ကွီးတို့ စကီလေးနဲ့ စိတ်တူ ကိုယ်တူ ချစ်တင်းနှော နိုင်ဖို့ဆို ဘာတွေ လုပ်ဆောင်ရမလဲဆိုတာကို သိပါသလား။ မသိသေးဘူး ဆိုရင်တော့ ဒီဆောင်းပါးလေးကို အဆုံးအထိ ဆက်ဖတ်ကြည့်လိုက်ပါ။ ကွီးတို့ရဲ့ ဆက်ဆံရေးကို ပိုမို တိုးတက်လာအောင် ကူညီပေးမှာဖြစ်ပြီး ဖဲမွေ့ရာထက်မှာလည်း နှစ်ဦးသား အပေးအယူ မျှမျှနဲ့ နှစ်ပါးသွားက နိုင်မှာပဲ ဖြစ်ပါတယ်။

ယုံကြည်မှု တည်ဆောက်ပါ

couple in bed

ဘယ်ဆက်ဆံရေးမှာမဆို ယုံကြည်မှုသည် အဓိက အကျဆုံး အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှု စိတ်ချမှု ရှိမှသာလျှင် ချစ်တင်းနှော တဲ့အခါမှာလည်း စိတ်ချ လက်ချနဲ့ ချစ်တင်းနှော နိုင်မှာဖြစ်ပြီး ပျော်ရွှင်မှုကို အပြည့်အဝ ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ဖို့အတွက် အချိန်အတိုင်း အတာတစ်ခုလည်း ယူရပါတယ်။ ဒါ့ကြောင့် ယုံကြည်မှု တည်ဆောက်နေတဲ့ အချိန်မှာ စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ရရှိလာတဲ့ ယုံကြည်မှုကိုလည်း ပျက်စီးမသွားအောင် ရေရှည်တည်တံ့အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

အသစ်အဆန်းများ ဖန်တီးပါ

couple in bed

အသစ်အဆန်းများ ဖန်တီးပြီး ကွီးတို့ရဲ့ စိတ်ခံစားချက်များကို အမြဲတမ်း နုပျိုနေအောင် ဖန်တီးသင့်ပါတယ်။ အဟောင်းထဲမှာပဲ တစ်ဝဲလည်လည် ကျင်လည်ပြီး ရိုးအီသွားမယ့် အနေအထားအထိ အရောက်မခံဘဲ အသစ်အဆန်းများကို ဖန်တီးပြီး ချစ်တင်းနှောကြဖို့ လိုအပ်ပါတယ်။ ဘာကို ဆိုလိုတယ်ဆိုတာကိုတော့ ကွီးတို့ သိကြပါလိမ့်မယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံပါ

စိတ်တူ ကိုယ်တူ ချစ်တင်းနှော

ကွီးတို့ရဲ့ ဆက်ဆံရေးမှာ နောက်ထပ် အဓိက အကျဆုံး အချက်ကတော့ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံဖို့ပါပဲ။ အချို့အတွဲတွေက ဒီလို ချစ်တင်းနှောတာမျိုးနဲ့ ပတ်သက်လာရင် အရှက်အကြောက် ကြီးကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း တိုင်ပင်ဖို့ ဝေးစွ၊ တစ်ခွန်းလောက် ဟရမှာတောင် အင်မတန်မှ ဝန်လေးကြပါတယ်။ နောက်ဆက်တွဲအနေနဲ့ ကွီးတို့ရဲ့ ဆက်ဆံရေးကိုပဲ ထိခိုက်လာတာပါ။

ဒါ့ကြောင့် ချစ်တင်းနှီးနှောရာနဲ့ ပတ်သက်လာရင် တစ်ယောက်နဲ့ တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံတာ အကောင်းဆုံးပါပဲ။ ဥပမာ ကွီးတို့ စကီလေးက ချစ်တင်းနှောဖို့အတွက် ငြင်းဆိုတဲ့ ရက်တွေ ရှိရင် သူ(မ) ဘာ့ကြောင့် ဒီလို ငြင်းဆိုနေရသလဲဆိုတာကို အဖြေရှာဖို့အတွက် ပွင့်ပွင့်လင်းလင်း တိုင်ပင်မေးမြန်းတာ အကောင်းဆုံးပါပဲ။

တစ်ယောက်ကို တစ်ယောက် ချီးမွမ်းပါ

စိတ်တူ ကိုယ်တူ ချစ်တင်းနှော

ချစ်တင်းနှောပြီးနောက်မှာ ကွီးတို့သည် တစ်ယောက်ကို တစ်ယောက် ချီးမွမ်းဖြစ်ပါသလား။ မချီးမွမ်းဖြစ်ဘူး ဆိုရင်တော့ အခုကစပြီး ချီးမွမ်းလိုက်ပါ။ ကွီးတို့အနေနဲ့ ဘယ်လိုမျိုး ပျော်ရွှင် ကြည်နူးရကြောင်း၊ သူ(မ)ရဲ့ ပြုစုယုယမှုကို ဘယ်လောက်ထိ နှစ်သက်ကြောင်း တမေ့တမောကြီး ချီးမွမ်းခန်း ဖွင့်ပြလိုက်ပါ။ တစ်ယောက်နဲ့ တစ်ယောက် ချီးမွမ်းခန်းဖွင့်ခြင်းအားဖြင့် ကွီးတို့သည် နောက်ထပ်အကြိမ်တွေမှာ စိတ်တူ ကိုယ်တူ ချစ်တင်းနှော နိုင်ဖို့အတွက် အများကြီး ကူညီပေးပါလိမ့်မယ်။

ပျော်ရွှင်ဖွယ်ကောင်းအောင် ဖန်တီးပါ

စိတ်တူ ကိုယ်တူ ချစ်တင်းနှော

ချစ်တင်းနှောတဲ့အခါမှာ လူတိုင်းကတော့ ပျော်ရွှင်ကြည်နူးမှုကို အပြည့်အဝ လိုချင်ကြသူတွေ ချည်းပါပဲ။ ကွီးတို့သည် ချစ်တင်းနှောတဲ့အခါမှာ ပျော်ရွှင်ဖွယ်ကောင်းအောင် ဖန်တီးလို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ သူ(မ) နှစ်သက်မယ့် စကားမျိုးတွေ ပြောပေးတာမျိုး၊ သူ(မ) စိတ်ပါလာအောင် Foreplay လို့ခေါ်တဲ့ ပွတ်သီးပွတ်သပ် လုပ်ပြီး အစပြုတာမျိုး၊ သူ(မ)ကို ပိုမို ရင်ခုန် စိတ်လှုပ်ရှားလာအောင် ဖန်တီးပေးတာမျိုး အစရှိတဲ့ နည်းလမ်းမျိုးစုံနဲ့ ကွီးတို့ရဲ့ ချစ်တင်းနှောခြင်းကို ပျော်ရွှင်ဖွယ်ကောင်းအောင် ဖန်တီးနိုင်ပါတယ်။​

ကွီးတို့ရော စိတ်တူ ကိုယ်တူ ချစ်တင်းနှော နိုင်ဖို့ဆို ဘာတွေ လိုအပ်မယ်လို့ ထင်ပါသလဲ။

Source: Theknot.com

Featured Image: Womenshealthaz.com