လူတွေရဲ့ မျက်လုံးတွေဟာ စိတ်ဝိညာဉ်ရဲ့ မှန်တစ်ချပ်လို့ ပြောကြသလိုပါပဲ။ စာရေးသူတို့ရဲ့ ခြေထောက်တွေဟာလည်း ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ ဆက်စပ် ကျန်းမာရေး အခြေအနေတွေကို အရိပ်အမြွက် ပြောပြပေးနိုင်စွမ်း ရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ခြေထောက် တွေရဲ့ အချက်ပြ လက္ခဏာတွေကနေ တဆင့် ကွီးတို့ သိနိုင်မယ့် ကျန်းမာရေး ပြဿနာတွေကို ပြောပြပေးပါမယ်။

(၁) ရောင်ရမ်းခြင်း

Swelling

Photo : Prevention

ခြေထောက်တွေ ဖောရောင်နေပြီဆိုရင် ကျောက်ကပ် လုပ်ဆောင်မှု ကျဆင်းတာ ၊ နှလုံးရောဂါ ၊ အသည်းရောဂါ စတဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ ဆက်စပ်နေနိုင်ပြီး အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရှိနေတယ် ဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ အလားတူ အဆစ်အမြစ်ရောင်ခြင်းနဲ့ ဗီတာမင် D ချို့တဲ့တဲ့ အခါတွေမှာလည်း ခြေကျင်းဝတ်မှာ ရောင်ရမ်းခြင်း ၊ နာကျင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။

(၂) သွေးပြန်ကြောထုံးခြင်း

 Spider veins
Photo : Metro Vein Centers

ခြေထောက် အရေပြားပေါ်မှာ ပင့်ကူအိမ်ပုံစံမျိုး သွေးကြောမျှင်တွေ သိသိသာသာ ပေါ်လာတယ်ဆိုရင်တော့ ဒါဟာ အီစထရိုဂျင် ဟော်မုန်း ပမာဏ မြင့်မားနေတဲ့ လက္ခဏာဖြစ်နိုင်ပြီး သန္ဓေတားဆေး သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်းနဲ့လည်း ဆက်စပ်မှု ရှိတတ်ပါတယ်။ သွေးပြန်ကြောထုံးတဲ့ အခြေအနေဟာ ပြန်လည်သက်သာသွားခြင်းမရှိဘူး နာကျင်လာတယ် ၊ သွေးကြောအရောင်ပြောင်းလာတယ် ၊ သွေးယိုစိမ့်မှု ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

(၃) ခြေဖနောင့် ကွဲအက်ခြင်း

cracked feet

Photo : Cleveland Clinic Health Essentials

ဗီတာမင် ချို့တမှုကြောင့်ဖြစ်တဲ့ အရေပြားဆိုင်ရာ ကျန်းမာရေး လက္ခဏာတစ်ခုပါ။ အဓိကအားဖြင့် ဗီတာမင် B2 (Riboflavin) ၊ ဗီတာမင် B3 (Niacinamide) နဲ့ Omega 3 စတဲ့ ဓာတ်တွေ ချို့တဲ့မှု ဖြစ်တဲ့အခါ ဖြစ်တက်ပါတယ်။ အစားအသောက်နဲ့ ဖြည့်စွက်စာတွေ ကနေတဆင့် ဗီတာမင်ဓာတ်ကို ရနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်ကို ပြည့်ပြည့်ဝဝ ဖြည့်တင်းမယ်ဆိုရင် အရေပြားကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ အလားတူ ဗီတာမင် B12 ဓာတ် ချို့တတဲ့အခါမှာလည်း ခြေထောက်တွေ ထုံကျင်တာ ၊ ယားယံတာတွေ ဖြစ်တက်ပါတယ်။

(၄) အေးစက်ခြင်း

Cold feet

Photo : epicamlv.com

ဖျားနာမှုမရှိပဲ ခြေထောက်တွေ အေးစက်နေတာမျိုး ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါဟာ အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း သို့မဟုတ် သွေးအားနည်းခြင်းတို့ကြောင့် အဓိက ဖြစ်ရတဲ့ လက္ခဏာပါ။ အိုင်အိုဒင်းဓာတ် လုံလောက်အောင် စားသုံးပြီး သွေးအားကောင်းအောင် ပြုမူနေထိုင်မယ်ဆိုရင်တော့ ခြေထောက် တွေ အေးစက်တဲ့ အခြေအနေကနေ သက်သာနိုင်ပါတယ်။

(၅) ကြွက်တက်ခြင်း

Muscle Cramps

Photo : PainScale

ကြွက်တက်တဲ့ ပြဿနာက တော်တော်လေး ခံစားရခက်စေပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရလဲဆိုရင်တော့ ခန္ဓာကိုယ်မှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့နေလို့ပါ။ မဂ္ဂနီဆီယမ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုး ၊ ထောပတ်သီး ၊ ဟင်းနုနွယ်ရွက်နဲ့ အစေ့အဆန်တွေကို များများစားပေး သင့်ပါတယ်။ မဂ္ဂနီဆီယမ်ဓာတ် လုံလောက်စွာ ဖြည့်တင်းမယ်ဆိုရင် ကြွက်တက်တဲ့ ပြဿနာကို သက်သာစေနိုင်ပါတယ်။

Source : The Indian Express 

Featured Photo : The Conversation