ချစ်သူစုံတွဲတိုင်း အချိန်ပြည့် အဆင်ပြေပျော်ရွှင်နေဖို့ မလွယ်သလို တစ်ခါတစ်လေမှာ ငြင်းခုန်မှုတွေ ၊ စိတ်ပင်ပန်းစရာတွေလည်း ရင်ဆိုင်ရ တတ်ပါတယ်။ ကွီးတို့အနေနဲ့ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေး တစ်ခုမှာ တက်နိုင်သလောက် စိတ်ပင်ပန်းမှုတွေ နည်းချင်တယ်ဆိုရင်တော့ အခုပြောပြမယ့် အချက်လေးတွေကိုသာ သေချာလိုက်နာကြည့်ပါ။
(၁) တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ အပြန်အလှန် မျှဝေပါ
Photo : Alliance Counselling
ခံစားချက်လေးတွေ အပြန်အလှန်မျှဝေတာဟာ တစ်ယောက်ပေါ်တစ်ယောက် ပိုမိုနားလည်စေနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ အချစ်ရေး တစ်ခုတည်ဆောက်ရာမှာ အရေးပါပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက် နားလည်လာတာနဲ့အမျှ နားလည်မှုလွဲတာတွေ စိတ်ပင်ပန်းစရာပြဿနာတွေ နည်းသွားစေပြီး ရင်ဘတ်ချင်းနီးလာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံစားချက်လေးတွေမျှဝေရင်း တစ်ယောက်ရင်ထဲ တစ်ယောက်ဝင်ကြည့် နိုင်အောင် ကြိုးစားပါ။
(၂) ပြဿနာတွေကနေ သင်ခန်းစာယူပါ
Photo : Medium
Relationship တိုင်းက အမြဲတမ်း စင်းလုံးချော အဆင်ပြေချောမွေ့နေဖို့ မဖြစ်နိုင်ပါဘူး။ တစ်ချို့အချိန်တွေမှာ အဆင်မပြေတာ ၊ ရန်ဖြစ်စကားများတာတွေ ကြုံရနိုင်ပါတယ်။ ဒီလိုအခြေအနေတွေ ကြုံလာတဲ့အခါ အကောင်းဆုံး ဖြေရှင်းတတ်ဖို့လိုပြီး ဒုတိယအကြိမ် ဒီလိုအမှားမျိုး ၊ ပြဿနာမျိုး ဖြစ်မလာအောင်လည်း သင်ခန်းစာ ယူသင့်ပါတယ်။ ဒါဆို သင်တို့နှစ်ဦးကြား ပြဿနာတွေနည်းပြီး ကျန်းမာတဲ့ Healthy Relationship တစ်ခု တည်ဆောက်နိုင်ပါလိမ့်မယ်။
(၃) အတွေးလွန်နေတာတွေ ရပ်လိုက်ပါ
Photo : Psychology Today
အတွေးလွန်ခြင်းရဲ့ အနောက်မှာ သံသယတွေက အမြဲပါလာတက်တာပဲ မဟုတ်လား? ချစ်သူနှစ်ဦးကြားမှာ သံသယတွေများလာရင် ပျော်ရွှင်ချိန်တွေ ပျက်စီးရတက်ပါတယ်။ အေးချမ်းမှုတွေနဲ့ ပျော်ရွှင်ရတဲ့ အချစ်ရေး တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆို ကိစ္စတိုင်းမှာ အတွေးလွန်နေတာတွေ ရပ်လိုက်ဖို့ အကြံပြုပါရစေ။
Source : University of Colorado Boulder
Featured Photo : Medium