လူ့ကိုယ်ခန္ဓာဆိုတာက နားလည်ရခက်အောင် ရှုပ်ထွေးလှတဲ့ စက်ပစ္စည်းတစ်ခုလိုပါပဲ။ တစ်ခါတလေမှာ လူသားအင်ဂျင်တွေ ပုံမှန်အတိုင်း မလည်ပတ်တော့ဘူးဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာလေးတွေ တွေ့ရတတ်ပါတယ်။ အမျိုးသား လိင်ပိုင်းကျန်းမာရေးမှာလည်း သတိပြုသင့်တဲ့ အချက်ပြလေးတွေ ရှိပါတယ်။ ဘယ်လို အချက်ပြနေတဲ့ လက္ခဏာတွေလဲဆိုတာ အောက်မှာ ဖော်ပြလိုက်ပါတယ်။
(၁) လိင်အင်္ဂါတစ်ဝိုက် အကျိတ်ထွက်ခြင်း

Photo : Mensxp
အမျိုးသားကျန်းမာရေးအနေနဲ့ ရေချိုးတိုင်း သတိထားကြည့်သင့်တဲ့ အချက်ထဲမှာ လိင်တံနဲ့ အနီးတစ်ဝိုက်မှာ ပုံမှန်မဟုတ်တဲ့ အဖုအကျိတ်တွေ ရှိနေလားဆိုတာ ကြည့်ဖို့ ဖြစ်ပါတယ်။ တစ်ခါတလေမှာ အဖုအကျိတ်လေးတွေက Ingrown Hair လို့ ခေါ်တဲ့ အမွေးမထွက်နိုင်လို့ မြုံပြီး အဖုလိုမျိုး ဖြစ်နေတာပါ။ တစ်ခါတလေမှာ ဒါက ကူးစက်ရောဂါ ဒါမှမဟုတ် ကာလသားရောဂါရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။
(၂) အရိအချွဲထွက်ခြင်း

Photo : Mensxp
လိင်တံထိပ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်နဲ့ အရိအချွဲတွေ ထွက်လာရင် သတိထားပါ။ ဒါဟာ ဂနိုးရီးယား ဖြစ်နိုင်သလို လိင်အင်္ဂါကူးစက်ရောဂါမျိုးလည်း ဖြစ်နိုင်လို့ပါ။
(၃) ဆီးသွားစဉ် ပူလောင်နာကျင်ခြင်း

Photo : Mensxp
အပူအစပ်အစားများရင် ၊ အထိုင်များပြီး ရေသောက်နည်းရင် ဆီးပူတာမျိုးက ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒါမျိုးက သိပ်စိတ်ပူစရာ မဟုတ်ပေမယ့် တစ်နည်းအားဖြင့် ဂနိုးရီးယား ၊ Chlamydia လို့ခေါ်တဲ့ လိင်ဆက်ဆံမှုကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါရဲ့ ရှေ့ပြေးလည်း ဖြစ်နိုင်ပါတယ်။
(၄) မျက်စိယားယံခြင်း

Photo : Mensxp
မျက်စိယားတဲ့ပြဿနာလည်း ပေါ့လို့တော့ မရပါဘူး။ တစ်ခါတလေမှာ Oral Sex လို့ခေါ်တဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံရာကနေ မျက်လုံးထဲ သုတ် ဒါမှမဟုတ် မအင်္ဂါထဲက အရည်တွေ ဝင်ရာကနေ ကူးစက်တာမျိုး ဖြစ်နိုင်ပါတယ်။
(၅) လိင်အင်္ဂါအနား နာကျင်ခြင်း
Photo : Mensxp
ဗိုက်နား ဒါမှမဟုတ် လိင်အင်္ဂါတစ်ဝိုက်နားမှာ နာကျင်လာရင် ဒါဟာ ဝှေးစေ့ရောင်တာ ဖြစ်နိုင်သလို လိင်ဆက်ဆံစဉ် သွေးထွက်တာ ၊ နာကျင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေအားလုံးဟာ လိင်ဆက်ဆံရာကနေ ကူးစက်တဲ့ ကူးစက်ရောဂါ STD ဝင်နေတာလည်း ဖြစ်နိုင်ပါတယ်။
Featured Photo : weillcornell

