅) ထိန်းချုပ်လွန်းခြင်း

Relationship

Photo : A View from the Bubble

ချစ်သူရည်းစား ဆက်ဆံရေးတစ်ခုမှာ အရာရာကို သံသယဖြစ်ပြီး မယုံသင်္ကာ စိတ်နဲ့ထိန်းချုပ်တာဟာ ဘယ်လောက်ပဲချစ်လို့ဖြစ်ပါစေ၊ မမှန်ကန်ပါဘူး။ ဒီအချက်ကြောင့်ပဲ လူနှစ်ဦးကြားထဲမှာ မကြာခဏပြဿနာတတ်ခြင်း၊ ရန်ဖြစ်ခြင်းများ ဖြစ်လာနိုင်ပါတယ်။ ထိန်းချုပ်ခံရတဲ့တစ်ဖက်သားဟာ ဒီ Relationship အပေါ်မှာမပျော်တော့ဘဲ မွန်းကျပ်လာမှာပါ။ ဒါဆိုရင်တော့ ဒီ Relationship ဟာအချိန်မှီ မပြင်ဆင်ရင် အဆုံးသတ်ဖို့ ဖြစ်လာနိုင်ပါတယ်။

အခု ဖော်ပြပေးလိုက်တာကတော့ ချစ်သူတို့ ကြားထဲမှာ လမ်းခွဲရတဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ ကွီးတို့လည်း ဒီအချက်လေးတွေကို သိရှိပြီး သာယာပျော်ရွင်တဲ့ Relationship တစ်ခုပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

Source : Psychology Today

Featured Photo : Distractify