လိင်မှုကိစ္စအတွက် အုန်းဆီ ကို Lube အစားထိုး ချောဆီအနေနဲ့ သုံးလို့ရလားဆိုတဲ့ မေးခွန်းကို တော်တော်များများ သိချင်ကြပါတယ်။ အုန်းဆီမှာ အစိုဓာတ်ထိန်းပေးတဲ့ ဂုဏ်သတ္တိတွေ ပါရှိပေမယ့် Lube ကဲ့သို့ ချောဆီအနေနဲ့ အသုံးပြုဖို့ကတော့ ထင်ထားသလောက် အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။ အချို့လူတွေမှာဆိုရင် ဓာတ်မတည့်ခြင်း ၊ လိင်အင်္ဂါ ယားယံခြင်းတွေကို ဖြစ်စေနိုင်တဲ့အထိ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါတယ်။
(၁) Latex ကွန်ဒုံးတွေကို ပေါက်ပြဲနိုင်စေတယ်
Photo : Verywell Health
လေ့လာမှုတစ်ခုအရ Latex ကွန်ဒုံးတွေကို အုန်းဆီနဲ့ တွဲဖက်အသုံးပြုခြင်းဟာ ကွန်ဒုံးကို အားပျော့သွားစေပြီး ပေါက်ပြဲနိုင်ခြေကို တိုးစေတယ်လို့ ဆိုထားပါတယ်။ အကယ်၍ Dental Dams လို့ခေါ်တဲ့ ပါးစပ်အကာ ဒါမှမဟုတ် Latex သားရေသား ကွန်ဒုံးတွေနဲ့ တွဲဖက်အသုံးပြုဖို့အတွက်ဆို ရေအခြေခံ သို့မဟုတ် ဆီလီကွန်အခြေခံ ချောဆီတွေကသာ အသင့်တော်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး ဖြစ်ပါတယ်။
(၂) မျိုးပွားအင်္ဂါ ပိုးဝင်နိုင်ခြေကို တိုးစေနိုင်တယ်
Photo : Prevention
အုန်းဆီဟာ မျိုးပွားအင်္ဂါရဲ့ သဘာဝ pH ဓာတ်မျှတမှုကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ အတူနေချိန်မှာ အုန်းဆီကို ချောဆီအဖြစ် အသုံးပြုမယ်ဆိုပါက မိန်းမကိုယ်နဲ့ မျိုးပွားအင်္ဂါပိုးဝင်နိုင်ခြေကို တိုးစေဖို့ ရာခိုင်နှုန်းပိုများပါတယ်။
(၃) ဓါတ်မတည့်မှုကို ဖြစ်စေနိုင်တယ်
Photo : www.self.com
လူတိုင်းမှာ ဖြစ်နိုင်ခြေနည်းသော်လည်း အုန်းဆီဟာ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တယ်ဆိုတာလည်း မေ့ထားလို့ မရပါဘူး။ အုန်းဆီကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဓာတ်မတည့်မှုရဲ့ လက္ခဏာတွေကတော့ ပျို့အန်ချင်တာ ၊ ဝမ်းဗိုက်မအီမသာဖြစ်တာ ၊ အရေပြားပေါ်မှာ အင်ပျဉ်တွေထတာ ၊ နှင်းခူ နဲ့ ဓါတ်မတည့်မှုကြောင့် ဖြစ်တက်တဲ့ ရှောခ့်ဖြစ်တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ လိင်ဆက်ဆံရာမှာ အုန်းဆီကို အသုံးပြုမယ်ဆိုရင် များသောအားဖြင့်တော့ မျိုးပွားအင်္ဂါအရေပြားအနီးတဝိုက်မှာ နီမြန်းခြင်း သို့မဟုတ် အရည်ကြည်ဖုကဲ့သို့ ဓာတ်မတည့်ခြင်း လက္ခဏာတွေ ကြုံတွေ့ ခံစားရနိုင်ပါတယ်။
(၄) အိပ်ရာခင်းတွေ စွန်းထင်းစေနိုင်တယ်
Photo : HowStuffWorks
ဒါကတော့ ကျန်းမာရေးပြဿနာတစ်ခုမဟုတ်ပေမယ့် သိထားသင့်တဲ့ အချက်တစ်ခုပါပဲ။ အုန်းဆီဟာ အခြားသော အဆီအခြေခံ ချောဆီတွေလိုပဲ အိပ်ရာခင်းနဲ့ အဝတ်အစားတွေကို စွန်းထင်းမှု ဖြစ်စေနိုင်ပါတယ်။ အကယ်၍ စွန်းထင်းမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက မုန့်ဖုတ်ဆိုဒါကို အဆိုပါအစွန်းနေရာတဝိုက် သုတ်လိမ်းပြီး တစ်နာရီခန့် ထားလိုက်ပါ။ ပြီးရင်တော့ လျှော်လိုက်လို့ရပါတယ်။ အစွန်းအထင်းတွေ ပျောက်ကင်းသွားစေမှာပါ။
Featured Photo : New York Magazine