ခြင်္သေ့ပုံ တက်တူး ဒီဇိုင်းတွေဟာ ယောကျာ်းလေးတွေကြားမှာ ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။ ခြင်္သေ့ပုံတက်တူးတွေက ရဲရင့်ခြင်း ၊ သြဇာကြီးမားခြင်း ၊ ယုံကြည်မှု ၊ ခွန်အား နဲ့ သတ္တိ စတာတွေကို ကိုယ်စားပြုပါတယ်။ ကွီးတို့အနေနဲ့ ခြင်္သေ့ပုံ တက်တူးဒီဇိုင်းတွေ ထိုးဖို့ စဉ်းစားနေတယ်ဆိုရင်တော့ နမူယူလို့ရမယ့် အမိုက်စား တက်တူးဒီဇိုင်း အချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ခြင်္သေ့မျက်နှာပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

ခြင်္သေ့မျက်နှာပုံ တက်တူးဒီဇိုင်းတွေက ခံ့ညားပြီး ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇီုင်း တစ်ခုဖြစ်ပါတယ်။ စူးရှတောက်ပတဲ့ မျက်လုံးတစ်စုံနဲ့ ခန္ဓာကိုယ် အရေပြားပေါ်မှာ တော်တော်လေး အသက်ဝင်လှပါတယ်။ ခြင်္သေ့မျက်နှာပုံ တက်တူးတွေက လက်ဖျံ ၊ ရင်ဘတ် နဲ့ ကျောပြင်လို နေရာတွေမှာ ရေးထိုးလို့ အကောင်းဆုံး ဖြစ်ပါတယ်။

(၂) တော်ဝင်ခြင်္သေ့ပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

သရဖူဆောင်းထားတဲ့ ရဲရင့်တဲ့ တော်ဝင်ခြင်္သေ့ပုံ တက်တူးဒီဇိုင်းတွေကလည်း ယောကျာ်းလေးအများစု ကြိုက်နှစ်သက်တဲ့ တက်တူးဒီဇိုင်း တစ်ခုပါပဲ။ တော်ဝင်ခြင်္သေ့ပုံ တက်တူးတွေက မိသားစုကို အကာအကွယ်ပေးပြီး ဦးစီးဦးဆောင်ပြုရတဲ့ အမျိုးသားတွေနဲ့ လိုက်ဖက်မှု အလွန်ရှိပါတယ်။ အဆိုတော် Justin Bieber ရဲ့ ရင်ဘတ်ပေါ်မှာလည်း တော်ဝင်ခြင်္သေ့ပုံတက်တူး ရေးထိုးထားပါတယ်။

(၃) လူမျိုးစု ခြင်္သေ့ပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

လူမျိုးစု ခြင်္သေ့ပုံ တက်တူးဒီဇိုင်းတွေကတော့ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ တက်တူးဒီဇိုင်းတစ်ခုပါ။ အာဖရိကလူမျိုးစု တက်တူးတွေမှာဆိုရင် မင်အနက်နဲ့ Geometric ရှိတ်တွေ ပေါင်းစပ်ရေးထိုးလေ့ ရှိပါတယ်။ ရွေးချယ်စရာ ဒီဇိုင်းလည်းတော်တော်လေးများပြီး သက်ဝင်လှုပ်ရှားနေတဲ့ လိုင်းတွေ ၊ မျဉ်းကွေးတွေနဲ့ ပေါင်းစပ်ထားတာကြောင့် အရေပြားပေါ်မှာ လုံးဝ အထာကျနေစေမယ့် တက်တူး ဒီဇိုင်းတစ်ခု ဖြစ်ပါတယ်။

(၄) ဟိန်းဟောက်နေတဲ့ ခြင်္သေ့ပုံ တက်တူးဒီဇိုင်း


Photo : The Trend Spotter

ခြင်္သေ့တွေရဲ့ ထူးခြားချက်တစ်ခုက သူတို့ရဲ့ နယ်မြေကို အမှတ်အသားပြုဖို့အတွက် ဟိန်းဟောက်သံကို ပြုလေ့ရှိကြပြီး ခြင်္သေ့တွေ ဟိန်း ဟောက်သံက ၅ မိုင်အကွာလောက် အထိကနေကို ကြားနိုင်ပါတယ်။ တောဘုရင်ခြင်္သေ့ရဲ့  ကြောက်မက်ဖွယ် ဟိန်းဟောက်နေတဲ့ တက်တူးပုံဒီဇိုင်းဟာ အလွန်ယောက်ျားပီသပြီး စွမ်းအားကြီးတဲ့ အမျိုးသားတစ်ယောက်အသွင်ကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ရင်ဘတ်၊ ပေါင် နဲ့ ကျော နေရာတွေမှာ ရေးထိုးလို့ အကောင်းဆုံးပါ။ ဖော်မြူလာဝမ်း ချန်ပီယံ Lewis Hamilton မှာလည်း ဒီလို ဟိန်းဟောက်နေတဲ့ ခြင်္သေ့ပုံ တက်တူး ရေးထိုးထားပါတယ်။

(၅) ခြင်္သေ့မျက်လုံးပုံ တက်တူးဒီဇိုင်း

Photo : The Trend Spotter

အခုနောက်ပိုင်းမှာ စူးရှတဲ့ ခြင်္သေ့မျက်လုံးပုံ တက်တူးဒီဇိုင်းတွေ အထိုးများလာ ကြပါတယ်။ ခြင်္သေ့မျက်လုံးပုံ တက်တူးဒီဇိုင်းက စိတ်ဝိညာဉ်ရဲ့ ပြတင်းတံခါး အဖြစ် မှတ်ယူကြပြီး တစ်စုံတစ်ယောက်ရဲ့ အတွင်းစိတ်စရိုက်ကို ကိုယ်စားပြုတဲ့ တက်တူးဒီဇိုင်း ဖြစ်ပါတယ်။ တချို့ကလည်း ယုံကြည်မှု အယူအဆတွေအရ ခြင်္သေ့မျက်လုံးတက်တူးတွေဟာ ကံကောင်းခြင်းကို ယူဆောင်လာပေးတယ်လို့လည်း ယုံကြည်ထားကြပါတယ်။ ခေတ်ဆန်ပြီး အထာကျချင်တဲ့ ကွီးတို့အတွက်ကတော့ ခြင်္သေ့မျက်လုံးပုံ တက်တူးဒီဇိုင်းက အသင့်တော်ဆုံး ဖြစ်ပါတယ်။

Photo : Body Art Guru