ချိုင်းချွေးနံ့ပျောက်ဆေးနှင့် Roll-On တို့သည် ကွီးတို့ရဲ့ ချိုင်းနံ့ကို ယာယီသာ ဖျောက်ဖျက်ပေးနိုင်တာဖြစ်ပါတယ်။ တစ်ခါတစ်လမှာ ချွေးထွက်များတဲ့သူတွေဆိုရင် အလုပ်မဖြစ်တာမျိုးတောင် ရှိပါတယ်။ လိမ်းထားချိန် တစ်နာရီ၊ နှစ်နာရီလောက်သာခံပြီး Roll-On ရနံ့ ပြယ်သွားချိန်မှာတော့ ကိုယ့်ရဲ့ ချွေးနံ့က နဂိုအတိုင်း ပြန်ထွက်လာမှာပဲ ဖြစ်ပါတယ်။ ဒါဆိုရင် ကွီးတို့ရဲ့ ချိုင်းနံ့ နံခြင်းကို တားဆီးဖို့အတွက် နည်းလမ်းကောင်းတွေ မရှိဘူးလား။ မဟုတ်ပါဘူး၊ ရှိပါတယ်။ ကွီးတို့ရဲ့ ချိုင်းနံ့ ကို အကုန်အကျ သက်သက်သာသာနဲ့ သက်သာပျောက်ကင်းသွားစေမယ့် အိမ်တွင်း ကုသနည်းများ ရှိပါတယ်။

ကွီးတို့ရဲ့ မီးဖိုချောင်မှာရှိတဲ့ ပစ္စည်းများကို အသုံးပြုပေးရုံနဲ့တင် ချိုင်းချွေးနံ့များကို အပြီးတိုင်နှုတ်ဆက်နိုင်ပါပြီ။

ဆားကြမ်းဖြင့် ကွီးတို့ရဲ့ ချိုင်းချွေးနံ့ကို ဖျောက်နိုင်ပါတယ်

ချိုင်းနံ့ အိမ်တွင်း

ရေပုံးတစ်ပုံးထဲသို့ ကြက်သီးနွေး ရေနွေးများ ထည့်ထားလိုက်ပါ။ ထို့နောက် ဆားကြမ်းအနည်းငယ်ကို ရေပုံးထဲ ထည့်ပြီးနောက် ပျော်ဝင်သွားသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ထိုဆားရည်ဖြင့် ရေချိုးပေးလိုက်ပါ။ ဆားရည်သည် ခန္ဓာကိုယ်တစ်ခုလုံးရှိ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပြီး ချိုင်းချွေးနံ့ကိုလည်း ဖျောက်ဖျက်ပေးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်ဖြင့် စပရေးဖြန်းလိုက်ပါ

ချိုင်းနံ့ အိမ်တွင်း

ကွီးတို့ရဲ့ ချိုင်းနံ့ နံခြင်းကို ဖျောက်ဖျက်ပေးမယ့် နောက်ထပ် အိမ်တွင်း နည်းလမ်းကောင်းတစ်ခုကတော့ ပန်းသီးရှာလကာရည် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းခန့်ကို ရေ စားပွဲတင်ဇွန်း ၈ ဇွန်းဖြင့် သမေအာင် ရောမွှေလိုက်ပါ။ ထို့နောက် စပရေးဘူးအလွတ်တစ်လုံးထဲ ထည့်လိုက်ပါ။ ညအိပ်ရာ ဝင်ခါနီးတိုင်းမှာ ချိုင်းကြားအသားအရေပေါ် ပက်ဖြန်းပေးလိုက်ပါ။ မနက်အိပ်ရာနိုးလာတဲ့အချိန်မှာတော့ ချိုင်းကြားအသားအရေကို ကြက်သီးနွေး ရေနွေးဖြင့် ဆေးချလိုက်ပါ။

အာလူး အသုံးပြုပါ

ချိုင်းနံ့ အိမ်တွင်း

အာလူးများကို အပြားလိုက် ပါးပါးလှီးပြီးနောက် ချိုင်းကြားအသားအရေကို မိနစ် ၃၀ ခန့် ပွတ်တိုက်ပေးလိုက်ပါ သတ်မှတ်ချိန်ပြည့်အောင် ပွတ်တိုက်ပြီးတဲ့နောက်မှာတော့ ရေဖြင့် ဆေးကြောပေးလိုက်ပါ။ တစ်ပတ်လျှင် ၂ ကြိမ်၊ ၃ ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင်တော့ ချိုင်းနံ့ဆိုးများ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါနှင့် သံပုယိုရည်တို့ကို အသုံးပြုပါ

man armpit home remedies

ချိုင်းနံ့ ဆိုးများကို ဖျောက်ဖျက်ပေးမယ့် နောက်ထပ် အိမ်တွင်း နည်းလမ်းကောင်းတစ်ခုကတော့ မုန့်ဖုတ်ဆိုဒါနှင့် သံပုယိုရည် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမေအာင် ရောမွှေပေးလိုက်ပါ။ ရရှိလာတဲ့ အနှစ်အရောအနှောကို ချိုင်းကြားအသားအရေပေါ်မှာ ၁၀ မိနစ်ခန့် ကြာသည်အထိ စက်ဝိုင်းပုံသဏ္ဍန် သုတ်လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်ခန့်ကြာအောင် ပွတ်တိုက်ပြီးတဲ့နောက်မှာတော့ ရေဖြင့် ဆေးချလိုက်လို့ ရပါပြီ။

ခရမ်းချဥ်သီးဖျော်ရည် အသုံးပြုပါ

man armpit home remedies

စောစောက ဖော်ပြခဲ့တဲ့ နည်းလမ်းများကို သဘောမတွေ့ဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းတစ်ခုရှိပါသေးတယ်။ ထိုနည်းလမ်းကတော့ ခရမ်းချဥ်သီးဖျော်ရည် အသုံးပြုခြင်းပဲဖြစ်ပါတယ်။ ခရမ်းချဥ်သီး ဖျော်ရည်အနည်းငယ်ကို သံပုယိုရည်အနည်းငယ်ဖြင့် သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ချိုင်းကြားတွင် သုတ်လိမ်းပေးကာ ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ ၁၀ မိနစ်ပြည့်တဲ့အခါမှာတော့ ရေအေးဖြင့် ဆေးချလိုက်ပါ။

အထက်ဖော်ပြပါ နည်းလမ်းများကတော့ ကွီးတို့ရဲ့ ချိုင်းနံ့ ဆိုးများကို အပြီးတိုင်ဖယ်ရှားပေးမယ့် အိမ်တွင်း နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ နည်းလမ်းတစ်ခုကို တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်ခန့်အထိ ပုံမှန်ပြုလုပ်ပေးနိုင်ပါတယ်။ တစ်လခန့်ကြာတဲ့အခါ ကွီးတို့ကို အရှက်ခွဲနေတဲ့ ချိုင်းချွေးနံ့များ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။

Source: Timesofindia.indiatimes

Featured Image: Tiege