ဘဝထဲမှာ စိတ်ဖိစီး စရာများ၊ ပျော်စရာ များသည် တစ်လှည့်စီ ရောက်လာတတ်ကြတာ ဖြစ်ပါတယ်။ အချိန်တိုင်း ပျော်ရွှင်နေနိုင်မှာလည်း မဟုတ်သလို စိတ်ညစ်စရာတွေဆိုတာကလည်း အချိန်တိုင်း ရှိနေနိုင်မှာမဟုတ်ပါဘူး။ ကွီးတို့အနေနဲ့ စိတ်ဖိစီး စရာများကြားထဲက ပျော်စရာ များကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးယူရမှာပဲဖြစ်ပါတယ်။
စိတ်ဖိစီးစရာများကို ပျော်စရာများအဖြစ် ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကိုယ် ဝါသနာပါတဲ့အလုပ်များကို ပြုလုပ်ခြင်း၊ ဟာသ ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်း၊ ခရီးထွက်ကာ စိတ်အပန်းဖြေခြင်း အစရှိတဲ့ နည်းလမ်းများဖြင့် စိတ်အပန်းဖြေနိုင်ပါတယ်။
ထိုနည်းလမ်းအများကြီးထဲကမှ အကောင်းဆုံး စိတ်အပန်းဖြေနည်းကတော့ ခရီးသွားခြင်းပဲဖြစ်ပါတယ်။ ခရီးသွားခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေက အများကြီးပါပဲ။
ကွီးတို့ကို ပိုမိုပျော်ရွှင်လာစေမယ်
ခရီးသွားခြင်းသည် ကွီးတို့ကို ခံစားချက်အသစ်များ၊ အတွေ့အကြုံအသစ်များ ရရှိပိုင်ဆိုင်စေပြီး ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှုများကို ခံစားရစေမှာဖြစ်ပါတယ်။ ကိုယ် ချစ်ခင်ရသူများနဲ့ ခရီးအတူတူသွားရတဲ့အခါ အမှတ်တရကောင်းများကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
စိတ်ညစ်စရာများကို အဆက်ဖြတ်နိုင်ပြီး ပြန်လည်ခွန်အားပြည့်စေမယ်
ကွီးတို့ရဲ့ စိတ်ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေချင်တယ်ဆိုရင်တော့ ခရီးသွားခြင်းက အကောင်းဆုံးပါပဲ။ ခရီးသွားတဲ့အခါ စိတ်ညစ်စရာများကို အဆက်ဖြတ်ပစ်လိုက်သလိုမျိုး ခံစားရမှာဖြစ်ပြီး ခွန်အားသစ်များ ပြန်လည်မွေးဖွားနိုင်အောင် ကူညီပေးမှာပဲဖြစ်ပါတယ်။
အသစ်သောအရာများကို လေ့လာသင်ယူနိုင်တယ်
ခရီးသွားတဲ့အခါ ပတ်ဝန်းကျင်အသစ်ကို စူစမ်းလေ့လာနိုင်ပြီး ဒေသန္တရ ဗဟုသုတများကိုလည်း ရရှိပိုင်ဆိုင်နိုင်စေပါတယ်။ ကွီးတို့ရဲ့ အတွေးအမြင်များကို ပိုမိုဆန်းသစ်လာစေပြီး ယဥ်ကျေးမှုများ၊ ဓလေ့ထုံးတမ်းရိုးရာများကိုလည်း သင်ယူနိုင်ပါတယ်။
ဘယ်နေရာတွေဆီ ခရီးသွားသင့်သလဲ
ခရီးသွားလို့ကောင်းတဲ့ နေရာတွေကတော့ ကမ္ဘာပေါ်မှာ အများကြီးပဲ ရှိပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ ပြည်တွင်းရှိ နေရာများကို အရင်ဆုံး နှံ့စပ်အောင် သွားလာသင့်ပါတယ်။ ပြည်တွင်းမှာလည်း လှပတဲ့နေရာတွေ အများကြီးပဲမို့ ပြည်တွင်းကနေရာတွေကို အရင်သွားပါ။ ပြီးရင်တော့ ပြည်ပက နေရာဒေသများဆီ သွားရောက်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ ရိုးရိုး အပန်းဖြေ ခရီးမျိုးလား၊ ဒါမှမဟုတ် စွန့်စား သွားလာရတဲ့ ခရီးမျိုးကို နှစ်သက်တာလား ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
ဒါ့အပြင် ကမ်းခြေတွေဆီ သွားလည်ချင်တာလား၊ ဒါမှမဟုတ် တောင်တန်းဒေသတွေဆီ သွားလည်ချင်တာလား၊ ကွီးတို့ စိတ်ကြိုက်ပါပဲ။ အဓိကကတော့ စိတ်ဖိစီး စရာများထဲကနေ ပျော်စရာ များကို ရှာဖွေဖို့ပဲ မဟုတ်လား။
Source: Goodwall
Featured Image: Freepik