ဘဝကို တစ်ယောက်တည်း ဖြတ်သန်းရတာက ကောင်းကျိုးတွေတော့ ရှိပါတယ်။ ဒါပေမဲ့ ရံဖန်ရံခါမှာတော့ အထီးကျန်ရပါတယ်။ ဒါ့အပြင် အသက် အရွယ်ရလာတဲ့အခါမှာလည်း ဆေးပေးမီးယူမရှိတော့ ကွီးတို့အခြေအနေ မဟန်ပါဘူး။ တကယ်လို့ ကွီးတို့က ငှက်ပျောတုံး မဖက်ချင်ဘူး၊ ရှော်တီလေးတစ်ယောက်လောက်တော့ ပိုင်ဆိုင်ချင်တယ် ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်း ကောင်းများကို လိုက်နာကျင့်သုံးသင့်ပါတယ်။

ကွီးတို့အတွက် သက်သောင့်သက်သာဖြစ်စေမယ့် အဝတ်အစားများသာ ဝတ်ဆင်ပါ

man fashionable

ဘရန်းဒက် အကောင်းစားကြီးတွေ ဝတ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်မှာရှိတဲ့ အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြင့် ဝတ်စားဆင်ယင်ဖို့ပဲ လိုအပ်တာပါ။ ကိုယ့်အဝတ်အစားနဲ့ကိုယ် သက်သောင့်သက်သာ ဖြစ်နေမယ်ဆိုရင်တော့ ကွီးတို့ ဖက်ရှင်က ကြည့်ကောင်းပြီး ဆွဲဆောင်မှု တိုးနေမှာပါ။

တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိပါစေ

man gromming

ရေမချိုးဘဲနဲ့ ရေမွှေးတွေနဲ့ ဆွတ်ဖြန်းရုံနဲ့ ကွီးတို့ ကိုယ်သင်းရနံ့က သင်းပျံ့မလာပါဘူး။ တစ်နေကုန်ကြာလာတဲ့အခါ ကွီးတို့ ခန္ဓာကိုယ်ရနံ့က ချွေးနံ့ကြောင့် ပြင်းထန်လာတတ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်နေ့လျှင် အနည်းဆုံး တစ်ကြိမ်လောက်တော့ ရေချိုးဖို့ လိုအပ်ပါတယ်။ တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိဘူးဆိုရင် ကွီးတို့ အနံ့ကြောင့် ရှော်တီလေးတွေ ဝေးဝေးပြေးသွားမှာပဲ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပါ

ယုံကြည်ချက်ရှိပါ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိတဲ့သူတွေသည် ဆွဲဆောင်မှု အရှိဆုံးပါပဲ။ ထိုလူတွေက ကြည့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် ကွန်းဖီးဒန့် အပြည့်ရှိနေပြီး ကောင်မလေးတွေ မျက်လုံးထဲမှာ ထင်းခနဲ ဖြစ်စေတတ်ပါတယ်။ တစ်ခုရှိတာကတော့ ကွန်းဖီးဒန့် လွန်ကဲတာမျိုး မဖြစ်မိဖို့တော့ လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ မျက်စိစပါးမွှေး စူးခံရတတ်ပါတယ်။

ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးအား အရောဝင်ဖို့ မကြောက်ရွံ့ပါနဲ့

couple

တချို့ကောင်လေးတွေ ရှိပါတယ်။ သူတို့ စိတ်ဝင်စားနေတဲ့ ခရက်ရှ် ကောင်မလေးနား မကပ်ရဲဘဲ အဝေးကနေ ငေးကြည့်ရာကနေ အခြားတစ်ယောက်နောက်ပါသွားပြီး သူတို့က အသည်းကွဲ ကျန်ခဲ့ပါလေရော။ ကွီးတို့လည်း အဲ့ဒီလိုမျိုး ကျန်ရစ်မဖြစ်ချင်ဘူး ဆိုရင်တော့ ကိုယ် စိတ်ဝင်စားနေတဲ့ ကောင်မလေးကို စိတ်ဝင်စားကြောင်း ပြသဖို့ ရှက်ကြောက်မနေပါနဲ့။

ချိန်းတွေ့ဖို့ကို ကွီးတို့က အရင်ဆုံး စပြောပါ

ငှက်ပျောတုံး နည်းလမ်း

ကွီးတို့ စိတ်ဝင်စားနေတဲ့ ခရက်ရှ်လေးနဲ့ ရင်းနှီး ကျွမ်းဝင်သွားပြီဆိုရင်တော့ ချိန်းတွေ့ဖို့ကို ကွီးတို့က အရင် အစပျိုးပါ။ စကားပြောကြည့်လို့ အခြေအနေ ဟန်တယ်ဆိုရင်တော့ ဘယ်အချိန်၊ ဘယ်နေရာမှာ ချိန်းတွေ့မလဲဆိုတာကို စပြောပါ။

ချိန်းတွေ့နေစဥ်မှာလည်း သူ(မ) အပေါ်သာ အာရုံစိုက်ပါ

ငှက်ပျောတုံး နည်းလမ်း

သူ(မ)နဲ့ နှစ်ယောက်တည်း ဒိတ်နေတဲ့အချိန်မှာ စိတ်လှုပ်ရှားလွန်းနေတဲ့ ပုံမျိုး မပြမိပါစေနဲ့။ ပြီးတော့ ဖေ့ဘွတ်ခ် ထိုင်ပွတ်နေတာမျိုးလည်း မလုပ်ရပါဘူး။ သူ(မ)ကိုသာ အာရုံစိုက်ထားပြီး စကား အတူတူ ပြောပါ။ ဒိတ်လုပ်တဲ့ အချိန်မှာလည်း သူ(မ)ကို ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒိတ်ပြီးလို့ ပြန်ခါနီးကျရင် သူ(မ)ကို လိုက်ပို့ပေးလိုက်ပါ။

ဒုတိယအကြိမ် ထပ်ချိန်းပါ

ငှက်ပျောတုံး နည်းလမ်း

ပထမအကြိမ် ချိန်းတွေ့ပြီးလို့ အိမ်ပြန်ရောက်တဲ့အခါမှာလည်း အရင်လိုပဲ ဖုန်းအဆက်အသွယ် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ထို့နောက် ဒုတိယအကြိမ် ထပ်ချိန်းကြည့်ပါ။ သူ(မ)က လက်ခံတယ်ဆိုရင်တော့ ကွီးတို့အနေနဲ့ ငှက်ပျောတုံး ဖက်ရမယ့် အခြေအနေကနေ လွတ်ကင်းနိုင်ခြေများပါတယ်။

သူ(မ) ငြင်းပါကလည်း ကိုယ့်စိတ်ကို တည်ငြိမ်အောင်သာ ထားပါ

ငှက်ပျောတုံး နည်းလမ်း

ဘဝကြီးက ထင်သလို အဆင်မပြေလာတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ်။​ တကယ်လို့ သူ(မ)က ဒုတိယအကြိမ် တွေ့ဆုံဖို့ကို အင်းမလုပ် အဲမလုပ် လုပ်နေမယ်ဆိုရင်တော့ ကွီးတို့ သဘောပေါက်လိုက်ပါတော့။ သူ(မ) ငြင်းလိုက်တယ်ဆိုရင် ကွီးတို့ စိတ်ကို တည်တည်ငြိမ်ငြိမ် ထားပြီး ကျောခိုင်းပစ်လိုက်ပါ။

ကွီးတို့အချစ်နဲ့ ထိုက်တန်တဲ့ ကွီးတို့ ဖူးစာဖက်က ကွီးတို့ကို စောင့်ကြိုနေပါလိမ့်မယ်။

ကွီးတို့ဆီမှာရော ငှက်ပျောတုံး ဖက်ရမယ့် အခွင့်အရေးကနေ လွတ်ကင်းမယ့် နည်းလမ်း ကောင်းလေးများ မရှိဘူးလား။

Source: Wikihow

Featured Image: Adventurebook