ဂျင်းဘောင်းဘီ များသည် ကွီး တို့အကြား ရေပန်းစားပြီး အဝတ်များတဲ့ အဝတ်အထည်တစ်ခုဖြစ်သလို ဖက်ရှင်ကျစေတဲ့ အဝတ်အထည်တစ်ခုဆိုလည်း မမှားပါဘူး။ ဂျင်းဘောင်းဘီများကို ကိုယ်ကြပ်ဘောင်းဘီ၊ ဂျင်းအပွ၊ ဂျင်းဘောင်းဘီအပြဲ စသည်ဖြင့် အမျိုးမျိုးအစားစားရှိကြပြီး ကိုယ့်ရဲ့ဖက်ရှင်အကြိုက်ပေါ် မူတည်ကာ အမျိုးမျိုး ပြောင်းလဲဝတ်ဆင်လေ့ရှိကြပါတယ်။

ဂျင်းအပွတွေ ဝတ်ဆင်ခြင်းက ကိစ္စမရှိပေမယ့် ကိုယ်ကြပ် ဂျင်းဘောင်းဘီ များကို တနေကုန် ဝတ်ဆင်တတ်တဲ့ ကွီး တို့အတွက်ကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိ ဝတ်ဆင်ခြင်းက ကိစ္စမရှိပေမယ့် တစ်နေကုန် ဝတ်ဆင်ထားမယ်ဆိုရင် အခုဖော်ပြမယ့် ကျန်းမာရေးဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

အဆစ်အမြစ်များ နာကျင်ခြင်း

ဂျင်းဘောင်းဘီ ကွီး 

Photo: Brightside

အထိုင်အထများသူများ၊ ကိုယ်လက်လှုပ်ရှားမှု များသူများအနေနဲ့ ကိုယ်ကြပ်ဂျင်းဘောင်းဘီကို တနေကုန်ဝတ်ဆင်ထားရတဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခြေထောက် ထုံကျဉ်ခြင်း၊ အဆစ်အမြစ်များ နာကျင်ခြင်း အစရှိတဲ့ ဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

သွေးလှည့်ပတ်မှုကို နှေးကွေးစေခြင်း

ဂျင်းဘောင်းဘီ ကွီး 

Photo: Eu.lee.com

သင့်ခြေထောက်တွေက ညောင်းညာကိုက်ခဲနေပြီလို့ ခံစားရတဲ့အခါ ဒါသည် သွေးလှည့်ပတ်မှု နှေးကွေးနေကြောင်း ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ကြပ်ထုပ်လွန်းတဲ့ ဂျင်းဘောင်းဘီ များကို ကွီး တို့ဝတ်ဆင်တဲ့အခါ သွေးကြောလေးများက ခန္ဓာကိုယ်တွင်း အင်္ဂါများသို့ သွေးများ စီးဆင်းမှု နှေးကွေးသွားစေပြီး သွေးမလျှောက်တော့တာမျိုးဖြစ်တတ်ပါတယ်။

ခန္ဓာကိုယ် အနေအထားမမှန်တော့ခြင်း

ဂျင်းဘောင်းဘီ ကွီး 

Photo: Manflowyoga

ကြပ်ထုပ်နေသာ ဂျင်းဘောင်းဘီများကို အဝတ်များခြင်းကြောင့် ခါးကုန်းသွားပြီး ခန္ဓာကိုယ်အနေအထား မမှန်တော့တာမျိုးဖြစ်တတ်ပါတယ်။ ကိုယ်ကြပ်ဂျင်းဘောင်းဘီများသည် ခါးအောက်ပိုင်းနှင့် တင်ပါးကြားအနေအထားကို လုံးဝန်းသွားစေကာ ခါးမတ်မတ်ထိုင်လို့ မရတော့အောင် ဖြစ်စေပါတယ်။

မျိုးပွားအင်္ဂါကျန်းမာရေးကို ထိခိုက်စေခြင်း

ဂျင်းဘောင်းဘီ ကွီး 

Photo: Integrisok

ဆေးသိပ္ပံဆောင်းပါးတစ်ခုအရ ကြပ်ထုပ်နေသော ဂျင်းဘောင်းဘီများကို ဝတ်ဆင်ခြင်းသည် အမျိုးသားများရဲ့ မျိုးပွားအင်္ဂါကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ဖော်ပြထားတာ တွေ့ရှိရပါတယ်။ သုတ်ကောင်ရေ ထုတ်လွှတ်အား ကျဆင်းခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးအိမ် အားနည်းသွားခြင်း အစရှိတဲ့ ကျန်းမာရေးပြဿနာများကို ခံစားရနိုင်ပါတယ်။

ဂျင်းဘောင်းဘီမှာ ပါတဲ့ အိတ်ကပ်တွေက လက်တွေ့မှာ အသုံးမတည့်ဘူး

jeans pocket

Photo: Rd.com

ကြပ်ထုပ်လွန်းတဲ့ ဂျင်းဘောင်းဘီတွေမှာ ပါတဲ့ အိတ်ကပ်ထဲတွင် ဖုန်းထဲပါက ဖုန်းက မတော်တဆလွှတ်ကျသွားနိုင်ခြင်း၊ ပိုက်ဆံအိတ် ထည့်ထားပါကလည်း ကိုယ် မသိလိုက်တဲ့အချိန်မှာ ပိုက်ဆံအိတ်က ထွက်ကျသွားတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ကြပ်ဂျင်းဘောင်းဘီ ဝတ်ဆင်ဖြစ်တယ်ဆိုရင် သူ့မှာပါတဲ့ အိတ်ကပ်ကို ဘယ်တော့မှ အသုံးမပြုမိဖို့ သတိကြီးကြီးထားသင့်ပါတယ်။

Source: Cottonique.com