ဂိမ်း ဝါသနာရှင် ကွီးတို့အတွက် ဂိမ်းဆော့ရာမှာ အဆင်ပြေပြေနဲ့ ဇိမ်ကျကျဆော့ကစားနိုင်ဖို့ စွမ်းဆောင်ရည်မြင့် Gaming PC တွေ ၊ မော်ဒယ်မြင့် ကီးဘုတ်တွေ အပြင် အလန်းစား Gaming Mouse များကလည်း အရေးပါပါတယ်။ စျေးကွက်မှာ လိုချင်စရာ စွမ်းဆောင်ရည်မြင့် Gaming Mouse တွေကလည်း အများအပြားပါပဲ။ ဒါကြောင့် ဂိမ်း ဝါသနာရှင် ကွီးတို့ ရွေးချယ်ရလွယ်ကူစေရန် ဒီနှစ်ထဲမှာ အကောင်းဆုံးနဲ့ အလန်းဆုံးဖြစ်တဲ့ Gaming Mouse များကို ဖော်ပြပေးချင်ပါတယ်။
(၁) Razer Basilisk V3

Photo : RTINGS.com
ပထမဆုံးအနေနဲ့ ဂိမ်း ကစားဖို့ အကောင်းစား Gaming Mouse ကိုပြပါဆိုလျှင် Razer Basilisk V3 ပဲဖြစ်ပါတယ်။ ၎င်း မှာခလုတ်ပေါင်း ၁၃ ခုပါဝင်ပြီး အလေးချိန်ကလည်း ၃.၃ အောင်စ (၉၃.၅၅ ဂရမ်) သာရှိတာကြောင့် ဂိမ်းဆော့ရာမှာ တကယ်ကို ပေါ့ပါးသွက်လက်စေပါတယ်။ သူ့ရဲ့ စျေးနှုန်း ကတော့ ဒေါ်လာ ၄၉.၉၉ ဝန်းကျင်ခန့်ကျသင့်မှာ ဖြစ်ပါတယ်။
(၂) Logitech G502 Lightspeed

Photo : Newegg
နောက်ထပ် Gaming Mouse အလန်းစားတစ်ခုကတော့ Logitech G502 Lightspeed ဖြစ်ပါတယ်။ သူရဲ့ ကောင်းမွန်လှတဲ့ ဒီဇိုင်းအပြင် Wireless Changing ပါရှိပါတယ်။ ထို့အပြင် ခလုတ်ပေါင်း ၁၁ ခု ပါရှိပါတယ်။ သူ့ရဲ့ စျေးနှုန်းကတော့ ဒေါ်လာ ၁၁၁.၉ ခန့် ကျသင့်မှာဖြစ်ပါတယ်။
(၃) Razer DeathAdder V2 Pro

Photo : RTINGS.com
အကောင်းဆုံး Wireless Gaming Mouse တစ်ခုကို လိုချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် Razer DeathAdder V2 Pro ရှိပါတယ်။ သူ့မှာ ခလုတ်ပေါင်း ၈ ခုပါရှိပြီး အလေးချိန်ကတော့ ၃.၁ အောင်စ (၈၇.၈၈ ဂရမ်သာ) ရှိတာကြောင့် အတော်ကို သွက်လက်ပေါ့ပါးနေမှာတော့ အသေအချာပါပဲ။ စျေးနှုန်းအနေနဲ့ ကတော့ ဒေါ်လာ ၆၉.၉၉ ကျသင့်မှာပဲ ဖြစ်ပါတယ်။
(၄) Corsair Katar Pro XT

Photo : RTINGS.com
Corsair Katar Pro XT ကတော့ သက်တောင့်သက်သာ ဖြစ်ပြီး စျေးနှုန်းအသင့်တင့်ဆုံးသော Gaming Mouse တစ်ခုဖြစ်ပါတယ်။ အလေးချိန်အနေနဲ့ ၂.၆၈ အောင်စ (၇၃ ဂရမ်) ရှိပြီး ခလုတ်ကတော့ ၆ ခု သာပါရှိပါတယ်။ သူရဲ့ စျေးနှုန်းအနေနဲ့ ကတော့ ဒေါ်လာ ၃၄.၉၉ သာ ကျသင့်မှာပဲ ဖြစ်ပါတယ်။
(၅) Glorious Model D-

Photo : RTINGS.com
ကွီးတို့အတွက် နောက်ထပ်ဖော်ပြပေးချင်တဲ့ Gaming Mouse လေးတစ်ခုကတော့ Glorious Model D- ဖြစ်ပါတယ်။ သူ့ရဲ့ ကောင်းမွန်တဲ့ Sensor ရှိတဲ့အပြင် ခလုတ် ၆ ခုသာ ပါရှိပါတယ်။ သူ့ရဲ့အလေးချိန်ဟာ ၂.၁၅ အောင်စ (၆၁ ဂရမ်) သာရှိတာကြောင့် ဖော်ပြခဲ့သမျှ Mouse ထဲမှာ အပေါ့ဆုံးလို့ ပြောလို့ရပါတယ်။ စျေးနှုန်းက တော့ ဒေါ်လာ ၄၉.၉၉ ကျသင့်မှာဖြစ်ပါတယ်။
ကဲ ဂိမ်း ဝါသနာရှင် ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ Gaming Mouse အလန်းစားတွေထဲက ဘယ်တစ်ခုကို ကြိုက်နှစ်သက်ပါသလဲ။
Source : Tom’s Hardware
Featured Photo : Pcgamesn
											
				
									
	
	
	
	
	
	