ဂိမ်းကစားရတာ နှစ်သက်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ စက်တင်ဘာ လအတွင်း အသစ်ထွက်ရှိလာမယ့် ဂိမ်း အသစ်များနှင့် မိတ်ဆက်ပေးချင်ပါတယ်။

စက်တင်ဘာ လအတွင်း ရက်အလိုက် အသစ်ထွက်ရှိလာမယ့် ဂိမ်း အသစ်များကတော့ …

You Suck At Parking

Source: Releases

စက်တင်ဘာလ ၁၄ ရက်နေ့မှာ ထွက်ရှိမယ့် ဗွီဒီယို ဂိမ်း တစ်ခုပဲဖြစ်ပါတယ်။ ဆီဖိုး စိတ်ပူစရာမလိုဘဲ ကားမောင်းချင်တဲ့ ကွီးတို့ကတော့ You Suck At Parking ဗွီဒီယိုဂိမ်းလေးကို ဆော့ကစားနိုင်တော့မှာ ဖြစ်ပါတယ်။

Call Of Duty Next

စက်တင်ဘာ ဂိမ်း

Photo: Call of Duty

ဒီဂိမ်းကတော့ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ ဖိုက်တင် ဂိမ်းတွေ နှစ်သက်တဲ့ ကွီးတို့အနေနဲ့ တစ်ခေါက်လောက် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းအသစ်တစ်မျိုးပဲဖြစ်ပါတယ်။

Outer Wilds

Source: Releases

စွန့်စားရတဲ့ Adventure ဂိမ်းမျိုး ဆော့ချင်တဲ့ ကွီးတို့အတွက်တော့ Outer Wilds ဆိုတဲ့ ဂိမ်းရှိပါတယ်။ အာကာသနှင့် နေအဖွဲ့အစည်းထဲသို့ သွားရောက်ကာ ပြဿနာများကို ဖြေရှင်းရမှာပဲဖြစ်ပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိသွားမှာပဲ ဖြစ်ပါတယ်။

Dungeons 3

Source: Releases

နတ်သူငယ်များ၊ မိစ္ဆာများ ဖိုက်တင်ပလေးရမယ့် ဂိမ်းတစ်ခုပဲဖြစ်ပါတယ်။ မိမိဆော့နေကျဂိမ်းတွေကို ဆော့ရတာ ငြိမ်းငွေ့လာတဲ့အခါ အသစ်ပြောင်းဆော့နိုင်မယ့် ဂိမ်းတစ်မျိုးပဲဖြစ်ပါတယ်။ ထို ဂိမ်းထဲတွင် ကာရိုက်တာ မျိုးစုံပါတဲ့အတွက်လည်း ရွေးချယ်စရာ အများကြီးရှိပါတယ်။ ဒီဂိမ်းလေးသည်လည်း စက်တင်ဘာလ ၁၅ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

Jack Move

Source: Releases

ဒီဂိမ်းလေးကတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ထွက်ရှိလာမယ့် ဂိမ်းတစ်ခုဖြစ်ပါတယ်။ Noa လို့ခေါ်တဲ့ ဟက်ကာ ကောင်မလေးသည် သူ(မ)ရဲ့ အဖေ ပျောက်ဆုံးသွားလို့ လိုက်လံရှာဖွေကာ ကယ်ထုတ်ရမယ့်ပုံစံဖြင့် ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး ဆော့ရတာလည်း အမိုက်စား ခံစားချက်ကို ပေးစွမ်းနေမှာပဲ ဖြစ်ပါတယ်။

The Outbound Ghost

Source: Releases

ချစ်စဖွယ်ကောင်းတဲ့ ကာရိုက်တာမျိုး၊ ဒီဇိုင်းဆက်တင် အပြင်အဆင်မျိုးကိုမှ ဖိုက်တင်ကြမ်းကြမ်းလေးနဲ့ ဆော့ချင်တယ်ဆိုရင်တော့ ဒီဂိမ်းကို ရွေးချယ်နိုင်ပါတယ်။ ဂိမ်းထဲမှာ လက်နက်အစုံပါဝင်ပြီး Feature လည်း စုံလင်တဲ့အတွက်ကြောင့် ဆော့ရတာ ပျင်းရိငြီးငွေ့နေမျာမဟုတ်ပါဘူး။ ဒီဂိမ်းလေးကတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထွက်ရှိလာမှာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဘယ်လိုမျိုး အမိုက်စားဂိမ်းတွေကို အသစ်ထပ်ထွက်စေချင်ပါသလဲ။

Featured Image: Sports Best News