စက်ရုပ်တွေသည် လူသား ဝန်ထမ်းများနဲ့ မတူဘဲ အားသာချက်များ အများအပြား ရှိပါတယ်။ လူသားတွေလိုမျိုး ပင်ပန်းတာမျိုး မရှိဘဲ ဆက်တိုက် အလုပ်လုပ်နိုင်ပါတယ်။ သူ့ရဲ့ ဘက္ထရီ ကုန်သွားသည်အထိ အလုပ်လုပ်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း အချို့နေရာတွေမှာ စက်ရုပ် တွေကို လူသားများ အစားထိုးကာ အသုံးပြုလာကြပါတယ်။ စက်ရုပ် တွေကို အသုံးပြုနေကြတဲ့ အလုပ်အကိုင် များကတော့ အခုဖော်ပြပေးမယ့် အလုပ်အကိုင်များပဲ ဖြစ်ပါတယ်။

ဝယ်သူများအား ဝန်ဆောင်မှုပေးခြင်း

robots

Photo : TyN Magazine

ဝယ်သူတွေအား ဝန်ဆောင်မှု ပေးရတဲ့ နေရာမှာ လူမှုဆက်ဆံရေး ကောင်းဖို့ လိုအပ်တယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တော့ မမှန်ပါဘူး။ အချို့ကုမ္ပဏီများသည် ကာစတန်မာများ မေးသမျှကို အော်တို ဖြေပေးနိုင်ဖို့ရန်အတွက် AI ကို အသုံးပြုလာနေကြပြီပဲ ဖြစ်ပါတယ်။ AI ဖြင့် အလိုအလျောက် မေးခွန်းများကို ဖြေပေးခြင်းသည်လည်း ယနေ့ခေတ်မှာ ခေတ်စားလျက်ရှိပါတယ်။

ဧည့်ကြိုကောင်တာတွင် အလုပ်လုပ်ခြင်း

robots

Photo : LinkedIn

အချို့သော ဟိုတယ်များတွင် အော်တို Check-ins ဝင်တဲ့ စနစ်ကို ပြုလုပ်ထားလျက် ရှိပါတယ်။ ထိုဟိုတယ်များတွင် ဧည့်ကြိုကောင်တာ နေရာတွင် ဝန်ထမ်းများ မထားတော့ဘဲ AI နဲ့ စက်ရုပ်များကိုသာ အသုံးပြုလာကြပါတယ်။

စက်ရုပ် အလုပ်အကိုင်

Photo : The Jakarta Post

အချို့သော အသင့်စား အစားအသောက်ဆိုင်များတွင်လည်း စားသုံးသူများရဲ့ အော်ဒါကို AI ဖြင့် မှတ်ယူတဲ့ စနစ်ကို မိတ်ဆက်ပေးလာကြပါတယ်။

ဆရာဝန်

စက်ရုပ် အလုပ်အကိုင်

Photo : Standard Bots

ယခုအချိန်မှာ စက်ရုပ် ခွဲစိတ်ဆရာဝန်များကို ဆေးပညာလောကတွင် မိတ်ဆက်လာကြပါပြီ။ လူသား ခွဲစိတ်ဆရာဝန်များ နေရာမှာ စက်ရုပ်များနဲ့ အစားထိုးဖို့ အချိန်ကလည်း သိပ်မကြာတော့ပါဘူး။ စက်ရုပ်နဲ့ ခွဲစိတ်ရင် ပိုမိုတိကျတဲ့ ရလဒ်ကို မြင်တွေ့ရလိမ့်မယ်လို့ အချို့ကလည်း ယူဆကြပါတယ်။

စစ်သား

စက်ရုပ် အလုပ်အကိုင်

Photo : IoT Business News

စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များရဲ့ ခန့်မှန်းချက်အရ အနာဂတ်မှာ စက်ရုပ်တွေကို အသုံးပြုပြီး စစ်တိုက်တာမျိုးတွေ ပြုလုပ်ကြလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်ရှိအချိန်မှာလည်း အဆင့်မြင့် ဒရုန်းများ၊ စက်ရုပ်များကို အသုံးပြုကာ စက်ဘက်ဆိုင်ရာအတွက် ကင်းထောက်စနစ်အတွက် အသုံးပြုလျက်ရှိပါတယ်။

အထက်ဖော်ပြပါ အလုပ်အကိုင်များကတော့ စက်ရုပ် တွေကို အစားထိုး အသုံးပြုလာနိုင်တဲ့ အလုပ်အကိုင် များပဲဖြစ်ပါတယ်။ အနာဂတ်မှာ AI များ၊ စက်ရုပ်များနဲ့ လုံးဝ အစားထိုးလို့ မရတဲ့ အလုပ်အကိုင်များလည်း ရှိပါသေးတယ်။ ထိုအလုပ်အကိုင်များကတော့

(၁) HR မန်နေဂျာ

(၂) စာရးဆရာ

(၃) ရှေ့နေ

(၄) သိပ္ပံပညာရှင်

(၅) စိတ်ရောဂါကု ဆရာဝန်

(၆) Graphic ဒီဇိုင်နာ

(၇) Software Developers

(၈) ပရောဂျက် မန်နေဂျာ

အစရှိတဲ့ အလုပ်အကိုင်များကတော့ AI ၊ ဒါမှမဟုတ် စက်ရုပ်များနဲ့ ဘယ်လိုမှ အစားထိုးလို့မရနိုင်တဲ့ အလုပ်အကိုင်တွေပဲ ဖြစ်ပါတယ်။

ကွီးတို့ရော အနာဂတ်မှာ AI ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေက ဆုံးရှုံးသွားနိုင်မယ်လို့ ထင်ပါသလား။

Source : Saviom

Featured Photo : Analyticsinsight