စိတ်နှစ်ခွ ဖြစ်ပြီး ဆုံးဖြတ်ချက်များ မပြတ်မသားဖြစ်ရခြင်းရဲ့ အကြောင်းအရင်းများ များစွာရှိနိုင်ပါတယ်။ ဒီလိုမျိုး မပြတ်မသားဖြစ်ပြီး စိတ်နှစ်ခွ ဖြစ်ခြင်းသည် ကွီးတို့ရဲ့ အနာဂတ် အတွက် မကောင်းတဲ့အတွက်ကြောင့် ထိုအကျင့်ဆိုးကို အမြန်ဆုံး ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့အနေနဲ့ အချိန် တစ်ခု ယူရမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အကျင့်လုပ်ပေးဖို့ လိုအပ်ပါတယ်။

ဘာ့ကြောင့်မို့လို့ ဆုံးဖြတ်ချက်များ မပြတ်မသားဖြစ်နေရပြီး စိတ်နှစ်ခွဖြစ်နေရတာလဲ။

ကျရှုံးရမှာကို ကြောက်လို့

စိတ်နှစ်ခွ အနာဂတ်

လူအချို့သည် ဆုံးဖြတ်ချက် ချခါနီးဆိုရင် ချီတုံချတုံဖြစ်ပြီး ကြောက်ရွံ့တတ်ကြပါတယ်။ ဒီလိုဖြစ်ရခြင်းသည် သူတို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ကျရှုံးရမှာကို ကြောက်လို့ပဲဖြစ်ပါတယ်။ ဖိအားပေးခံရခြင်းကြောင့် ကြောက်ရွံ့တဲ့အခါ ဘာဆုံးဖြတ်ချက်ကိုမှ မချက်မှတ်နိုင်တော့ဘဲ ဖြစ်တတ်ပါတယ်။ အသေးအဖွဲလေးကအစတောင် ဆုံးဖြတ်ချက် မချချင်တော့ပါဘူး။

မိဘတွေရဲ့ လွှမ်းမိုးမှုက များနေလို့

စိတ်နှစ်ခွ အနာဂတ်

အချို့မိဘတွေသည် သားသမီးကို အားပေးချီးမြှောက်ရမယ့်အစား ဝေဖန်မဆုံး တပြုံးပြုံးဖြစ်နေတတ် ကြပါတယ်။ ကလေးက အမှားတစ်ခုခု လုပ်မိတဲ့အခါမှာလည်း အမှားလုပ်ရကောင်းလားဆိုပြီး ဆူဆဲ အပြစ်တင်မဆုံး ဖြစ်တတ်ပါတယ်။ ရလဒ်အနေနဲ့ ကလေးက ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို မချမှတ်ချင်တော့ဘဲ မိဘရဲ့ ဆုံးဖြတ်ချက်ကိုသာ ထိုင်စောင့်နေတတ်ပါတယ်။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်ကလေးရဲ့ ဆုံးဖြတ်ချက်က မှားမှားမှန်မှန် ထောက်ပံ့ အားပေးဖို့ လိုအပ်ပါတယ်။ တစ်စုံတစ်ခု အမှားပြုလုပ်မိရင်လည်း အရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးသင့်ပါတယ်။ ဒါမှသာ ကလေးအနေနဲ့ အသက်အရွယ်ရလာတဲ့အခါ ကိုယ်ပိုင် စဥ်းစားဆင်ခြင်ဉာဏ် ရှိလာမှာပဲဖြစ်ပါတယ်။

အရာရာတိုင်းမှာ ပြီးပြည့်စုံချင်နေလို့

စိတ်နှစ်ခွ အနာဂတ်

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်းက ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိပါဘူး။ အင်မတန်မှ တော်လွန်း၊ ထက်မြက်လွန်းတဲ့သူတောင်မှ သူ့ရဲ့ အားနည်းချက်ဆိုတာ ရှိတတ်ပါတယ်။​ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် တစ်စုံတစ်ရာ လွဲချော်ပြီး မပြီးပြည့်စုံမှာကို ကြောက်မနေသင့်ပါဘူး။ ရဲရဲကြီးသာ ဆုံးဖြတ်ချက်ချလိုက်ပါ။

အခြားသူတွေ ကိုယ့်ကိုယ် မကောင်းမြင်ပြီး ဝေဖန်ကဲ့ရဲ့မှာစိုးလို့

 

Businesswoman whispering something to her colleague in an office

အခြားသူတွေ ကိုယ့်ကို ဘယ်လိုထင်မြင်မလဲဆိုတာကို အမြဲတမ်း တွေးပူနေတတ်ပါသလား။ ကွီးတို့အနေနဲ့ ဒီလိုမျိုး အများအမြင်ကို တွေးပူနေမယ်ဆိုရင်တော့ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ကိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ် လုပ်ချင်တာကိုသာ လုပ်လိုက်ပါ။ သူများ အမြင်ကို ဂရုစိုက် မနေပါနဲ့တော့။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိလို့

man afraid

မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းသည် ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့အတွက် အဓိက ကူညီထောက်ပံ့ပေးနေတဲ့အရာတစ်ခုပဲဖြစ်ပါတယ်။​ ကွီးတို့အနေနဲ့ မိမိကိုယ်ကိုယ် ယုံကြည်ချက်မရှိဘူးဆိုရင် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်ချက်ရှိအောင် မွေးမြူပါ။ ကိုယ့်ရဲ့ ယုံကြည်ချက်များ လျော့နည်းနေရခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေပါ။ ဥပမာ – ကိုယ်က ကိုယ်လုပ်နေရတဲ့ အလုပ်နဲ့ ပတ်သက်ပြီး ဗဟုသုတ နည်းနေသေးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မရှိတာလား။ ဒါဆိုရင် ထိုအလုပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရင်းများကို သင်ယူလေ့လာပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပိုမိုမြင့်မားအောင် ပြုလုပ်ပါ။ ဒါမှသာလျှင် ရဲရဲဝံ့ဝံ့နှင့် ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချမှတ်နိုင်မှာပဲ ဖြစ်ပါတယ်။

ထိုကဲ့သို့ စိတ်နှစ်ခွ ဖြစ်ခြင်းသည် အနာဂတ် အတွက် မကောင်းတဲ့အတွက်ကြောင့် ကွီးတို့အနေနဲ့ ထိုအမူအကျင့်ကို ဖျောက်ဖျက်ပစ်ဖို့ လိုအပ်ပါတယ်။

ဒါဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြုပြင်ရမလဲ။

  • ဆုံးဖြတ်ချက်များကို ကိုယ်တိုင်ချပါ
  • ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်မားအောင် တည်ဆောက်ပါ
  • ဖြစ်ပြီးသွားတဲ့အရာတွေကို လွှတ်ချလိုက်ပါ
  • ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်နိုင်တဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူလိုက်ပါ။

ကွီးတို့ရော ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့အတွက် ဘယ်လိုမျိုး လေ့ကျင့်ခဲ့ပါသလဲ။

Source: Psychcentral

Featured Image: Happiness