ဂိမ်းကစားခြင်းကို လူတိုင်း နှစ်သက်ကြပါတယ်။ ဂိမ်းကစားတဲ့အခါ ညစ်နေတာတွေအားလုံး ပြေပျောက်သွားပြီး ပြန်လည်လန်းဆန်းတက်ကြွလာပါလိမ့်မယ်။ တချို့ ဂိမ်း တွေကတော့ တစ်ယောက်တည်း ဆော့လို့ ရပေမယ့် တချို့ဂိမ်းတွေကျတော့ တစ်ယောက်တည်း ဆော့ရင် နားကားသွားပါလိမ့်မယ်။ အဖွဲ့လိုက်ဆော့မှ နိုင်မှာဖြစ်ပါတယ်။ နို့မဟုတ်ရင် ဂိမ်းထဲမှာ အကြိမ်ကြိမ် အခါခါ ရှုံးပြီး Rank တွေလည်း တဖြည်းဖြည်း ကျသွားမှာပဲ ဖြစ်ပါတယ်။
ဘယ်လို ဂိမ်း တွေက တစ်ယောက်တည်း ဆော့တာထက်စာရင် အဖွဲ့လိုက် ဆော့သင့်သလဲဆိုတာ ကွီးတို့ သိပြီးပါပြီလား။
Raid: Shadow Legends
Raid: Shadow Legends ကတော့ ၂၀၁၈ ကတည်းက နာမည်ကြီးတဲ့ မိုဘိုင်းလ်ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ နည်းဗျူဟာကျကျ ဆော့ကစားရတဲ့ ဂိမ်းဖြစ်ပြီး ကွီးတို့ကို ပျင်းချိန်တောင် မရလောက်အောင်ကို ဆော့ကစားခိုင်းမှာပဲဖြစ်ပါတယ်။ ဘော်ဒါတွေနဲ့အတူတူ ဆော့ကစားလို့ကောင်းတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။
Mech Arena
ဒီဂိမ်းကတော့ Plarium လို့ ခေါ်တဲ့ Developer က တီထွင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ Android သမားရော iOS သမားတွေပါ ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ် ကြိုက်နှစ်သက်ရာ ကာရိုက်တာကို ရွေးချယ်နိုင်ပြီး ထိုကာရိုက်တာကို ဝတ်စုံ အမျိုးမျိုး ပြောင်းလဲကာ ပါဝါတွေကို အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။
Magic: The Gathering Arena
ကတ်ဂိမ်းတွေ ဆော့ကစားရတာ သဘောကျတဲ့ ကွီးတို့ကတော့ ဒီဂိမ်းအမျိုးအစားကို ရွေးချယ်နိုင်ပါတယ်။ ကွီးတို့ ဆော့ရတာ နားရှုပ်သွားမှာကိုလည်း ပူစရာမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဒီဂိမ်းလေးက ကျူတိုရီယယ်တွေကြည့်ပြီး ဆော့ကစားနိုင်လို့ပဲ ဖြစ်ပါတယ်။ ကတ်တွေကိုလည်း ကွီးတို့ စိတ်ကြိုက် Collection ပြုလုပ်နိုင်ပြီး ဆော့ကစားနိုင်ပါသေးတယ်။
Genshin Impact
MIhoyo ဆိုတဲ့ Developer တီထွင်ထားတဲ့ ဂိမ်းတစ်ခုဖြစ်ပြီး ကွီးတို့အနေနဲ့ တစ်ဖွဲ့လျှင် ၄ ယောက် ဆော့ကစားနိုင်ပြီး ကိုယ် ကြိုက်နှစ်သက်တဲ့ ကာရိုက်တာကို ရွေးချယ်နိုင်ပါတယ်။ ကွီးတို့အဖွဲ့ကလည်း ရာသီအလိုက် Event တွေမှာ ပါဝင်ဆော့ကစားနိုင်ပြီး Event တစ်ခု ပြီးသွားတိုင်းမှာ ဆုလာဘ်တွေ ရရှိမှာဖြစ်ပါတယ်။
Iron Order 1919
ဒီဂိမ်းကတော့ ကွီးတို့ ကစားဖော် ဘယ်နှယောက်နဲ့ ကစားချင်သလဲ။ အများဆုံး ၁၀၁ ယောက်နဲ့တောင် တစ်ချိန်တည်းမှာ ဆော့ကစားနိုင်ပါတယ်။ ဒီဂိမ်းမှာတော့ ပထမ ကမ္ဘာစစ်က ၁၉၁၈ မှာ ပြီးဆုံးသွားတာမဟုတ်ဘဲ ၁၉၁၉ မှာ ဆက်လက်တိုက်ခိုက်နေရတာဖြစ်ပါတယ်။ ကမ္ဘာ့မြေပုံကို ကြည့်ပြီး ဆော့ကစားနိုင်တဲ့ ဂိမ်းတစ်မျိုးဖြစ်ပြီး နည်းဗျူဟာကျကျနဲ့ ဆော့ကစားရမှာပဲဖြစ်ပါတယ်။ စစ်တပ်သုံး ကိရိယာမျိုးစုံကိုလည်း စမ်းသပ် အသုံးပြုနိုင်ပြီး တချို့အချိန်မှာတော့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သံတမန်ရေးအရ ငြိမ်းချမ်းရေး ယူမလား၊ ဒါမှမဟုတ် ဆက်စစ်တိုက်မလားဆိုတာကိုလည်း ရွေးချယ်နိုင်အောင် စီစဥ်ပေးထားပါသေးတယ်။ ဒီ ဂိမ်း ကတော့ တစ်ယောက်တည်း ဘယ်လိုမှ ဆော့လို့မဖြစ်တာကတော့ သေချာပါတယ်။
ကွီးတို့ရော ကိုယ့် ဘော်ဒါတွေနဲ့ဆိုရင် ဘယ်လိုဂိမ်းတွေကို ဆော့ကစားလေ့ရှိပါသလဲ။
Source: Pockettactics
Featured Image: Blis