အစားအစာ ချစ်သူကွီးတို့အနေနဲ့ စင်ကာပူ သို့ သွားရောက်လည်ပတ်တဲ့အခါ မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ Street Food များရှိပါတယ်။ အရသာကောင်းလွန်းတဲ့ အတွက်ကြောင့် မမေ့မလျော့ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

စင်ကာပူစတိုင်လ် ကြက်ဆီထမင်း

food for kwee

ထမင်းပေါ်မှာ ကြက်သားတုံးများကို တစ်ကိုက်စာအရွယ်အစားခန့် လှီးဖြတ်ထားပြီး သခွားသီး၊ နံနံပင်၊ ပဲသွေးတို့ ထပ်ပေါင်းထည့်ထားတာဖြစ်ပါတယ်။ အရသာက ဆွေမျိုးမေ့လောက်အောင်ကို ကောင်းပါတယ်။

King Crab ဂဏန်းအစပ်ဟင်း

food for kwee

ခရမ်းချဉ်သီးဆော့စ်ကို စပ်စပ်လေး လုပ်ထားကာ King Crab နဲ့ တွဲဖက် ချက်ပြုတ်ထားတာ ဖြစ်ပါတယ်။ ဂဏန်းကို အကောင်သေးသေးလေးပဲ စားရတာ စားမဝဘူးဆိုတဲ့ ကွီးတို့အတွက် ဒီအစားအစာကတော့ စင်ကာပူသို့ ခရီးသွားဖြစ်တဲ့အခါ မြည်းစမ်းကြည့်သင့်တဲ့ Street Food တစ်မျိုးပဲ ဖြစ်ပါတယ်။

ငါးခေါင်းအစပ်ဟင်း

food for kwee

ငါးခေါင်းကို ဟငးအနှစ်များဖြင့် သေသေချာချာနှပ်ထားကာ ခရမ်းသီး၊ ရုံးပတီသီး စတဲ့ ဟင်းရွက်များနဲ့ အရသာရှိရှိ ချက်ပြုတ်ထားတာပဲ ဖြစ်ပါတယ်။ မန်ကျည်းသီး အနှစ်လေးပါ ထည့်ချက်ထားတော့ ချဉ်စပ် ချဉ်စပ်လေးနဲ့ စားကောင်းပါတယ်။

မုန်လာဥအကြော်

food for kwee

ဒီအစားအစာကတော့ မုန်လာဥကို ကြက်ဥကြော်နဲ့ ရောကြော်ထားတာ ဖြစ်ပါတယ်။ ဒေသအစားအစာ တစ်ခုဖြစ်ပြီး အရသာ အင်မတန်ရှိပါတယ်။

စင်ကာပူစတိုင်လ် ခေါက်ဆွဲကြော်

food for kwee

စင်ကာပူစတိုင်လ် ခေါက်ဆွဲကြော်လေးကလည်း ဘယ်လိုအရသာ ရှိသလဲဆိုတာ မြည်းစမ်းကြည့်သင့်ပါတယ်။

စင်ကာပူစတိုင်လ် အုန်းနို့ခေါက်ဆွဲပြား

စင်ကာပူ Street Food

ခေါက်ဆွဲပြားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အုန်းနို့၊ ငါးဖယ်၊ ပုစွန်နှင့် အခြားသောအစာပလာများဖြင့် အရသာရှိအောင် ချက်ပြုတ်ထားတဲ့ စင်ကာပူ စတိုင်လ်အုန်းနို့ ခေါက်ဆွဲပြားလေးပဲ ဖြစ်ပါတယ်။

အိန္ဒိယနှင့် စင်ကာပူစတိုင်လ်အရော ပလာတာ

စင်ကာပူ Street Food

အိန္ဒိယ အစားအစာတစ်ခုဖြစ်တဲ့ ပလာတာကို စင်ကာပူ ဟင်းလျာတစ်ခုဖြစ်ပြီး အမဲသား၊ ကြက်သား၊ ငါး (သို့) ဟင်းသီးဟင်းရွက်ဟင်းလျာတို့နှင့် တွဲစားရမှာ ဖြစ်ပါတယ်။

ဆာတေးအသားကင်

စင်ကာပူ Street Food

စင်ကာပူ မှာ အရသာအရှိဆုံး Street Food ကို ပြောပါဆိုရင် ဆာတေးအသားကင်တွေကိုလည်း မေ့မထားသင့်ပါဘူး။ အသားများသည် မန်ကျည်းနှစ်များနှင့် သေသေချာချာ နှပ်ထားတာဖြစ်ပြီး သူ့ရဲ့ဆော့စ်သည်လည်း သေသေချာချာဖော်စပ်ထားတာကြောင့် လျှာလည်သွားစေမှာ အမှန်ပါပဲ။

အသားနှင့်ပြုလုပ်ထားသည့် ခေါက်ဆွဲပြား

စင်ကာပူ Street Food

ဒီခေါက်ဆွဲပြားကတော့ ကော်ရည်ခေါက်ဆွဲနဲ့ အနည်းငယ်ဆင်တူပါတယ်။ ဒီခေါက်ဆွဲထဲမှာ ငါးဖယ်၊ အသည်းနှင့် ဝက်သားများ ထည့်ချက်ထားတာဖြစ်ပါတယ်။

ရေခဲခြမ်းအချိုပွဲ

စင်ကာပူ Street Food

ဒီအချိုပွဲကတော့ မလေးရှားအချိုပွဲကို မှီငြမ်းကာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရေခဲခြမ်းကို အရောင်စုံကို ပြုလုပ်ထားပြီး အပေါ်ကနေ နို့ဆီဆမ်းထည့်ထားတာ ဖြစ်ပါတယ်။ လျှာလည်သွားစေမယ့် အရသာပါပဲ။

Source: Holidify

Featured Image Source: Condé Nast Traveler