အနုပညာရှင်များ၊ ဆယ်လီများရဲ့ဖက်ရှင်ကတော့ ဘယ်အချိန်ပဲကြည့်ကြည့် အမြဲတမ်းဆွဲဆောင်မှုအပြည့်ရှိနေတာကို တွေ့မြင်ရပါလိမ့်မယ်။ သူတို့သည် လူအများရဲ့ အမြင်မှာ အမြဲတမ်း ကျော့ရှင်းကာ ခန့်ညားနေတဲ့ပုံစံကို ပြသရတာဖြစ်တဲ့အတွက်ကြောင့် သူတို့ရဲ့ဖက်ရှင်တွေသည် ဘယ်တော့မဆို စတိုင်လ်ကျနေတာဖြစ်ပါတယ်။
ကိုရီးယား အနုပညာရှင်များ၊ အင်္ဂလိပ်လူမျိုးအနုပညာရှင်များ၊ ပြင်သစ်လူမျိုးအနုပညာရှင်များ စသည်ဖြင့် လူမျိုး အမျိုးမျိုးရှိကြတဲ့အနက် လူမျိုးတစ်မျိုးစီရဲ့ ဖက်ရှင်တွေသည် သူ့နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရာသီဥတုအခြေအနေပေါ်လိုက်ပြီး အမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။
ကွီးတို့အနေနဲ့ Bold ဖြစ်ပြီး လူကြီးလူကောင်းဆန်တဲ့ ဖက်ရှင်မျိုးကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။
ဒီဆောင်းပါးလေးထဲမှာ စတိုင်လ်အကျဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ အင်္ဂလိပ်လူမျိုး အနုပညာရှင်များ၊ ဆယ်လီများရဲ့ဖက်ရှင် ကို ဖော်ပြသွားမှာပဲ ဖြစ်ပါတယ်။
Alex Turner
သူကတော့ အင်္ဂလိပ်လူမျိုး အဆိုတော်၊ သီချင်းရေးဆရာနှင့်၊ ပရိုဂျူဆာ ဂီတပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူ့ရဲ့ဖက်ရှင်တွေသည် စမတ်ကျတဲ့ ဖက်ရှင် ဘက်ကို သွားပါတယ်။ သင့်အနေနဲ့ စမတ်ကျကျဖက်ရှင်ကို ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီဖက်ရှင်များအတိုင်း နမူနာယူနိုင်ပါတယ်။
David Gandy
သူကတော့ မော်ဒယ်လောကမှာ နာမည်ကြီးပါတယ်။ နှစ်အတော်ကြာ ခေါင်းဆောင်မော်ဒယ်အဖြစ် လုပ်ကိုင်လျက်ရှိပြီး ဖက်ရှင်ရှိုးပွဲများတွင်လည်း အမြဲဆိုသလို ဖိတ်ကြားခံထားရသူပါ။ သူ့ရဲ့ဖက်ရှင်တွေကတော့ ညှို့ငင်အားပြင်းတဲ့ ဘက်ကိုသွားပါတယ်။
Eddie Redmayne
သူ့နာမည်အရင်းကတော့ Edward John David Redmayne ဖြစ်ပါတယ်။ သူ့ရဲ့ထူးခြားပြောင်မြောက်တဲ့ သရုပ်ဆောင်အတတ်ပညာကြောင့် ဆုတံဆိပ်ပေါင်းများစွာလည်း ရရှိထားပြီးဖြစ်ပါတယ်။ သူ့ရဲ့ဖက်ရှင်တွေသည် တစ်ခါတရံ ပေါ့ပါးလွတ်လပ်တဲ့စတိုင်လ်ဘက်ကိုသွားပြီး ရံဖန်ရံခါမှာတော့ စမတ်ကျတဲ့စတိုင်လ်ကို တွေ့မြင်ရပါတယ်။
David Beckham
သူ့ကိုတော့ အထူးတလည်ဖော်ပြနေစရာလိုမယ် မထင်ပါဘူး။ သူ့ရဲ့ဖက်ရှင်တွေကတော့ လူကြီးလူကောင်းဆန်ပြီး Classic ဆန်တဲ့ဘက်ကို သွားပါတယ်။ သင့်အနေနဲ့ အသက်အရွယ်တစ်ခုရလာတဲ့အခါ ဒီဖက်ရှင်စတိုင်လ်မျိုး ဖန်တီးဖို့လိုလာပါလိမ့်မယ်။
Blondey McCoy
Blondey McCoy ကတော့ မော်ဒယ်တစ်ယောက်လည်းဖြစ်သလို စကိတ်စီးကျွမ်းကျင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပန်းချီပညာရပ်မှာလည်း ထူးချွန်သူတစ်ယောက်ပါ။ လူငယ်ပီပီ သူ့ရဲ့ဖက်ရှင်တွေက ပေါ့ပါးလွတ်လပ်တဲ့ အသွင်ဘက်ကိုသွားတာ တွေ့ရပါတယ်။
Zayn Malik
1D အဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်တဲ့ Zayn Malik ကတော့ တစ်ကိုယ်တော်သီချင်းတွေ သီဆိုတဲ့အခါမှာလည်း နာမည်ရပါတယ်။ သူ့ရဲ့အသံပါဝါကလည်း အမိုက်စားဆိုသလို သူ့ရဲ့ဖက်ရှင်တွေကလည်း အမြဲတမ်းခေတ်ရှေ့ပြေးနေတာကို တွေ့ရမှာပါ။
Oliver Cheshire
ဖက်ရှင် မော်ဒယ်တစ်ယောက်ဖြစ်သလို စာရေးဆရာအဖြစ်ပါ လုပ်ကိုင်လျက်ရှိတဲ့ Oliver Cheshire ရဲ့ ဖက်ရှင်တွေသည်လည်း ကွီးတို့အတွက် မှီငြမ်းစရာ ဖက်ရှင်စတိုင်လ်တစ်ခုအဖြစ် အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
Source: Fashionbeans.com