ချိုမြိန်တဲ့ အနမ်းတစ်ပွင့်က ချစ်ရသူနှစ်ဦးအတွက် အရေးပါတဲ့အပြင် များစွာသော အဓိပ္ပါယ်နဲ့ ခံစားချက်များကို သယ်ဆောင်လာပေးပါတယ်။ ဒါ့အပြင် အနမ်း က ချစ်ရသူလေးအပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာကို ပြသပေးနိုင်တဲ့‌ သင်္ကေတတစ်ခုဆိုလည်း မမှားပါဘူး။ အနမ်းတစ်ပွင့်ဟာ စိတ်လှုပ်ရှား ကြည်နူးဖွယ် ခံစားချက်နဲ့ ချစ်ခြင်းမေတ္တာကို ခံစားရစေပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ညိုကီတို့အတွက် ချစ်သူလေးနဲ့ ချိုမြိန်တဲ့ ချစ်ခြင်းတွေ ဖော်ပြပေးနိုင်ဖို့ အာဘွား ပေးနည်းလေးကို ဖော်ပြပေးပါမယ်။

အရိပ်အမြွက်ပြပါ

ချစ်သူလေးနဲ့ အာဘွာ

Photo : Vista Create

ညိုကီတို့ရေ ကိုယ့်ရဲ့ ချစ်သူလေးကို အနမ်းတစ်ပွင့်ပေးချင်တယ်ဆိုရင် ချက်ချင်း လှုပ်ရှားလိုက်တာထက် အရိက်အမြွက်လေး ပြပေးခြင်းနဲ့ စတင်ပါ။ ဒါက အချစ်ရဲ့ဆက်သွယ်နည်း တစ်မျိုးပါ။ ပေါ့ပေါးသော ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုနဲ့ စတင်ပါ။ ဥပမာအားဖြင့် သူမလက်လေးကို ကိုင်လိုက်တာ၊ သူမရဲ့ နှုတ်ခမ်းလေးကို (ခေတ္တမျှ) စိုက်ကြည့်တာ၊ စတဲ့ နွေးထွေးချိုမြိန်တဲ့ အပြုအမူလေးတွေကနေ စတင်နိုင်ပါတယ်။

ရိုမန်တစ်ဆန်တဲ့ အပြုအမူလေးတွေ ပြုလုပ်ပါ

ချစ်သူလေးနဲ့ အာဘွား

Photo : Unplush

လေးနက်သော ခံစားချက်များကို တစ်ဖက်လူသိအောင် ညင်သာစွာ ပြောပြပါ။ ရိုမန်တစ်ဆန်တဲ့ ခံစားချက်များနဲ့ သူ့အပေါ်မှာ ထားရှိတဲ့ ကိုယ့်ရဲ့ ချစ်ခြင်းကို လေသံ အနည်းငယ်လျှော့ချပြီး မျက်လုံးချင်းဆုံလျက် ပြောပြပေးပါ။ စစချင်း နှုတ်ခမ်းကို တိုက်ရိုက်အနမ်းမပေးဘဲ သူမရဲ့ လက်၊ နဖူး သို့မဟုတ် ပါးလေးကို အနမ်းပေးခြင်းဖြင့် စတင်ပါ။ တစ်ဖက်လူက စိတ်ဝင်စားမှသာ နှုတ်ခမ်းကို အနမ်းပေးဖို့ ရှေ့ဆက်ပါ။

နှုတ်ခမ်းများ နူးညံ့နေပါစေ

ချစ်သူလေးနဲ့ အာဘွာ

Photo : Luvey

ချစ်သူလေးနဲ့ အာဘွား ပေးဖို့ စဉ်းစားနေရင် ကွီးတို့နှုတ်ခမ်းများကို နူးညံ့နေစေပါစေ။ နှုတ်ခမ်းများ နူးညံ့ပျော့ပျောင်းနေစေဖို့ အစိုဓာတ်ပြည့်ဝနေစေရန် အမျိုးသားသုံး Lip Balm များကို အသုံးပြုလို့ရပါတယ်။ နှုတ်ခမ်းများ ပျော့ပျောင်းနေခြင်းက အနမ်းများကို နူးညံ့ပြီး နက်ရှိုင်းစေကာ သက်တောင့်သက်သာ ဖြစ်စေတဲ့အပြင် ပွင့်လင်းသော ခံစားမှုကို ဖြစ်စေဖို့ အထောက်အကူပြုပေးပါလိမ့်မယ်။ ဒါ့အပြင် ခံတွင်းသန့်ရှင်းရေးနဲ့ ခံတွင်းနံ့သင်းပျံ့နေစေဖို့ကလည်း အလေးထား ဂရုစိုက်ပါ။

လေးနက်မှုကို ပြသပါ

Photo : India TV News

ကွီးတို့ရေ အနမ်းတစ်ပွင့်ပေးမယ်ဆိုရင် တစ်ဖက်သားကို ပိုမိုနီးကပ်စွာ ထားလျက် လေးနက်မှုကို ပြသရန် ကွီးတို့ရဲ့ လက်များကို ချစ်ရသူလေးရဲ့ ပခုံးပေါ် ဒါမှမဟုတ် ခါးတစ်ဝိုက်မှာ ညင်သာစွာထားပါ။ နောက်ထပ်လေးနက်တဲ့ အာရုံခံစားမှုတစ်ခု ရစေတာကတော့ ချစ်သူလေးရဲ့ ဦးခေါင်းဒါမှမဟုတ် လည်ပင်းလေးကို ညင်သာစွာ ကိုင်ထားလျက် အနမ်းခြွေလို့ရပါတယ်။

အလျင်မလိုပါနဲ့

kiss

Photo : Love Destination

ချစ်ခြင်းနဲ့ ပြည့်ဝတဲ့ အနမ်းတစ်ပွင့်ကို ပေးရာမှာ အလျင်မလိုပါနဲ့။ ပေါ့ပါးသော ဖိအားကိုအသုံးပြုကာ ပိုမိုနှေးကွေးပြီး နူးညံ့သိမ်မွေ့သောပုံစံဖြစ်စေပါ။ အကယ်၍ ညိုကီတို့အတွက် ပထမဆုံးအနမ်းဆိုပါက အပေါ်မှာ‌ဖော်ပြပေးတဲ့ အဆင့်လေးတွေနဲ့ တစ်ဆင့်ချင်း ဖြည်းဖြည်းနဲ့ နှေးနှေးသွားခြင်းက အနမ်းကို ပိုပြီး အဓိပ္ပာယ်ပြည့်ဝေကာ ချိုမြိန်နူးညံ့စေမှာပါ။

ကွီးတို့ရေ ဒီနည်းလေးတွေကို အသုံးချပြီး ကွီးတို့ရဲ့ချစ်ခြင်းကို ချိုမြိန်တဲ့ အနမ်းလေးများနဲ့ ဖော်ပြနိုင်ပါစေ။

Source : WikiHow

Featured Photo : Vista Create